[Zawgyi] 



Huawei Y7 Pro 2018


Huawei AR Effects




www.akhayar.com


[Unicode] 

FullView Display သုံးထားတဲ့ Huawei Y7 Pro ကသင့်အတွက်ဖြစ်နိုင်မလား

ဖုန်းဆိုရင် Dispaly ကောင်းကောင်း၊ ကြီးကြီးမှ သဘောကျတယ်ဆိုရင် Huawei Y7 Pro 2018 ကို သင်နှစ်သက်မှာ သေခြာပါတယ်။ Huawei ရဲ့ FullView Display ကြောင့်ပိုမိုကျယ်ပြန့်တဲ့ မြင်ကွင်းအတွေ့အကြုံကို သင်ခံစားနိုင်မှာပါ။ လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ ဒီ Y7 Pro 2018 လေးအကြောင်းကို အောက်မှာ အပြည့်အစုံဖော်ပြလိုက်ပါတယ်နော်။ 

Huawei Y7 Pro မှာ RAM 3GB နဲ့ Storage ကတော့ 32 GB ပါဝင်တာဖြစ်တဲ့အပြင် microSD Slot လည်းပါဝင်တာကြောင့် နေ့စဉ်သင်အသုံးပြုတဲ့ App တွေ၊ သီချင်းတွေအပြင် ဓာတ်ပုံတွေကိုပါ လုံလုံလောက်လောက်သိမ်းနိုင်ပါသေးတယ်။ ဓာတ်ပုံနဲ့ပတ်သက်လို့ Y7 Pro မှာ Dual Camera ပါဝင်လို့ ဓာတ်ပုံ Crazy တွေအတွက်တော့ ရှယ်ပါပဲ။ 13MP နဲ့ 2MP ကင်မရာနှစ်လုံးကိုပေါင်းထားတဲ့ Dual Camera ကို LED Flash နဲ့အတူ ဖုန်းရဲ့နောက်ကျောမှာ သပ်ရပ်တဲ့ Design အပြင်အဆင်နဲ့တွေ့ရပါတယ်။

Huawei Y7 Pro 2018

Wide Aperture Mode ကြောင့် ထူးခြားတဲ့အလှအပ တွေကိုဖန်တီးနိုင်ဦးမှာဖြစ်ပါတယ်။ Depth Of Field ကို လိုသလိုပြန်ချိန်လို့ရတာကြောင့် DSLR တွေနဲ့ရိုက်ထားသလို Bokeh Effect လှလှလေးတွေရနိုင်ပါတယ်။ Selfie ချစ်သူတွေအတွက်လည်း Front Camera မှာ Selfie Toning Flash ပါဝင်တာကြောင့် Lighting ကောင်းကောင်းမရတဲ့ နေရာမျိုးမှာတောင် Studio ထဲမှာလို Lighting Effect တွေကိုရနိုင်ပါတယ်။ Selfie တွေကို အရင်ကထက်ပိုလှလာချင်ရင်တော့ Y7 Pro လေးရှိနေမှာဖြစ်မှာနော်။ 

Huawei AR Effects

Huawei AR Lens ဆိုတာလေးကလည်း စိတ်ဝင်စားစရာပါ။ AR နည်းပညာကြောင့် Selfie ရိုက်ရတာ အရင်ကထက် ပိုပျော်ဖို့ကောင်းလာပါပြီ။ နောက်ခံက မလှလို့ နောက်ခံပြောင်းမလား၊ မျက်နှာမှာလည်း အရုပ်လေးတွေထည့်ဦးမလား၊ အဝတ်အစားတွေပဲပြောင်းဦးမလား စိတ်ကူးရှိသလောက် ဖန်တီးလို့ရပါတယ်။ Front Camera နဲ့ Face Unlock Feature ကိုလည်း သုံးလို့ရပါသေးတယ်။ သင့်မျက်နှာလေးက သင့်ဖုန်းရဲ့ Password ပါပဲ။ ဖုန်း Screen ကို အကြည့်လေးတစ်ချက်ပေးလိုက်တာနဲ့ အလွယ်တစ်ကူ Unlock လုပ်နိုင်မှာပါ။ 

FullView Display of Y7 Pro 2018

Huawei Y7 Pro က Pro ဆိုတဲ့အတိုင်းပဲ အသုံးပြုရတာလည်း သွက်သွက်လက်လက်ရှိပါတယ်။ Android 8.0 ကိုအခြေခံထားတဲ့ EMUI 8.0 ကြောင့် သုံးရတာ သွက်သွက်လက်လက်ရှိပါတယ်။ HD+ Resolution နဲ့  ကြီးမားတဲ့ 5.99 Inch FullView Display ကိုကြည့်ရတာ တကယ်ပဲအားရကျေနပ်ဖို့ကောင်းပါတယ်။ သာမန် Screen တွေထက်ပိုမိုကျယ်ပြန့်တာကြောင့် Split-Screen Feature နဲ့ App နှစ်ခုကို တစ်ပြိုင်တည်းအသုံးပြုရတဲ့အချိန်မျိုးမှာ အရမ်းအဆင်ပြေပါတယ်။ Battey အနေနဲ့လည်း 3000mAh ပါဝင်ပြီး Video ကြည့်ရှုချိန် ၁၃ နာရီကြာအထိ အသုံးပြုနိုင်ပါသေးတယ်။ အခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ Huawei Y7 Pro လေးကို သဘောကျတယ်ဆိုရင်တော့ အမြန်သာပြေးဝယ်လိုက်တော့နော်။ 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။