Huawei Mate 20
Huawei Mate 20
Huawei Mate 20
Huawei Mate 20 Pro စမတ်ဖုန်းဟာ လက်ရှိသိရတဲ့ သတင်းတွေအရ ဈေးနှုန်းအနေနဲ့ Base Version ဖြစ်တဲ့ RAM 6GB နဲ့ Storage 128GB ကို ယူရို ၈၉၉ နဲ့ ရောင်းချသွားမှာဖြစ်ပြီးတော့ မနှစ်က Mate 10 Pro နဲ့ ယှဉ်ရင် သိသိသာသာဈေးပိုများလာမှာဖြစ်ပါတယ်။
Ref : Phone Arena
Zawyè (Akhayar) 
www.akhayar.com
[UNICODE]
Huawei ကနေ မနက်ဖြန်မှာ မိတ်ဆက်တော့မယ့် Huawei Mate 20 Series စမတ်ဖုန်းတွေဟာ စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာကို တိုးတက်လာတဲ့ 7nm Architecture သုံး Kirin 980 Processor ကို အသုံးပြုထားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းမှာ လက်ရှိထွက်ထားတဲ့ Android စမတ်ဖုန်းတွေထက် သိသိသာသာကို ပိုသာလာဖို့က သေချာနေပါပြီ။
Huawei Mate 20
ဒါ့အပြင် Hauwei ကနေ Huawei Mate 20 Series ဖုန်းတွေမှာ နောက်ထပ် Feature အသစ်ကိုပါ ထပ်မံမိတ်ဆက်လာဖို့ရှိနေပါတယ်။ ဒါကတော့ Storage ကို ထပ်မံတိုးချဲ့တဲ့နေရာမှာ သာမန် MicroSD Card တွေအစား NanoSD Card တွေကို ပြောင်းလဲအသုံးပြုလာမှာပဲဖြစ်ပါတယ်။
Huawei ရဲ့ အဆိုပါ NanoSD Card တွေက သာမန် MicroSD Card တွေထက်ပိုပြီး သေးငယ်မှာဖြစ်ပြီးတော့ EMMC 4.5 Protocol ကို အသုံးပြုထားမှာဖြစ်တဲ့အတွက် Read Speed အနေနဲ့ 90MB/s အထိ ရရှိမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် စျေးနှုန်းအရတော့ MicroSD Card တွေထက် စျေးပိုကြီးနေမှာဖြစ်ပြီးတော့ 128GB Version ကို ယူရို ၄၉.၉၉ နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိစျေးကွက်ထဲမှာရှိနေတဲ့ MicroSD Card တွေနဲ့ ယှဉ်ရင် စျေးက ၁ဆခွဲလောက်ပိုပြီး များပြားနေတယ်လို့ ပြောလို့ရပါတယ်။
Huawei Mate 20
Huawei ကနေ အခု Huawei Mate 20 Series ဖုန်းတွေကို မနက်ဖြန် အောက်တိုဘာလ ၁၆ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီးတော့ AI နည်းပညာတွေကို အဆင့်မြှင့်တင်ထားတဲ့ Second Generation Neural Processing Unit (NPU) လည်း ပါဝင်မှာပါ။ ဒါ့အပြင် Back Camera ကလည်း ၃ လုံးပါဝင်မှာဖြစ်ပြီးတော့ Huawei P20 Pro နဲ့ မတူညီတဲ့ Wide-Angle Setup ကို အသုံးပြုထားမယ်လို့ သိရပါတယ်။
အခု Huawei Mate 20 စမတ်ဖုန်းတွေက လက်ရှိ Android ဖုန်းတွေထဲမှာ စွမ်းဆောင်ရည်အရ အကောင်းဆုံးဖုန်းဖြစ်လာဖွယ်ရှိနေပြီးတော့ Huawei ကနေ ပိုပြီး ကြီးမားတဲ့ Battery ၊ Wireless Charging နဲ့ 3D Face Unlock လိုမျိုး စနစ်တွေကိုပါ ထည့်သွင်းလာမယ်လို့ ယူဆရပါတယ်။
Huawei Mate 20
Huawei Mate 20 Pro စမတ်ဖုန်းဟာ လက်ရှိသိရတဲ့ သတင်းတွေအရ စျေးနှုန်းအနေနဲ့ Base Version ဖြစ်တဲ့ RAM 6GB နဲ့ Storage 128GB ကို ယူရို ၈၉၉ နဲ့ ရောင်းချသွားမှာဖြစ်ပြီးတော့ မနှစ်က Mate 10 Pro နဲ့ ယှဉ်ရင် သိသိသာသာစျေးပိုများလာမှာဖြစ်ပါတယ်။
Ref : Phone Arena
Zawyè (Akhayar) 
www.akhayar.com