







Samsung


Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Samsung ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက ပြုလုပ်ခဲ့တဲ့ Samsung Developer Conference မှာ လာမယ့်နှစ်မှာ Samsung ကနေ ထုတ်လုပ်သွားမယ့် Infinity Display နည်းပညာတွေကို ပြသသွားခဲ့ပါတယ်။

Samsung Infinity Display

အဲ့ဒီထဲက Infinity Display-O ဟာ လာမယ့် Samsung Galaxy S10 အပြင် Mid Range ဖုန်းတစ်ခုဖြစ်တဲ့ Galaxy A8s ဖုန်းမှာ အရင်ဆုံးအသုံးပြုလာမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အဆိုပါ Infinity Display-O ဟာ ပုံမှန် စမတ်ဖုန်းတွေမှာပါဝင်တဲ့ Display Notch အစား Selfie Camera အတွက်ပဲ Display ရဲ့ ဘယ်ဘက်ထောင့်မှာ အပေါက်ပါဝင်နေတာပဲဖြစ်ပါတယ်။

Samsung Infinity-O Display

အခု Design ဟာ လက်ရှိစမတ်ဖုန်းတွေမှာ Notch တွေပါဝင်နေတာနဲ့ ယှဉ်မယ်ဆိုရင်တော့ သိသိသိသာသာကောင်းတဲ့နည်းလမ်းတစ်ခုဖြစ်ပြီးတော့ Notch ကို မကြိုက်တဲ့သူတွေအတွက် အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။

Huawei Infinity-O Display

ဒါပေမယ့် Samsung က အခုလိုမျိုး Infinity-O Display ကိုသုံးမှာ ပထမဆုံးမဟုတ်တော့တဲ့ပုံစံပါပဲ။ ဘာကြောင့်လဲဆိုရင် Huawei ကနေ Samsung ရဲ့ Infinity-O Display ပုံစံအတိုင်းပဲ စမတ်ဖုန်းအသစ်တစ်ခုကို လာမယ့် ဒီဇင်ဘာလမှာမိတ်ဆက်သွားတော့မှာဖြစ်လို့ပါ။

အခု Huawei ကနေ မိတ်ဆက်လာမယ့် Selfie Camera အတွက် Display အပေါက်နဲ့ စမတ်ဖုန်းဟာ Mid Range ဖုန်းတစ်ခုဖြစ်လာမှာဖြစ်ပြီး Samsung Galaxy A8 ထက်အရင်ထွက်လာမယ့်အပြင် Specification လည်းပိုပြီး သာနိုင်လောက်ပါတယ်။

Samsung

ဘာပဲဖြစ်ဖြစ် Samsung က ဒီ Infinity-O Display နဲ့ Trend ကို စတင်ဖို့ကြိုးစားခဲ့ပေမယ့် Huawei ရဲ့ ကျော်တက်မှုကို ခံရတော့မယ့်ပုံပါပဲ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com