Huawei ကေန ကိုယ္ပိုင္ Processor ေတြကို ထုတ္လုပ္လာတာက အခုဆုိရင္ MediaTek ၊ Snapdragon လုိမ်ိဳး Chips Maker ေတြေလာက္ သက္တမ္းမၾကာေသးေပမယ့္ အခ်ိန္တိုအတြင္း သိသိသာသာကို တုိးတက္လာတာကို မ်က္ျမင္ေတြ႕လာရျပီပဲျဖစ္ပါတယ္။ အခုေနာက္ဆံုး ထြက္ရွိထားတဲ့ Kirin 970 Processor ဟာဆိုရင္လည္း လက္ရွိ Qualcomm Snapdragon 835 လုိ Flagship Processor နီးပါးစြမ္းေဆာင္ရည္ရွိေနတဲ့အတြက္ Huawei ရဲ႕ Kirin Processor ေတြကို ေလ်ာ႔တြက္လုိ႔ မရေတာ့ပါဘူး။

Kirin 970

Huawei ဟာ အခုအခ်ိန္မွာ လာမယ့္ ၾသဂုတ္လ ၃၁ ရက္ေန႔မွာ ျပဳလုပ္မယ့္ IFA 2018 ပြဲမွာ Event တစ္ခုကို ျပဳလုပ္သြားမယ္ဆိုျပီး Invite တစ္ခုကို ေၾကညာလိုက္ပါတယ္။ ျပီးခဲ့တဲ့ႏွစ္ IFA ပြဲမွာ Huawei ကေန Kirin 970 Processor ကို မိတ္ဆက္သြားခဲ့တဲ့အတြက္ ယခုႏွစ္မွာလည္း စမတ္ဖုန္းအသစ္အစား Kirin 980 Processor ကို မိတ္ဆက္သြားဖုိ႔ ရာခုိင္ႏႈန္းမ်ားေနပါတယ္။

Huwaei IFA 2018 Keynote Event

Huawei ရဲ႕ လက္ရွိ Kirin 980 Processor အသစ္ဟာ Apple ရဲ႕ ယခုႏွစ္ iPhone A12 Processor လုိပဲ 7nm Architecture ကို အသံုးျပဳလာမွာျဖစ္ျပီး Apple iPhone အသစ္ေတြမေၾကညာခင္မွာ Huawei က ၾကိဳျပီး မိတ္ဆက္လာမယ္ဆိုရင္ Kirin 980 က ကမၻာ႔ပထမဆံုးေသာ 7nm Architecture အသံုးျပဳထားတဲ့ Mobile Processor လည္းျဖစ္လာေတာ့မွာပါ။

Huawei Kirin 970 Announcement

7nm Architecture ကို အသံုးျပဳထားတာတစ္ခုထဲတင္မဟုတ္ပါဘူး။ Kirin 980 မွာ ပထမဆံုးအေနနဲ႔ ARM ရဲ႕ စြမ္းေဆာင္ရည္အျမင့္ဆံုး Cortex A77 Core ေတြကို အသံုးျပဳလာမွာျဖစ္ျပီး လက္ရွိမွာ အေကာင္းဆံုး Mobile Processor ေတြျဖစ္တဲ့ Snapdragon 845 ၊ Exynos 9810 Processor ေတြထက္ေတာင္ ၂ ဆ ေလာက္စြမ္းေဆာင္ရည္ရွိမယ္လုိ႔ ယူဆရပါတယ္။ ဒါ့အျပင္ Huawei ဟာ Kirin 980 Processor နဲ႔အတူ Mali GPU မဟုတ္တဲ့ ကိုယ္ပိုင္ GPU တစ္ခုကိုလည္း မိတ္ဆက္လာမွာျဖစ္ျပီးေတာ့ အဆိုပါ Huawei ရဲ႕ ကိုယ္ပိုင္ GPU အသစ္ကလည္း လက္ရွိ Snapdragon 845 မွာ ပါဝင္တဲ့ Adreno 630 GPU ထက္ ၅၀ ရာခုိင္ႏႈန္းစြမ္းေဆာင္ရည္ပိုေကာင္းမယ္လုိ႔ သတင္းေတြထြက္ေပၚေနပါတယ္။

Huawei Mate 10 Pro

အခုလုိစြမ္းေဆာင္ရည္ အၾကမ္းစားေတြအျပင္ Huawei က အခု Kirin 980 Processor မွာ AI ပိုင္းဆိုင္ရာ တြက္ခ်က္မႈေတြအတြက္ NPU အသစ္ကိုလည္း ထည့္သြင္းဦးမွာျဖစ္တယ္လုိ႔ သိရပါတယ္။ ဘာပဲျဖစ္ျဖစ္ Kirin 980 Processor သံုးလာမယ့္ Huawei Mate 20 ဖုန္းကေတာ့ စြမ္းေဆာင္ရည္က လက္ရွိ ဖုန္းအားလံုးထက္ သာေနမွာကေတာ့ က်ိန္းေသေနပါျပီ။

Ref : GSMAreana

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Huawei ကနေ ကိုယ်ပိုင် Processor တွေကို ထုတ်လုပ်လာတာက အခုဆိုရင် MediaTek ၊ Snapdragon လိုမျိုး Chips Maker တွေလောက် သက်တမ်းမကြာသေးပေမယ့် အချိန်တိုအတွင်း သိသိသာသာကို တိုးတက်လာတာကို မျက်မြင်တွေ့လာရပြီပဲဖြစ်ပါတယ်။ အခုနောက်ဆုံး ထွက်ရှိထားတဲ့ Kirin 970 Processor ဟာဆိုရင်လည်း လက်ရှိ Qualcomm Snapdragon 835 လို Flagship Processor နီးပါးစွမ်းဆောင်ရည်ရှိနေတဲ့အတွက် Huawei ရဲ့ Kirin Processor တွေကို လျော့တွက်လို့ မရတော့ပါဘူး။

Kirin 970

Huawei ဟာ အခုအချိန်မှာ လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မှာ ပြုလုပ်မယ့် IFA 2018 ပွဲမှာ Event တစ်ခုကို ပြုလုပ်သွားမယ်ဆိုပြီး Invite တစ်ခုကို ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် IFA ပွဲမှာ Huawei ကနေ Kirin 970 Processor ကို မိတ်ဆက်သွားခဲ့တဲ့အတွက် ယခုနှစ်မှာလည်း စမတ်ဖုန်းအသစ်အစား Kirin 980 Processor ကို မိတ်ဆက်သွားဖို့ ရာခိုင်နှုန်းများနေပါတယ်။

Huwaei IFA 2018 Keynote Event

Huawei ရဲ့ လက်ရှိ Kirin 980 Processor အသစ်ဟာ Apple ရဲ့ ယခုနှစ် iPhone A12 Processor လိုပဲ 7nm Architecture ကို အသုံးပြုလာမှာဖြစ်ပြီး Apple iPhone အသစ်တွေမကြေညာခင်မှာ Huawei က ကြိုပြီး မိတ်ဆက်လာမယ်ဆိုရင် Kirin 980 က ကမ္ဘာ့ပထမဆုံးသော 7nm Architecture အသုံးပြုထားတဲ့ Mobile Processor လည်းဖြစ်လာတော့မှာပါ။

Huawei Kirin 970 Announcement

7nm Architecture ကို အသုံးပြုထားတာတစ်ခုထဲတင်မဟုတ်ပါဘူး။ Kirin 980 မှာ ပထမဆုံးအနေနဲ့ ARM ရဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး Cortex A77 Core တွေကို အသုံးပြုလာမှာဖြစ်ပြီး လက်ရှိမှာ အကောင်းဆုံး Mobile Processor တွေဖြစ်တဲ့ Snapdragon 845 ၊ Exynos 9810 Processor တွေထက်တောင် ၂ ဆ လောက်စွမ်းဆောင်ရည်ရှိမယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် Huawei ဟာ Kirin 980 Processor နဲ့အတူ Mali GPU မဟုတ်တဲ့ ကိုယ်ပိုင် GPU တစ်ခုကိုလည်း မိတ်ဆက်လာမှာဖြစ်ပြီးတော့ အဆိုပါ Huawei ရဲ့ ကိုယ်ပိုင် GPU အသစ်ကလည်း လက်ရှိ Snapdragon 845 မှာ ပါဝင်တဲ့ Adreno 630 GPU ထက် ၅၀ ရာခိုင်နှုန်းစွမ်းဆောင်ရည်ပိုကောင်းမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Huawei Mate 10 Pro

အခုလိုစွမ်းဆောင်ရည် အကြမ်းစားတွေအပြင် Huawei က အခု Kirin 980 Processor မှာ AI ပိုင်းဆိုင်ရာ တွက်ချက်မှုတွေအတွက် NPU အသစ်ကိုလည်း ထည့်သွင်းဦးမှာဖြစ်တယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် Kirin 980 Processor သုံးလာမယ့် Huawei Mate 20 ဖုန်းကတော့ စွမ်းဆောင်ရည်က လက်ရှိ ဖုန်းအားလုံးထက် သာနေမှာကတော့ ကျိန်းသေနေပါပြီ။

Ref : GSMAreana

Zawyè (Akhayar) 

www.akhayar.com