[Zawgyi]
Ref; GSMArena
Phone Hay Ko (Akhayar)
www.akhayar.com
[Unicode]
တရုတ်ပြည်တွင်းမှာသာ အသုံးပြုနိုင်တဲ့ Huawei App Gallery ကို Global အဖြစ်ပြောင်းလဲ
Huawei ဟာ Apple နဲ့ Samsung ပြီးရင် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ တတိယမြောက်အကြီးမားဆုံး ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အခြားပြိုင်ဘက်တွေနဲ့မတူညီတဲ့ အားနည်းချက်တစ်ခုလို့ပြောရရင်Huawei ရဲ့ Global ဖုန်းတွေမှာ ကိုယ်ပိုင်  App Store ကိုထည့်သွင်းအသုံးပြုနိုင်ခြင်းမရှိတာပါပဲ။ တရုတ်ပြည်တွင်းမှာသာ အသုံးပြုနိုင်တဲ့ Local App Store ပဲရှိခဲ့ပါတယ်။ ဒါကြောင့် Huawei ဟာ P20 နဲ့ P20 Pro စမတ်ဖုန်းတွေကစလို့ ၎င်းတို့ရဲ့ Global App Store ကို Pre-installed အနေနဲ့စတင်ထည့်သွင်းပေးသွားတော့မှာဖြစ်တယ်လို့ဆိုပါတယ်။ P20 အသုံးပြုမယ့်သူတွေကတော့ ကံကောင်းတယ်လို့ဆိုရမှာပါ။
Huawei ရဲ့ Global App Store မှာ Featured၊ Category၊ Top၊ Manager နဲ့ Me ဆိုတဲ့ Tab 5 ခုပါဝင်မှာဖြစ်ပါတယ်။ Huawei ဟာ တရုတ်ပြည်ရဲ့ အကြီးမားဆုံး စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တာနဲ့အညီ ၎င်းတို့ရဲ့ App Store မှာပါဝင်လာမယ့် App Category တွေဟာ Asia ဈေးကွက်ကိုအခြေခံထားပါတယ်။ ဒါကြောင့် App ရဲ့ Main Suggestion Apps တွေဟာ Google နဲ့ အနောက်ဥရောပနိုင်ငံတွေကို ဦးစားပေးဖော်ပြမှာမဟုတ်ပါဘူး။ Map Navigation အတွက်ဆိုရင် Google Maps အစား Amap၊
Message Communication အတွက် WeChat နဲ့ ဖျော်ဖြေရေးအတွက် QQMusic တို့ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် Facebook၊ Instagram နဲ့ YouTube တို့ကိုလည်းရှာလို့ရပါတယ်။
Huawei စမတ်ဖုန်းအသုံးပြုသူတွေအနေနဲ့ wap2.hispace.hicloud.com ကို Browser ကဝင်လိုက်တာနဲ့ App ကိုအလိုလျှောက် Download ဆွဲပေးမှာဖြစ်ပါတယ်။(စမ်းသပ်ဆဲ) အကယ်၍ App Store ရဲ့ Service တွေကိုအသုံးမပြုချင်ရင် Me Tab မှာရှိတဲ့ Setting မှာပိတ်ထားလို့ရသလို Uninstall ပြန်လုပ်လို့လည်းရပါတယ်။ Download လုပ်ပြီးသား App တွေကတော့ ပျက်သွားမှာမဟုတ်ပဲ ဖုန်းမှာကျန်နေခဲ့မယ်လို့ဆိုပါတယ်။
Ref; GSMArena
Phone Hay Ko (Akhayar)
www.akhayar.com