Huawei အတြက္ OLED Display ေတြ စတင္ေထာက္ပံ့ေပးေနတဲ့ LG

လက္ရွိအခ်ိန္မွာ အေကာင္းဆံုး စမတ္ဖုန္း Display လို႔ ဆုိလုိက္ရင္ Samsung ကိုပဲ ေျပးျမင္မိမွာပါ။ Samsung က လက္ရွိထုတ္လုပ္ေနတဲ့ OLED Display ေတြဟာ လက္ရွိမွာအေကာင္းဆံုးေသာ OLED Display ေတြလုိ႔ ေျပာလုိ႔ရျပီးေတာ့ Samsung ဖုန္းေတြအျပင္ Apple iPhone X ၊ OnePlus 5T နဲ႔ အျခားေသာ စမတ္ဖုန္းေတြအမ်ားအျပားမွာလည္း အသံုးျပဳေနၾကတာျဖစ္ပါတယ္။

ဒါေပမယ့္ တဖက္မွာေတာ့ Samsung Display ရဲ႕ ျပိဳင္ဘက္ျဖစ္တဲ့ LG ကလည္း OLED Display ေတြကို ထုတ္လုပ္ေနေပမယ့္ LG V30 ဖုန္းမွာထဲက နာမည္ေကာင္းမရခဲ့ပဲ ေနာက္ပိုင္းမွာ Google Pixel 2 XL အတြက္ LG ကေန OLED Display ေတြ ေထာက္ပံ့ျပီးေနာက္ပိုင္းမွာ Display ပိုင္း ျပႆနာေတြရွိခဲ့တာပဲျဖစ္ပါတယ္။

အဲ့ဒီအတြက္ LG ဟာ မႏွစ္ကေတာ့ Display ပိုင္းမွာ ျပႆနာေတြရွိခဲ့ေပမယ့္လည္း အခုအခ်ိန္မွာေတာ့ Huawei အတြက္လည္း LG ကေန OLED Display ေတြေထာက္ပံ့ေပးေနပံုပါပဲ။ ဘာျဖစ္လုိ႔လဲဆိုရင္ Huawei ကေန ေဒၚလာ ၂၀၀၀ တန္ Huawei Mate RS Porsche Design စမတ္ဖုန္းမွာ LG ရဲ႕ OLED Display ကို အသံုးျပဳထားတာပဲျဖစ္ပါတယ္။

အခုလုိမ်ိဳး Huawei ကေန LG ရဲ႕ OLED Display ကို အသံုးျပဳတာက ပထမဆံုးျဖစ္ျပီးေတာ့ တစ္ခုထူးျခားတာကေတာ့ Huawei Mate RS စမတ္ဖုန္းက Under Display Fingerprint Sensor ကို အသံုးျပဳထားတာျဖစ္တဲ့အတြက္ LG ရဲ႕ OLED Display က Under-Display Fingerprint Sensor ကို ေထာက္ပံ့ေပးႏုိင္ေနျပီလုိ႔ ေျပာလုိ႔ရပါတယ္။ ဒါက လက္ရွိအခ်ိန္မွာေတာင္ Samsung OLED Display ေတြမွာ Under-Display Fingerprint Sensor ကိုအသံုးျပဳထားျခင္းမရွိေသးတဲ့အတြက္ Samsung ထက္ LG က နည္းပညာပိုျမင့္ေနလားဆုိတာကို ေမးခြန္းထုတ္စရာပါ။

Huawei ကေန Mate RS ဖုန္းမွာ LG Display ေတြကို အသံုးျပဳလာတာက LG ရဲ႕ ေနာက္ထြက္လာမယ့္ စမတ္ဖုန္းမွာ Under-Display Fingerprint Sensor ပါလာႏုိင္မလားဆုိတာကို ဆက္ျပီးေစာင့္ၾကည့္ရမွာပါ။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

လက်ရှိအချိန်မှာ အကောင်းဆုံး စမတ်ဖုန်း Display လို့ ဆိုလိုက်ရင် Samsung ကိုပဲ ပြေးမြင်မိမှာပါ။ Samsung က လက်ရှိထုတ်လုပ်နေတဲ့ OLED Display တွေဟာ လက်ရှိမှာအကောင်းဆုံးသော OLED Display တွေလို့ ပြောလို့ရပြီးတော့ Samsung ဖုန်းတွေအပြင် Apple iPhone X ၊ OnePlus 5T နဲ့ အခြားသော စမတ်ဖုန်းတွေအများအပြားမှာလည်း အသုံးပြုနေကြတာဖြစ်ပါတယ်။

ဒါပေမယ့် တဖက်မှာတော့ Samsung Display ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ LG ကလည်း OLED Display တွေကို ထုတ်လုပ်နေပေမယ့် LG V30 ဖုန်းမှာထဲက နာမည်ကောင်းမရခဲ့ပဲ နောက်ပိုင်းမှာ Google Pixel 2 XL အတွက် LG ကနေ OLED Display တွေ ထောက်ပံ့ပြီးနောက်ပိုင်းမှာ Display ပိုင်း ပြဿနာတွေရှိခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် LG ဟာ မနှစ်ကတော့ Display ပိုင်းမှာ ပြဿနာတွေရှိခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ Huawei အတွက်လည်း LG ကနေ OLED Display တွေထောက်ပံ့ပေးနေပုံပါပဲ။ ဘာဖြစ်လို့လဲဆိုရင် Huawei ကနေ ဒေါ်လာ ၂၀၀၀ တန် Huawei Mate RS Porsche Design စမတ်ဖုန်းမှာ LG ရဲ့ OLED Display ကို အသုံးပြုထားတာပဲဖြစ်ပါတယ်။

အခုလိုမျိုး Huawei ကနေ LG ရဲ့ OLED Display ကို အသုံးပြုတာက ပထမဆုံးဖြစ်ပြီးတော့ တစ်ခုထူးခြားတာကတော့ Huawei Mate RS စမတ်ဖုန်းက Under Display Fingerprint Sensor ကို အသုံးပြုထားတာဖြစ်တဲ့အတွက် LG ရဲ့ OLED Display က Under-Display Fingerprint Sensor ကို ထောက်ပံ့ပေးနိုင်နေပြီလို့ ပြောလို့ရပါတယ်။ ဒါက လက်ရှိအချိန်မှာတောင် Samsung OLED Display တွေမှာ Under-Display Fingerprint Sensor ကိုအသုံးပြုထားခြင်းမရှိသေးတဲ့အတွက် Samsung ထက် LG က နည်းပညာပိုမြင့်နေလားဆိုတာကို မေးခွန်းထုတ်စရာပါ။

Huawei ကနေ Mate RS ဖုန်းမှာ LG Display တွေကို အသုံးပြုလာတာက LG ရဲ့ နောက်ထွက်လာမယ့် စမတ်ဖုန်းမှာ Under-Display Fingerprint Sensor ပါလာနိုင်မလားဆိုတာကို ဆက်ပြီးစောင့်ကြည့်ရမှာပါ။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com