



Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Huawei ကနေ လက်ရှိအချိန်မှာ Smartwatch တွေကို ထုတ်လုပ်နေသေးတဲ့ Mobile ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Huawei ကနေ အခုအချိန်မှာတော့ လက်ရှိ Smartwatch တွေကို တခေတ်ဆန်းပြီး ပြောင်းလဲစေမယ့် နည်းပညာတစ်ခုကို ပြုလုပ်ဖို့ စဉ်းစားနေပုံပါပဲ။

Huawei ဟာ ဖုန်းနဲ့ ချိတ်ဆက်ပြီး အသုံးပြုလို့ရတဲ့ Huawei TalkBand B1 ကို လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ထဲက ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ အခုအချိန်မှာတော့ အဆိုပါ TalkBand Concept ကို အမှန်တကယ်ထုတ်လုပ်ဖို့ စိတ်ကူးနေပြီပဲဖြစ်ပါတယ်။ အဲ့ဒီ Concept ကတော့ ဒီ Smartwatch ကနေ ဖုန်းပြောဖို့ Earpiece ကိုပါ တခါထဲ ထည့်သွင်းထားတာပါ။

အခု Huawei ရဲ့ Earpiece ကို ထည့်သွင်းထားတဲ့ TalkBand ကို Huawei ကနေ TalkBand B4 လို့ နာမည်ပေးထားပြီးတော့ လက်ရှိအချိန်မှာ နာမည်ကြီး Leaks တွေထုတ်ပေးနေကြ Evan Blass ကနေ အခု Huawei TalkBand B5 ရဲ့ ဓါတ်ပုံကို ဖော်ခြဲ့တာပဲဖြစ်ပါတယ်။ အခု ဓါတ်ပုံအရ Huawei ဟာ အခု TalkBand B5 ကို Metal Body Casing ၊ Leather ကြိုးတွေနဲ့ ပြုလုပ်ထားပြီးတော့ ထူးခြားချက်အနေနဲ့ ဖုန်းပြောချင်ရင် Display က Earpiece အနေနဲ့ပါ ထုတ်ပြီးတော့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Huawei ဟာ အခု TalkBand B5 Smartwatch ကို Concept အနေနဲ့ ဖြစ်နေမှာလား၊ ဒါမှမဟုတ် တကယ်ဈေးကွက်အတွင်းမှာ ရောင်းချသွားမှာလားဆိုတာကတော့ စိတ်ဝင်စားစရာကောင်းနေပြီဖြစ်ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com