Huawei ကနေ ဒီနှစ်ထဲမှာပဲ Foldable Phone ဖြစ်တဲ့ Huawei Mate X စမတ်ဖုန်းကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ Huawei ကနေ အဆိုပါ Huawei Mate X ကို လာမယ့် ၂၀၁၉ နှစ်လယ်ပိုင်းမှ ရောင်းချမှာဖြစ်ပေမယ့် Huawei ကတော့ ဒီ Foldable Phone တွေအပေါ် ရည်မှန်းချက်ကြီးကြီးမားမားရှိတဲ့ပုံပါပဲ။

Huawei Mate X

Huawei က လောလောဆယ် လာမယ့် ဇွန်လ ၂၀၁၉ ခုနှစ်မှာ Huawei Mate X ကို ဒေါ်လာ ၂၆၀၀ ဝန်းကျင်နဲ့ ရောင်းချမယ့်အတွက် ဈေးများနေတယ်လို့ ပြောနိုင်ပေမယ့် Huawei ကတော့ လာမယ့် ၂ နှစ်အတွင်းမှာ ဒီ Foldable Phone တွေက သာမန် Flagship ဖုန်းတွေထက် ဈေးပိုကြီးနေမှာမဟုတ်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

Huawei ရဲ့ ပြောကြားချက်အရတော့ ဒီ Foldable Phone တွေက လာမယ့် ၂ နှစ်အတွင်းမှာ ဈေးကျသွားမှာဖြစ်တဲ့အတွက် ၂၀၂၁ ကြရင် Huawei က ထုတ်လုပ်မယ့် Flagship ဖုန်းတွေရဲ့ ထက်ဝက်က Foldable Phone တွေပဲဖြစ်သွားမယ်လို့ ပြောလိုက်ပါတယ်။ အခုလိုမျိုး Foldable Flagship ဖုန်းတွေက ခေါက်ထားတဲ့အချိန်မှာ လောလောဆယ်ထွက်ရှိထားတဲ့ Huawei P30 Pro နဲ့ Mate 20 Pro ဖုန်းတွေထက်တောင် ပိုပြီး Compact ဖြစ်ဦးမယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။

Huawei Mate X

ဘာပဲဖြစ်ဖြစ် Huawei က ဒီနှစ်ပိုင်းတွေမှာ သိသိသာသာကို တိုးတက်လာပြီးတော့ များစွာသော Innovation တွေကို စမတ်ဖုန်းတွေမှာ ထည့်သွင်းလာတာလည်းဖြစ်ပါတယ်။ ဒီလိုမျိုး Foldable Phone တွေကို Flagship Phone တွေအဖြစ် တွန်းအားပေးနေတဲ့အတွက်လည်း နောက်ပိုင်းမှာ ဒီ Foldable Phone တွေက အနာဂတ်ဖြစ်လာနိုင်ပါတယ်။

Ref : Phone Arena