[Zawgyi] 






Ref: Huawei 

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

ကင်မရာလေးလုံးနဲ့ပွဲထွက်လာခဲ့တဲ့ Huawei Y9 2018

စမတ်ဖုန်းတွေကြားမှာ Camera တွေနဲ့ပတ်သက်လို့ယှဉ်ပြိုင်မှုတွေအများကြီး ဖြစ်ခဲ့ပြီးနောက် Huawei ဖုန်းတွေက ပရိတ်သတ်တွေကြားမှာအခိုင်အမာရပ်တည်နိုင်ခဲ့ပါတယ်။ Huawei ရဲ့ 2018 အတွက် Y Series အသစ်အနေနဲ့ ကင်မရာလေးလုံးပါတဲ့ Y9 ကိုမိတ်ဆက်ခဲ့ပါတယ်။ လှပတဲ့ Body Design ၊ Huawei ရဲ့ EMUI 8.0 ၊ Android 8.0 တို့နဲ့ အတူ ပွဲထွက်လာခဲ့တဲ့ Y9 2018 လေးကို သင်စိတ်ဝင်စားမှာသေချာပါတယ်။

AR Sticker လေးတွေနဲ့ Background လေးတွေပြောင်းပြီးစိတ်ကြိုက် Selfie ရိုက်ကြမယ်

Huawei Y9 ကိုတော့ 5.93 Inch 18:9 Ratio ရှိတဲ့ FullView Display နဲ့အတူ Hisilicon Kirin659 Chipset ၊ 3 GB RAM + 32 GB Storage တို့နဲ့တွေ့ရမှာဖြစ်ပါတယ်။ Main Camera တွေအနေနဲ့ 13 MP နဲ့ 2 MP နှစ်လုံးကိုတပ်ဆင်ပေးထားမှာဖြစ်ပြီး Front (Selfie) Camera တွေအနေနဲ့တော့ 16 MP နဲ့ 2 MP နှစ်လုံးကိုတပ်ဆင်ပေးထားမှာပဲဖြစ်ပါတယ်။ Portrait Mode မှာလည်း နှစ်သက်သလို Depth Of Field ကိုပြန်လည်ချိန်ညှိလို့ရတာကြောင့် ဓာတ်ပုံလှလှလေးတွေကို အလွယ်တစ်ကူရိုက်နိုင်မှာဖြစ်ပါတယ်။ Front Camera နှစ်လုံးကြောင့် Selfie Protrait ရိုက်နိုင်တဲ့အပြင် AR Sticker လေးတွေနဲ့လည်း စိတ်ကြိုက် Selfie လှလှလေးတွေဖန်တီးလို့ရပါသေးတယ်။ နောက်ထပ် Feature တစ်ခုအနေနဲ့ကတော့ Background ကိုပါပြောင်းလဲပေးနိုင်တဲ့ AR Background ပါဝင်တာကြောင့် နောက်ခံကိုသင်နှစ်သက်ရာလေးတွေရွေးလို့ရပါသေးတယ်။ ဓာတ်ပုံဝါသနာရှင် ဆယ်ကျော်သက်လေးတွေအတွက်တော့ အကောင်းဆုံး စမတ်ဖုန်းလေးတစ်လုံးအနေနဲ့ Y9 ကကြိုဆိုနေမှာပါ။ 

Huawei Y9 2018  ရဲ့ FullView Display က သင့်အတွက်အမြဲအဆင်သင့်ဖြစ်နေမှာပါ

Game ဆော့ချင်သူတွေအတွက်လည်း ကျယ်ပြန့်လှတဲ့ Huawei ရဲ့  FHD+ Resolution ရှိတဲ့ 18:9 Ratio FullView Display နဲ့အတူ 4000 mAh ရှိတဲ့ Battery ပါဝင်တာကြောင့် ပိုလည်းမြင်ရတယ် ပိုလည်းကြာကြာဆော့ရပါတယ်။ Video ကြည့်ချင်သူတွေအတွက်လည်း ၁၄ နာရီဆက်တိုက်တောင်ကြည့်လို့ရနိုင်တာကြောင့် ရုပ်ရှင်ဇာတ်ကားတွေကို အားတစ်ခါသွင်းပြီးတိုင်း တစ်ဝကြီးကြည့်နိုင်ပါသေးတယ်။ ကြီးမားတဲ့ 4000 mAh Battery ပါဝင်တဲ့အပြင်  Huawei ရဲ့ EMUI 8.0 ကလည်း စွမ်းအင်အသုံးပြုမှုနည်းတာကြောင့် Battery Life နဲ့ပတ်သက်လို့တော့ သင့်အနေနဲ့စိတ်ပူစရာမလိုပါဘူး။ 4000 mAh Battery ကြောင့် သင့်ရဲ့ Y9 လေးကနေအခြားဖုန်းကို OTG Cable နဲ့အားပြန်သွင်းပေးလို့ရတဲ့အတွက် အရေးပေါ်အချိန်တွေမှာ တော်တော်လေးအထောက်အကူဖြစ်ပါတယ်။ Security ပိုင်းအနေနဲ့လည်း Face Unlock ကနေ Fingerprint အထိအပြည့်အစုံပါဝင်တာကြောင့် သင်နှစ်သက်ရာကိုသုံးနိုင်ပါသေးတယ်။ Huwei Y9 ကတော့ လူငယ်တွေအတွက် အကောင်းဆုံးနေ့စဉ်သုံး စမတ်ဖုန်းတစ်လုံးဖြစ်တယ်ဆိုတာ အထူးပြောစရာမလိုတော့ပါဘူး။
Ref: Huawei 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။