Huawei ကနေ အခုနောက်ပိုင်းမှာ Huawei MateBook Series အနေနဲ့ စွမ်းဆောင်ရည်မြင့် Laptop တွေကို ဆက်တိုက်ထုတ်လုပ်လာပြီးတော့ အခုအချိန်မှာလည်း Announcement ကြီးကြီးမားမားမပြုလုပ်ဘဲ MateBook အသစ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။

အခုမိတ်ဆက်လိုက်တဲ့ Huawei MateBook ကတော့ MateBook E 2019 လို့ နာမည်ပေးထားပြီး ထူးခြားချက်ကတော့ ပုံမှန် Intel Processor တွေအစား Qualcomm ရဲ့ Snapdragon 850 Processor ကို အသုံးပြုထားတာဖြစ်ပါတယ်။ အဆိုပါ Qualcomm Snapdragon 850 Processor ဆိုတာ မနှစ်တုန်းက Qualcomm ကနေ Windows 10 အသုံးပြု Laptop တွေအတွက် Snapdragon 845 ကို Overclock ပြုလုပ်ထားတဲ့ Processor တစ်ခုပဲဖြစ်ပါတယ်။

အခု Huawei MateBook E 2019 က Laptop တစ်ခုထက် Tablet ဒါမှမဟုတ် Convertible ပုံစံဖြစ်နေပြီးတော့ Display ကို အောက်က Keyboard Kickstand ကနေ ခွဲထုတ်ပြီး Tablet တစ်ခုအနေနဲ့ အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။ Snapdragon 850 Processor ကြောင့် eSIM ကို Support ပြုလုပ်ပြီးတော့ Always On LTE ကြောင့် အမြဲတမ်း Internet ကို အသုံးပြုနေနိုင်မှာပါ။

Huawei MateBook E 2019 က 12″ QHD 3:2 Display ကို အသုံးပြုထားပြီးတော့ RAM 4GB | 128GB Storage သို့မဟုတ် RAM 8GB | 256GB Storage နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Huawei ကနေ အခု MateBook E 2019 အတွက် Pressure Level 2,048 အထိ Sensitivity ရှိတဲ့ M-Pen ကိုပါ ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

Huawei ကတော့ အခု MateBook E 2019 ကို ဈေးနှုန်းအနေနဲ့ Yuan 3,999 ($600 ဝန်းကျင်) နဲ့ရောင်းချသွားမှာဖြစ်ပြီးတော့ ဘာပဲဖြစ်ဖြစ် Internet အမြဲတမ်း အသုံးပြုဖို့လိုအပ်နေပြီးတော့ သာမန် Office နဲ့ စာစီစာရိုက်ပဲ အသုံးပြုမယ့်သူတွေအတွက်ကတော့ ဒီ MateBook E 2019 က တော်တော်လေးကို တန်တယ်လို့ ပြောလို့ရပါတယ်။

Ref : GSMArena