ဒီအကြောင်းမပြောခင် အစပျိုးချင်တာက အမျိုးသားလုံခြုံရေးထိပါးနိုင်တယ်လို့ အမေရိကန်အစိုးရ စွပ်စွဲဖူးတာ မှတ်မိဦးမယ်ထင်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာမတိုင်ခင် စတင်ခဲ့တဲ့ နိုင်ငံရေးတိုက်ပွဲဆိုမယ့် ပါဝါပိုရှိတဲ့ US က Huawei Network ပစ္စည်းတွေ တရားဝင်ပိတ်ပင်ပစ်ခဲ့တာပါ။

President Trump

ဒီကစလို့ တကမ္ဘာလုံး Huawei အပေါ် အာရုံရောက်လာခဲ့ပြီး Trump ရဲ့ ကုန်သွယ်ရေးတိုက်ပွဲမစခင် ဥရောပနိုင်ငံတချို့မှာပါ Huawei ၊ ZTE ထုတ်ကုန်တချို့ Ban လာတဲ့ထိ Security Threat ဖြစ်စေခဲ့တာပါ။

Trade War မီးလုံးပြင်းထန်လာတဲ့နောက်ပိုင်း အမေရိကန် ထောက်လှမ်းရေးက အီရတ်မြေမှာ တရားမဝင်ကုန်သွယ်နေတဲ့ Huawei CFO ကို Tracking လုပ်နိုင်ခဲ့ပြီး အခုဆိုရင် ဥရောပနဲ့ အမေရိကန်မှာ အခြေနေမလှဖြစ်နေရပါတယ်။

Huawei CFO: Meng

ဒါပေမယ့် အမေရိကန်အစိုးရ ဘယ်လိုပဲ Break Down လုပ်လုပ် ဖြိုခွဲဖို့မရဘူးလို့ Executive “Liang Hua” ပြောဆိုခဲ့သလို ပြဿနာအရှုပ်ထွေးတွေထဲက အကြောင်းပြချက်တခုပေါ်လာခဲ့ပါပြီ။ အဲ့ဒါကတော့ နိုင်ငံတာနဲ့ ဆက်သွယ်နေတဲ့ Network တွေမှာ Backdoors Access ပေးဖို့ Huawei ကို ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဒီတောင်းဆိုချက်နဲ့ ပတ်သက်လို့လည်း Liang Hua ငြင်းဆိုထားပါပြီ။

Huawei Chairman: Ren Zhengfei

ဒီအချက်ကြီးက တရုတ်အမျိုးသားလုံခြုံရေးနဲ့ဆက်နွယ်တဲ့ Security Concern ဖြစ်လို့ Huawei ငြင်းလိုက်တာ အဖြေ ၂ မျိုးရှိနိုင်ပါတယ်။ တရုတ်နိုင်ငံရေး Policy ၊ ဥပဒေနဲ့ ပတ်သက်လို့ Independent ဖြစ်နေတဲ့ Huawei က လက်ရှိရင်ဆိုင်နေရတဲ့ အခြေနေရှောင်လွဲဖို့ ငြင်းလိုက်တာဖြစ်နိုင်သလို Negative ဘက်ကကြည့်မယ်ဆိုရင် နိုင်ငံရေးနွယ်နေတဲ့အတွက် လှည့်ကွက်လည်း ဖြစ်နိုင်ပါတယ်။

Huawei Executive: Liang Hua

သတင်းမီဒီယာတွေကလက်ရှိဖြစ်ပွားနေတဲ့ Trade War ကြောင့် Huawei Equipment တွေ နာမည်ဆိုးနဲ့ သတင်းထွက်နေသလို Domino ကစားသလို တနိုင်ငံပြီးတနိုင်ငံ ဆက်တိုက် Ban နေတဲ့တွက် Liang Hua ငြင်းဆန်ခဲ့တာ မပေးချင်လို့မဟုတ်ဘဲ မတရားဖိအားများလွန်းပြီး တဖက်မျက်နှာလှည့်လိုက်ရင် တကမ္ဘာလုံးကို ဆန့်ကျင်တဲ့အနေထားဖြစ်သွားနိုင်တယ် ထင်ပါတယ်။

Credit: Corbin Davenport
Source: Bloomberg

Related News

1. Huawei ကို US မဖြိုခွဲနိုင်ဘူးလို့ ဥက္ကဋ္ဌကြီးကိုယ်တိုင်ပြောလိုက်ပြီ
2. Trump ရဲ့ ကုန်သွယ်မီးက Apple ရော Samsung ၊ LG ၊ Nvidia ကိုပါ ကူးစက်နေပြီ
3. Huawei CFO ဖမ်းခံရမှုကြောင့် အမေရိကန်နဲ့ တရုတ်ကုန်သွယ်ရေးတိုက်ပွဲပြင်းထန်နေပြီ
4. U.S က $257 ဘီလီယံတန်ကြေးရှိတဲ့ ထုတ်ကုန်တွေကို Tax 25% တိုးကောက်တော့မယ်
5. Trade War ကြောင့် ကုမ္ပဏီအိမ်မက် ပျက်စီးသွားရပြီဆိုတဲ့ Jack Ma
6. U.S အမျိုးသားလုံခြုံရေးအတွက် သမ္မတကိုယ်တိုင် တားမြစ်လိုက်တဲ့ Huawei နဲ့ ZTE