အမေရိကန်အစိုးရ တနည်းနည်းနဲ့ တုံ့ပြန်လာမယ်လို့ ကြိုသိနေခဲ့တဲ့အတိုင်း မ Ban ခင်ကတည်းက Huawei ပြင်ဆင်ပြီးသားလို့ပဲ စကားစရပါလိမ့်မယ်။ သမ္မတ Trump ရဲ့ Executive Order အသက်ဝင်လာတဲ့နောက်ပိုင်း Google ကနေ Android OS လိုင်စင် ကို ပိတ်သိမ်းခဲ့ပါတယ်။ အဲ့ဒီမှာ Open Source License Cover မရှိတဲ့ PlayStore ၊ Gmail နဲ့ YouTube စတဲ့ Apps တွေလည်း Blacklist ထဲပါသွားလို့ Google ရဲ့ Official Support မရတော့ဘူးလို့လည်း သုံးသပ်ရမှာပါ။

ဒီကြားထဲမှာ ARM ၊ Intel ၊ Qualcomm နဲ့ တခြား Chip Manufacturer တွေပါ Ban ခဲ့သလို Wi-Fi Alliance နဲ့ SD Association တို့က Membership Program က ဖယ်ရှားခဲ့တဲ့အထိ ဆိုးရွားနေခဲ့တာပါ (လတ်တလော သတင်းတွေအရ Huawei ကို Member အဖြစ် SD Association ပြန်ထည့်သွင်းလိုက်ပြီလို့ ပြောနေပေမယ့် သေချာရင် ဆောင်းပါးတခုနဲ့ တင်ဆက်သွားပါ့မယ်)

Photo (The Verge)

အခုအကြောင်းရာမှာတော့ Google ၊ Windows OS ကို မမီခိုဘဲ ကိုယ်ပိုင် OS တခုနဲ့ ရပ်တည်သွားမယ်ဆိုတဲ့ သတင်းပါပဲ။ အစောပိုင်းတုန်းက HongMeng လို့ Rumour ထွက်နေခဲတာဖြစ်ပေမယ့် Huawei Patent အရ ARK OS ဖြစ်လာမယ်လို့ E.U ရဲ့ Intellectual Property အရ သိရပါတယ်။

သိရသလောက်ဆိုရင် ဥရောပဈေးကွက်ဟာ Huawei အတွက် Viable Source ဖြစ်နေသလို အခုလို Patent Filling လုပ်တာနဲ့ပတ်သက်လို့ အမေရိကရဲ့ မဟာမိတ်အဖွဲ့ဝင် ဥရောပနိုင်ငံတွေ မတရားပိတ်ဆို့တာမျိုး ကင်းလွတ်ဖို့အတွက်လည်း ပါဝင်တယ်ဆိုပါတယ်။ ARK OS မူပိုင်ခွင့်တင်တာနဲ့ ပတ်သက်လို့ အခက်ခဲမရှိ ဖြတ်ကျော်နိုင်မယ်လို့ ခန့်မှန်းရပေမယ့် တကယ်တမ်း ခေါင်းစားရမှာက Developer Support နဲ့ Strong OS ဖြစ်လာနိုင်မလားဆိုတာပါပဲ။

Photo: My Next Tablet

ဘာလို့ဒီလိုပြောရသလဲဆိုရင် Android နဲ့ iOS ကို မမီခိုတဲ့ Windows Mobile OS ဟာ Structure ပိုင်းအရ PC နဲ့ Mobile Device တွေကို ပိုချိတ်ဆက်ပေးနိုင်တယ်၊ ပိုကောင်းတယ်ဆိုပေမယ့် အဆုံးသတ်ခဲ့ရပါပြီ။ အဲ့ဒါရဲ့ ပြဿနာအရင်းမြစ်က Supplier မရှိတာပဲဖြစ်လို့ ARK OS အတွက်ရော ဘယ်လို ဖြစ်လာနိုင်မလဲ။ ပြောနိုင်တာတခုက ပိုကောင်းတယ်ဆိုတဲ့ Windows OS တောင် ဒီအခက်ခဲကြောင့်ပဲ နှုတ်ဆက်သွားရတာမို့ Iron Man ရဲ့ Arc Reactor လို မရှိမဖြစ် အရေးပါတဲ့ OS ဖြစ်လာနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

Source: NoteBookCheck
2B (Akhayar)
www.akhayar.com