Huawei P9 နဲ့ P9 Plus ဖုန်းတွေအတွက် Android 8.0 Oreo Update ရရှိတော့မည်





Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Huawei ကနေ ယခင်တုန်းက Android 8.0 Oreo ကို အခြေခံထားတဲ့ EMUI 8.0 ကို Update လုပ်ပေးမယ့် Devices List တွေကို ထုတ်ပြန်ခဲ့ပြီးတော့ အဆိုပါ List အရတော့ Huawei P10 ၊ P10 Plus ၊ Mate 9 နဲ့ Mate 9 Pro စမတ်ဖုန်းတွေပဲပါဝင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် ပြီးခဲ့တဲ့ နှစ်နှစ်က ထွက်ရှိခဲ့တဲ့ Huawei P9 နဲ့ P9 Plus ဟာ Android Oreo ကို ရရှိမှာမဟုတ်ဘူးလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါသေးတယ်။ ဒါပေမယ့်အခုအချိန်မှာတော့ Huawei ရဲ့ Product Manager ကနေ တရုတ်နိုင်ငံ Forum တွေမှာ Huawei P9 နဲ့ P9 Plus ဖုန်းတွေကပါ Android Oreo ကို အခြေခံထားတဲ့ EMUI 8.0 ကို Update ရရှိမယ်လို့ ပြောကြားလိုက်ပြီပဲဖြစ်ပါတယ်။

Huawei ကနေ အခု Update ကိုဘယ်အချိန်မှာ Update လုပ်နိုင်မလဲဆိုတာကိုပြောကြားခဲ့ခြင်းမရှိပေမယ့် အခုအချိန်အထိ Huawei P10 နဲ့ Mate 9 စမတ်ဖုန်းတွေကို Android Oreo Update ထုတ်ပေးခြင်းမရှိတဲ့အတွက် P9 အတွက်ကတော့ အချိန်ကြာဦးမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei အနေနဲ့ ထွက်ရှိတာအချိန် နှစ်နှစ်ကြာပြီဖြစ်တဲ့ဖုန်းကို Android Version Update ပေးတာကတော့ ကျေနပ်စရာပါပဲ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com