စမတ်ဖုန်းတလုံးအတွက် ကင်မရာ မပါမဖြစ် အရေးကြီးဆုံးဖြစ်နေပြီမို့ ဘယ်ဖုန်းပဲလာလာ ဈေးကြီးသည်၊ နည်းသည်ဖြစ်စေ ကင်မရာ ကောင်းလား? Portrait ကောင်းလား Selfie ရောဘယ်လိုလဲ စိတ်အဝင်စားကျဆုံးပါ။ ဒီလို မိုဘိုင်း Photography လောကကြီးက အသက်သွေးကြောလိုဖြစ်နေပြီမလို့ ကင်မရာမကောင်းရင် အရာမရောက်တဲ့သဘောတောင် ဖြစ်နေပါပြီ။

ဒီဆောင်းပါးလေးမှာ ဖော်ပြသွားမယ့် အကြောင်းရာလေးကတော့ Low Light ပြိုင်ပွဲမှာ ဘယ်ဖုန်းအကောင်းဆုံးဖြစ်မလဲပါ။ သီအိုရီအရ Aperture နည်းရင် အလင်းဝင်အားကိုကောင်းတယ်ဆိုပေမယ့်လို့ နည်းပညာအရ Low Light မှာ ဘယ်လိုစွမ်းဆောင်နိုင်သလဲ Pixel 3 နဲ့ သိပြီးသားဖြစ်ကြမှာပါ။

Image (Android Authority)

ပြောရမယ်ဆိုရင် Software Magic နဲ့ AI Algorithmic နည်းပညာသုံးပြီး ညဖက်တွေမှာ အလှဆုံးရိုက်ချက်တွေကို ထုတ်ပေးတာပါ။ Super Human Vision ရထားသလို Exposure Time နည်းနည်းနဲ့ လုပ်ပြနိုင်တာ Google ကို အရင်ဆုံး ချီးကျူးရဦးမှာပါ။

Pixel 3 Night Sight

Single Lens တခုထဲနဲ့ Detail Loss လည်းနည်း၊ အရောင်ထွက်လည်း စိုပြေညက်ညောတဲ့ ပုံရိပ်ဖမ်းယူနိုင်တာကိုက Pixel တွေရဲ့ စွမ်းအားမြင့်လက်နက်လိုပါပဲ။ ဒါပေမယ့် Basic Attempt ချင်းမတူတဲ့ Huawei P30 Pro ထွက်လာတဲ့အခါမှာတော့ Google လည်း မနေသာတော့ပါဘူး။

Image (The Verge)

Sample ပုံတွကို The Verge ကနေ ဖော်ပြထားတာဖြစ်ပြီး မြင်ရတဲ့အတိုင်း အလင်းရောင် နည်းလေလေ P30 စွမ်းဆောင်ရည် အံမခန်းဖြစ်လေလေပါ။

Image (The Verge)

တချို့နေရာတွေမှာ Pixel တွေလောက် Exposure Time မများသလို Detail Loss ပိုနည်းတယ်။ ပုံရိပ်တွေက Wash Out ဖြစ်မနေဘဲ Blurry နည်းတယ်။

Image (The Verge)

ဒီလို P30 Pro ပိုကောင်းတယ်ဆိုမယ့် နေရာတိုင်းတော့ မဟုတ်ပါဘူး။ Outdoor မှာဆိုရင် Pixel 3 ပုံရိပ်တွေ ပိုညက်ညောနေလို့ Software Based နဲ့ Hardware Based ဘယ်နေရာမှာ စကားပြောနေလဲ ရေးရေးလေး သဘောပေါက်ပြီထင်ပါတယ်။

Image (The Verge)

အလင်းရောင်နည်းနေတဲ့ချိန်မှာ ကျနော်တို့ မျက်စိနဲ့မြင်ရသလောက်ကို အနီးစပ်ဆုံး ပုံဖော်နိုင်တဲ့ Pixel 3 ကင်မရာဟာ တချို့ရိုက်ချက်တွေမှာ Focus လွတ်နေတယ်ဆိုမယ့် P30 Pro ကို မလွန်ဆန်နိုင်တာ Depth Sensor ကြောင့်ဖြစ်မယ်ထင်ပါတယ်။ ကင်မရာတချို့မှာ Focus Assist အနေနဲ့ အသုံးပြုလေ့ရှိသလို သဘောတရားမျိုးနဲ့ ကလေးအိပ်နေချိန်မှာတောင် အလှဓာတ်ပုံရိုက်ကူးနိုင်ဖို့ Huawei ဖန်တီးထားတာဖြစ်မယ်လို့ သုံးသပ်ရင်း နိဂုံးချုပ်လိုက်ရပါတယ်။

Credit: Vlad Savov (The Verge)
2B (Akhayar)