စမတ္ဖုန္းေတြရဲ႕ အေရာင္ေတြကို တစ္ေခတ္ဆန္းသစ္ေစမယ့္ Huawei P20 Pro

အခုအခ်ိန္မွာ စမတ္ဖုန္းေတြအေနနဲ႔ အေရာင္ေတြပိုင္းဆုိင္ရာ အေျပာင္းအလဲၾကီးၾကီးမားမားရွိခဲ့တာက Apple ကေန iPhone 6S ကို Rose Gold အေရာင္နဲ႔ ထြက္ရွိလာတုန္းကေနာက္ဆံုးလုိ႔ ေျပာရမွာပါ။ iPhone 6S ကေန စတင္ခဲ့တဲ့ Rose Gold အေရာင္ဟာ အခုအခ်ိန္မွာ စမတ္ဖုန္းေတြအားလံုးအတြက္ မရွိမျဖစ္နီးပါးကို ပါဝင္လာတဲ့ အေရာင္တစ္ခုျဖစ္လာခဲ့ပါတယ္။

ဒါေပမယ့္လည္း စမတ္ဖုန္းအမ်ားစုဟာ သာမန္အေရာင္ေတြလုိ႔ ေျပာလုိ႔ရတဲ့ ေရႊေရာင္ ၊ အျဖဳေရာင္ နဲ႔ အမည္းေရာင္ ဆိုျပီး အေရာင္ေတြကိုထုတ္လုပ္ေနေပမယ့္ အျခားေသာ ကြဲထြက္ေနတဲ့အေရာင္ေတြနဲ႔ ထုတ္လုပ္လာတာမ်ိဳး အခုေနာက္ပိုင္းရွားပါးလာခဲ့ပါတယ္။ HTC ကေတာ့ U11 Plus စမတ္ဖုန္းမွာ ေဖာက္ထြင္းျမင္ရတဲ့ အေရာင္အသစ္ကို မိတ္ဆက္ခဲ့ေပမယ့္လည္း သိသိသာသာေအာင္ျမင္မႈမရခဲ့ျပန္ပါဘူး။

ဒါေပမယ့္ ဒီတစ္ၾကိမ္မွာေတာ့ Huawei ကေန လာမယ့္ မတ္လ ၂၇ ရက္ေန႔မွာ ေၾကျငာမယ့္ Huawei P20 Pro စမတ္ဖုန္းမွာေတာ့ ကြဲထြက္ေနတယ့္အေရာင္အသစ္တစ္ခုကို အသံုးျပဳလာေတာာ့မယ္လုိ႔ သတင္းေတြထြက္ေပၚလာပါတယ္။

အခုုထြက္ေပၚလာတဲ့ ဓါတ္ပံုေတြအရေတာ့ Huawei P20 Pro စမတ္ဖုန္းဟာ အျပာေရာင္၊ အစိမ္းေရာင္နဲ႔ ခရမ္းေရာင္ ၃ မ်ိဳးေပါင္းစပ္ထားတဲ့အေရာင္ေျပး အေရာင္ကို အသံုးျပဳလာမွာျဖစ္ျပီးေတာ့ ျဖစ္ႏုိင္တာတစ္ခုက ကိုယ္ၾကည့္တဲ့ေပၚမႈတည္ျပီးေတာ့ အေရာင္ေတြေျပာင္းလဲသြားမယ္လုိ႔ ယူဆရပါတယ္။

Huawei က အခု အေရာင္အသစ္ကို အေနာက္ဖက္မွာ ကင္မရာ ၃ လံုးပါဝင္လာမယ့္ Huawei P20 Pro စမတ္ဖုန္းမွာပဲ အသံုးျပဳလာမွာျဖစ္ျပီးေတာ့ သာမန္ Huawei P20 နဲ႔ P20 Lite စမတ္ဖုန္းေတြကေတာ့ အနည္းငယ္ေတာက္ပတဲ့ ပန္းေရာင္ နဲ႔ အျပာေရာင္လုိမ်ိဳး အေရာင္ေတြပဲ ထုတ္လုပ္လာမယ္လုိ႔ သိရပါတယ္။

ဘာပဲျဖစ္ျဖစ္ Apple ကေန iPhone 6S မွာ Rose Gold အေရာင္နဲ႔ ဆန္းသစ္ခဲ့သလုိမ်ိဳး Huawei ကေနလည္း Huawei P20 Pro ရဲ႕ အေရာင္သစ္က တစ္ေခတ္ဆန္းသစ္ေစမလားဆုိတာကေတာ့ ေစာင့္ၾကည့္ရမွာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

အခုအချိန်မှာ စမတ်ဖုန်းတွေအနေနဲ့ အရောင်တွေပိုင်းဆိုင်ရာ အပြောင်းအလဲကြီးကြီးမားမားရှိခဲ့တာက Apple ကနေ iPhone 6S ကို Rose Gold အရောင်နဲ့ ထွက်ရှိလာတုန်းကနောက်ဆုံးလို့ ပြောရမှာပါ။ iPhone 6S ကနေ စတင်ခဲ့တဲ့ Rose Gold အရောင်ဟာ အခုအချိန်မှာ စမတ်ဖုန်းတွေအားလုံးအတွက် မရှိမဖြစ်နီးပါးကို ပါဝင်လာတဲ့ အရောင်တစ်ခုဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း စမတ်ဖုန်းအများစုဟာ သာမန်အရောင်တွေလို့ ပြောလို့ရတဲ့ ရွှေရောင် ၊ အဖြုရောင် နဲ့ အမည်းရောင် ဆိုပြီး အရောင်တွေကိုထုတ်လုပ်နေပေမယ့် အခြားသော ကွဲထွက်နေတဲ့အရောင်တွေနဲ့ ထုတ်လုပ်လာတာမျိုး အခုနောက်ပိုင်းရှားပါးလာခဲ့ပါတယ်။ HTC ကတော့ U11 Plus စမတ်ဖုန်းမှာ ဖောက်ထွင်းမြင်ရတဲ့ အရောင်အသစ်ကို မိတ်ဆက်ခဲ့ပေမယ့်လည်း သိသိသာသာအောင်မြင်မှုမရခဲ့ပြန်ပါဘူး။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ Huawei ကနေ လာမယ့် မတ်လ ၂၇ ရက်နေ့မှာ ကြေငြာမယ့် Huawei P20 Pro စမတ်ဖုန်းမှာတော့ ကွဲထွက်နေတယ့်အရောင်အသစ်တစ်ခုကို အသုံးပြုလာတောာ့မယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။

အခုုထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေအရတော့ Huawei P20 Pro စမတ်ဖုန်းဟာ အပြာရောင်၊ အစိမ်းရောင်နဲ့ ခရမ်းရောင် ၃ မျိုးပေါင်းစပ်ထားတဲ့အရောင်ပြေး အရောင်ကို အသုံးပြုလာမှာဖြစ်ပြီးတော့ ဖြစ်နိုင်တာတစ်ခုက ကိုယ်ကြည့်တဲ့ပေါ်မှုတည်ပြီးတော့ အရောင်တွေပြောင်းလဲသွားမယ်လို့ ယူဆရပါတယ်။

Huawei က အခု အရောင်အသစ်ကို အနောက်ဖက်မှာ ကင်မရာ ၃ လုံးပါဝင်လာမယ့် Huawei P20 Pro စမတ်ဖုန်းမှာပဲ အသုံးပြုလာမှာဖြစ်ပြီးတော့ သာမန် Huawei P20 နဲ့ P20 Lite စမတ်ဖုန်းတွေကတော့ အနည်းငယ်တောက်ပတဲ့ ပန်းရောင် နဲ့ အပြာရောင်လိုမျိုး အရောင်တွေပဲ ထုတ်လုပ်လာမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Apple ကနေ iPhone 6S မှာ Rose Gold အရောင်နဲ့ ဆန်းသစ်ခဲ့သလိုမျိုး Huawei ကနေလည်း Huawei P20 Pro ရဲ့ အရောင်သစ်က တစ်ခေတ်ဆန်းသစ်စေမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com