[Zawgyi] 



40 MP RGB Camera


Triple LEICA Camera


Master AI



Min Than Htike (Akhayar)

www.akhayar.com


[Unicode] 
Huawei ရဲ့ Flagship ဖုန်း Series ဖြစ်တဲ့ P Series တွေကတော့ ဓာတ်ပုံနဲ့ပတ်သက်လာရင် ရွေးချယ်စရာအကောင်းဆုံးဖုန်းတွေအဖြစ် အမြဲရှိနေပါတယ်။ ပြည်တွင်းဈေးကွက်ထဲကို စတင်ရောက်ရှိနေပြီဖြစ်တဲ့ P20 ၊ P20 Pro ဖုန်းတွေကတော့ Smartphone Camera လောကရဲ့ အပြောင်းအလဲတွေကို သင့်ဆီသယ်ဆောင်ပေးလာတော့မှာပါ။

Camera လောကမှာ ဆရာတစ်ဆူဖြစ်တဲ့ LEICA နဲ့ Huawei တို့ပူးပေါင်းဖန်တီးထားတဲ့ နည်းပညာတွေကို P20 ၊ P20 Pro ဖုန်းတွေမှာမှာတွေ့ရမှာပဲဖြစ်ပါတယ်။ 2018 အတွက် Huawei ရဲ့ အပြောင်မြောက်ဆုံးလက်ရာအဖြစ် ပြိုင်ဖက်ကင်း နည်းပညာ၊ Design နဲ့ Camera တွေက သက်သေပြနေပါတယ်။

40 MP RGB Camera

P20 Pro ဖုန်းမှာဆိုရင် LEICA Triple Camera စနစ်တပ်ဆင်ထားပြီး P20 ဖုန်းမှာလည်း LEICA Dual Camera တွေပါဝင်တာကြောင့် ဓာတ်ပုံနဲ့ပတ်သက်လာရင်တော့ သင်အမြဲစိတ်ကျေနပ်ရမယ့် ဖုန်းဖြစ်မယ်ဆိုတာသေချာပါတယ်။ AI နည်းပညာ၊ ရုပ်ပုံကြည်လင်ပြတ်သားမှု၊ အရောင်တိကျမှု၊ Focus တိကျမှုနဲ့ Contrast အပိုင်းမှာ အားဖြည့်လုပ်ဆောင်ပေးတာကြောင့် သင်ရိုက်သမျှ ဓာတ်ပုံတွေက အမြဲကြည်လင်ပြတ်သားနေမှာပါ။

Triple LEICA Camera

Huawei P20 ဖုန်းမှာ 12MP RGB Camera နဲ့ 20MP Monochrome Camera ကို တပ်ဆင်ပေးထားပြီးတော့ P20 Pro ဖုန်းမှာတော့ 40MP RGB Camera ရဲ့ အပေါ်မှာ 8MP Telephoto Lens နဲ့ Camera ကိုတပ်ဆင်ထားပြီး အောက်ဖက်မှာတော့ 20MP Mono Lens နဲ့ Camera ကိုတပ်ဆင်ပေးထားပါတယ်။ ISO 102400 အတိုင်းအတာထိ ရိုက်ကူးပေးနိုင်တာကြောင့် ညဖက် အလင်းရောင်နည်းချိန်မှာ P20 Pro က သင့်ကိုစိတ်ကျေနပ်စေမယ့် ဓာတ်ပုံတွေကိုပေးနိုင်ပါသေးတယ်။ P20 ရော၊ P20 Pro ဖုန်းတွေမှာ စက္ကန့် ၃၀ အထိ Long Exposure ရိုက်ကူးနိုင်ပြီးတော့ Light Painting နဲ့ Night Mode တွေပါဝင်မှာဖြစ်ပါတယ်။ Huawei P20 Pro မှာ ပါဝင်တဲ့ Night Mode ဟာဆိုရင် ၆ စက္ကန့်စာ ဓါတ်ပုံ ၆ ပုံကို ရိုက်ကူးပြီး တစ်ပုံထဲအနေနဲ့ ပေါင်းစပ်လိုက်တဲ့အတွက် အကောင်းဆုံး Night Shot တွေကိုရရှိမှာဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ 5X Hybrid Zoom ကိုအသုံးပြုလို့ရနိုင်တာပဲဖြစ်ပါတယ်။ 5X Hybrid Zoom ကြောင့် သင့်အနေနဲ့ Zoom ဆွဲရိုက်ဖို့လိုအပ်လာတဲ့အခြေအနေမျိုးတွေမှာတောင် ကြည်လင်တိကျပြတ်သားတဲ့ ဓာတ်ပုံကိုသင်ရရှိနိုင်မှာပါ။ 960 fps Super Slow Motion ကြောင့် သင်လိုချင်တဲ့ အခိုက်အတန့်လေးကို Slow Motion Video ရိုက်ကူးထားနိုင်ပါတယ်။

Master AI

Camera တွေအတွက် Master AI နည်းပညာပါဝင်ပြီး မြင်ကွင်းအမျိုးအစားပေါင်း ၁၉ခုကို Camera တွေအတွက် Master AI နည်းပညာပါဝင်ပြီး မြင်ကွင်းအမျိုးအစားပေါင်း ၁၉ခုကို Camera က သိရှိနားလည်နိုင်ပါတယ်။ Leica Colour ပါဝင်တာကြောင့် သင်ရိုက်သမျှဓာတ်ပုံတစ်ခုခြင်းစီကို AI က လိုအပ်သလို အရောင်ချိန်ညှိပေးတာမျိုးတွေကို ဓာတ်ပုံရိုက်ဖို့ ချိန်နေတုန်းမှာလုပ်ပေးသွားနိုင်ပါတယ်။ အခြားသော AI Feature တွေဖြစ်တဲ့ Composition မှန်မမှန်ကို ဖော်ပြပေးသွားမယ့် AI Assisted Composition ၊ AI Image Stabilization နဲ့ 3D Predictive Focus တို့ ပေါင်းစပ်ထားပြီးတော့ လှုပ်ရှားနေတဲ့ အရာဝတ္ထုတွေကို တိကျစွာရိုက်ကူးနိုင်တဲ့ AI Powered Snapshot ၊ 4D Predictive Focus ၊ 4K Video Recording နဲ့ လှုပ်ရှားမှုတွေကို ထိန်းညှိပေးနိုင်တဲ့ 6-Axis Motion Stabilization ကို AI နဲ့ ပေါင်းစပ်ထားတဲ့ AI Image Stabilization ကလည်း ဗီဒီယိုတွေကို တည်ငြိမ်နေအောင် ထားပေးနိုင်မှာပါ။
Selfie Camera ကလည်း 24 MP ရှိတဲ့အပြင် 3D Portrait Mode ပါဝင်တာကြောင့် သင်ရိုက်သမျှဓာတ်ပုံတိုင်းက သင့်ကိုစိတ်ကျေနပ်မှုပေးနိုင်မှာသေချာပါတယ်။
Display ကတော့ Full HD OLED Display ကိုအသုံးပြုပေးထားပြီး P20 Pro ဖုန်းမှာ Full HD LCD Display ကို အသုံးပြထားပါတယ်။ Huawei P20 ဖုန်းမှာ 5.8 Inch ရှိတဲ့ Full HD RGBW Display ကိုတပ်ဆင်ပေးထားပြီး P20 Pro ဖုန်းမှာတော့ 6.1 Inch ရှိပြီး ကြည်လင်ပြတ်သားမှုကတော့ Android 8.1 နဲ့အတူ Huawei ရဲ့ EMUI 8.1 ပါဝင်တာကြောင့် အသုံးပြုတဲ့အခါ လှပမှုနဲ့ သွက်လက်မှုကို တစ်ချိန်တည်းမှာခံစားနိုင်မှာပါ။

Huawei P20 ကိုတော့ လူအများသဘောကျနှစ်သက်မယ့် အရောင်တွေဖြစ်တဲ့ အပြာ၊ အနက်နဲ့ ပန်းရောင်ဆိုပြီး အရောင် ၃ မျိုးနဲ့ရနိုင်မှာပဲဖြစ်ပါတယ်။ P20 Pro ကိုတော့ အပြာရောင်၊ အနက်ရောင်နဲ့ Twilight တို့ကို ပြည်တွင်းမှာဝယ်ယူလို့ရနိုင်မယ်လို့ သိရပါတယ်။ Huawei ရဲ့ အဆန်းသစ်ဆုံးဖန်တီးမှုတစ်ခုဖြစ်တဲ့ Twilight အရောင်ကိုတော့ လူတော်တော်များများစိတ်ဝင်စားနေမယ်လို့ထင်ပါတယ်။ Huawei P20 ဖုန်းမှာ 3400mAh Battery နဲ့ P20 Pro ဖုန်းမှာတော့ 4000 mAh Battery နဲ့အတူ လျှင်မြန်စွာအားသွင်းပေးနိုင်မယ့် SuperCharge နည်းပညာလည်းပါဝင်ပါတယ်။

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။