မနှစ်တုန်းက Huawei ကနေ မိတ်ဆက်ခဲ့တဲ့ Huawei P20 Lite တဖြစ်လဲ Nova 3i စမတ်ဖုန်းက အသုံးပြုသူတွေကြားထဲမှာ တော်တော်လေးကို နာမည်ရပြီး အောင်မြင်ခဲ့တဲ့ စမတ်ဖုန်းတစ်ခုပါ။ အခုအချိန်မှာတော့ Huawei ကနေ အဆိုပါ Huawei P20 Lite စမတ်ဖုန်းကိုပဲ 2019 Version အနေနဲ့ အဆင့်မြှင့်တင်ပြီး ထပ်မံထုတ်လုပ်ဦးမယ့်ပုံစံပါပဲ။

Huawei P20 Lite

Huawei က မိတ်ဆက်လာမယ့် Huawei P20 Lite 2019 စမတ်ဖုန်းက အဓိကအနေနဲ့ Camera ပိုင်းကို အဆင့်မြှင့်လာမှာဖြစ်ပြီးတော့ လက်ရှိ Huawei ရဲ့ အကောင်းဆုံးဖုန်းဖြစ်တဲ့ Huawei P30 Pro လိုမျိုးပဲ Quad Camera စနစ်ကို အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီပါဝင်လာမယ့် ကင်မရာ ၄ လုံးရဲ့ Spec တွေကိုတော့ အတိအကျမသိရသေးပေမယ့် 24MP f1.8 Primary Sensor နဲ့ Background Information တွေအတွက် ToF Camera ပါဝင်လာမှာကတော့ ကျိန်းသေသွားပြီဖြစ်ပါတယ်။

Huawei P20 Lite က Display ပိုင်းမှာလည်း အနည်းငယ်ပြောင်းလဲထားပြီးတော့ 5.84″ Full HD+ LCD Display ကိုမှ Notch အစား Selfie Camera အတွက်ပဲ Hole Punch Display ကို အသုံးပြုလာမှာပါ။

Huawei P20 Lite

Processor ပိုင်းအနေနဲ့ကတော့ လက်ရှိ Huawei ရဲ့ တစ်ခုထဲသော Mid Range Processor ဖြစ်တဲ့ Kirin 710 Processor ကို အသုံးပြုထားပြီး RAM 4GB နဲ့ Storage 64GB သို့ 128GB ပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ 3000mAh Battery ပါဝင်မှာဖြစ်ပြီးတော့ 18W Fast Charging စနစ်ကို အသုံးပြုလာမှာပါ။

Huawei P20 Lite6

ဒီ Huawei P20 Lite စမတ်ဖုန်းက ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၃၀၀ ဝန်းကျင်လောက် ရှိမှာဖြစ်တဲ့အတွက် Camera ပိုင်းကို အဓိကဦးစားပေးထားတဲ့ Mid Range ဖုန်းတစ်ခုဖြစ်လာနိုင်ပါတယ်။

Ref : GSMArena