Huawei P20 ဖုန္းမွာ ကင္မရာ ၃ လံုးပါဝင္လာမယ္ဆုိတာကို အတည္ျပဳလုိက္ျပီ

စမတ္ဖုန္းေတြမွာ Dual Camera စနစ္ဟာ ျပီးခဲ့တဲ့ႏွစ္ေတြက ေခတ္စားလာခဲ့တာျဖစ္ျပီး အခုေနာက္ပိုင္းမွာ စမတ္ဖုန္းေတြအကုန္လံုးနီးပါးက Dual Camera စနစ္ကိုပဲ အသံုးျပဳလာတာကို မ်က္ျမင္ကိုယ္ေတြ႕ပဲျဖစ္မွာပါ။ ဒါေပမယ့္ ကင္မရာ ၃ လံုးပါလာမယ္ဆိုတာကေတာ့ အထူးအဆန္းျဖစ္ေနပါတယ္။

ဒါေပမယ့္ Huawei ကေတာ့ သူရဲ႕ စမတ္ဖုန္းအသစ္ျဖစ္တဲ့ Huawei P11 (သို႔) P20 စမတ္ဖုန္းေတြမွာ Dual Camera မဟုတ္ေတာ့ပဲ Triple Camera ကို အသံုးျပဳလာေတာ့မယ္ဆိုတာကို ဝန္ခံခဲ့ပါျပီ။ အခုလုိမ်ိဳး အတည္ျပဳလုိက္တာကလည္း Huawei ကေန လာမယ့္ မတ္လ ၂၇ ရက္ေန႔မွာ ပဲရစ္ျမိဳ႕မွာ ျပဳလုပ္မယ့္ Huawei P20 Launch Event ရဲ႕ Invitation Letter မွာ ကင္မရာ ၃ လံုးပံုစံအဝိုင္း ၃ ခုနဲ႔ “See MOOORE WITH AI” ဆုိျပီး “More” ကို “O” ၃ လံုးနဲ႔ ေရးထားတာေတြက သိသာေနပါတယ္။

Huawei ကေန အခု ပါဝင္လာမယ့္ ကင္မရာ ၃ လံုးမွာ 40 MP ရုိက္ကူးႏုိင္တဲ့ ကင္မရာ ၊ 5x Hybrid Zoom နဲ႔ LEICA ရဲ႕ Co-Operation ေတြပါဝင္ဦးမယ္လုိ႔ ယူဆရပါတယ္။ အခုအခ်ိန္မွာ အျခားေသာ ဘယ္စမတ္ဖုန္းကမွာ ကင္မရာ ၃ လံုးတပ္ဆင္ဖုိ႔ မျပဳလုပ္ေသးတဲ့အျပင္ လုိေရာလုိအပ္လုိ႔လားဆိုတာက ေမးခြန္းထုတ္စရာပါ။

ဘာပဲျဖစ္ျဖစ္ Huawei ကေန လာမယ့္ မတ္လ ၂၇ ရက္မွာေတာ့ အခု ကင္မရာ ၃ လံုးက လက္ရွိ Dual Camera ေတြနဲ႔ ဘယ္လုိကြာျခားသြားမလဲဆိုတာ သိရေတာ့မွာျဖစ္ျပီးေတာ့ လက္ရွိသိထားရတဲ့ သတင္းေတြအရ Huawei က P20 ၊ P20 Plus နဲ႔ P20 Lite ဆိုျပီး ဖုန္း ၃ မ်ိဳး ထုတ္လုပ္မွာျဖစ္ျပီး P20 Lite မွာေတာ့ Dual Camera ပဲ ပါဝင္လာမယ္လုိ႔လည္း သတင္းေတြထြက္ေပၚေနပါတယ္။

Huawei ရဲ႕ Flagship ဖုန္းေတြဟာ ကင္မရာပိုင္းမွာ နာမည္ၾကီးသလုိပဲ အခု Huawei P20 ရဲ႕ ကင္မရာ ၃ လံုး Setup ကေရာ အျခား Galaxy S9 တုိ႔လုိ ျပိဳင္ဘက္ေတြထက္ ဘယ္ေလာက္ပိုေကာင္းမြန္မလဲဆိုတာကို ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

စမတ်ဖုန်းတွေမှာ Dual Camera စနစ်ဟာ ပြီးခဲ့တဲ့နှစ်တွေက ခေတ်စားလာခဲ့တာဖြစ်ပြီး အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေအကုန်လုံးနီးပါးက Dual Camera စနစ်ကိုပဲ အသုံးပြုလာတာကို မျက်မြင်ကိုယ်တွေ့ပဲဖြစ်မှာပါ။ ဒါပေမယ့် ကင်မရာ ၃ လုံးပါလာမယ်ဆိုတာကတော့ အထူးအဆန်းဖြစ်နေပါတယ်။

ဒါပေမယ့် Huawei ကတော့ သူရဲ့ စမတ်ဖုန်းအသစ်ဖြစ်တဲ့ Huawei P11 (သို့) P20 စမတ်ဖုန်းတွေမှာ Dual Camera မဟုတ်တော့ပဲ Triple Camera ကို အသုံးပြုလာတော့မယ်ဆိုတာကို ဝန်ခံခဲ့ပါပြီ။ အခုလိုမျိုး အတည်ပြုလိုက်တာကလည်း Huawei ကနေ လာမယ့် မတ်လ ၂၇ ရက်နေ့မှာ ပဲရစ်မြို့မှာ ပြုလုပ်မယ့် Huawei P20 Launch Event ရဲ့ Invitation Letter မှာ ကင်မရာ ၃ လုံးပုံစံအဝိုင်း ၃ ခုနဲ့ “See MOOORE WITH AI” ဆိုပြီး “More” ကို “O” ၃ လုံးနဲ့ ရေးထားတာတွေက သိသာနေပါတယ်။

Huawei ကနေ အခု ပါဝင်လာမယ့် ကင်မရာ ၃ လုံးမှာ 40 MP ရိုက်ကူးနိုင်တဲ့ ကင်မရာ ၊ 5x Hybrid Zoom နဲ့ LEICA ရဲ့ Co-Operation တွေပါဝင်ဦးမယ်လို့ ယူဆရပါတယ်။ အခုအချိန်မှာ အခြားသော ဘယ်စမတ်ဖုန်းကမှာ ကင်မရာ ၃ လုံးတပ်ဆင်ဖို့ မပြုလုပ်သေးတဲ့အပြင် လိုရောလိုအပ်လို့လားဆိုတာက မေးခွန်းထုတ်စရာပါ။

ဘာပဲဖြစ်ဖြစ် Huawei ကနေ လာမယ့် မတ်လ ၂၇ ရက်မှာတော့ အခု ကင်မရာ ၃ လုံးက လက်ရှိ Dual Camera တွေနဲ့ ဘယ်လိုကွာခြားသွားမလဲဆိုတာ သိရတော့မှာဖြစ်ပြီးတော့ လက်ရှိသိထားရတဲ့ သတင်းတွေအရ Huawei က P20 ၊ P20 Plus နဲ့ P20 Lite ဆိုပြီး ဖုန်း ၃ မျိုး ထုတ်လုပ်မှာဖြစ်ပြီး P20 Lite မှာတော့ Dual Camera ပဲ ပါဝင်လာမယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

Huawei ရဲ့ Flagship ဖုန်းတွေဟာ ကင်မရာပိုင်းမှာ နာမည်ကြီးသလိုပဲ အခု Huawei P20 ရဲ့ ကင်မရာ ၃ လုံး Setup ကရော အခြား Galaxy S9 တို့လို ပြိုင်ဘက်တွေထက် ဘယ်လောက်ပိုကောင်းမွန်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com