Huawei P10 နဲ့ P10 Plus စမတ်ဖုန်းတွေအတွက် Oreo Update ရပြီ








Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Huawei ရဲ့ ပြီးခဲ့တဲ့နှစ်တုန်းက Huawei P10 နဲ့ P10 Plus စမတ်ဖုန်းတွေဟာ ပြီးခဲ့တဲ့ လပိုင်းတုန်းက Android Version 8.0 Oreo Beta Program ကို စတင်ရရှိတာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Android Oreo Beta Program က ရပ်ဆိုင်းသွားပြီဖြစ်ပြီးတော့ Stable Software Update တွေရရှိနေပြီဖြစ်ပါတယ်။

Huawei ဟာ အခုလိုမျိုး Huawei P10 ဖုန်းတွေအတွက် Oreo Update ကို ရရှိတဲ့အကြောင်းကို Facebook Page မှာတင်ထားခဲ့တာဖြစ်ပြီး အရင်ဆုံးအနေနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ စတင်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Android 8.0 Oreo in Huawei P10 & P10 Plus

Aaaand it’s finally here!😁 Get yourselves a taste of our Oreo by updating your Huawei P10 and P10 Plus devices today. Start downloading now!🙌🙌 #MakeItPossible #ThursdaySuperstar

Posted by Huawei Mobile on Wednesday, March 14, 2018

ကိုယ်အသုံးပြုနေတဲ့ Huawei P10 စမတ်ဖုန်းက Update ရမရသိချင်တယ်ဆိုရင်တော့ ဖုန်းရဲ့ Settings ထဲက System Update မှာ စစ်ဆေးနိုင်မှာဖြစ်ပြီးတော့ တကယ်လို့ Update မရသေးဘူးဆိုရင်လည်း မကြာခင်အချိန်အတွင်းမှာ Update ရရှိမှာပါ။

Huawei ရဲ့ ယခု Android 8.0 Oreo Update ဟာ Android Version တင်မဟုတ်ပဲ EMUI 8.0 ကိုပါ Update ပြုလုပ်ပေးသွားမှာဖြစ်ပြီး Features အသစ်တွေပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com