Huawei ဟာ Window 10အသုံးပြုထားတဲ့ MateBook E ၊ MateBook X ၊ MateBook D တို့ကိုထုတ်လုပ်ခဲ့တယ်လို့သိရပါတယ်။

MateBook Eရဲ့ မျက်နှာပြင်အကျယ်အ၀င်းဟာ ၁၂လက်မရှိပြီး Resolution ကတော့ 2160×1440ရှိပါတယ်။ 4GB ဒါမှမဟုတ် 8GB LPDDR3 Ram အမျိုးအစားအထောက်အပံ့ပေးထားပြီး မှတ်ဥာဏ်သိမ်းဆည်းနိုင်တဲ့ ပမာဏအနေနဲ့ 128 ၊ 256  ဒါမှမဟုတ် 512GB ပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။ ပါဝင်တဲ့ Processor တွေကတော့ 7th Generation Intel Core m3 ဒါမှမဟုတ် i5 ဖြစ်ပြီး Intel HD615 graphics ပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ 4430mAh အထောက်အပံ့ပေးထားပြီး ၉နာရီကြာထိ အသုံးပြုနိုင်တယ်လို့သိရပါတယ်။ အရောင်အနေနဲ့ ရွှေရောင် ၊ မီးခိုးရောင် ရနိုင်ပြီး ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁၁၂၂ ကနေ ၁၄၆၀ကြားရှိတယ်လို့သိရပါတယ်။

MateBook X ရဲ့မျက်နှာပြင်အကျယ်အ၀န်းဟာ ၁၃လက်မရှိပြီး ရုပ်သံတွေကြည်လင်ပြတ်သားစွာကြည့်နိုင်တဲ့ စွမ်းရည်ကတော့ 2160×1440 ရှိပြီး ဒီဇိုင်းနဲ့ Body အချိုးအစားကို MacBook နီးပါးတူအောင်ပြုလုပ်ထားတယ်လို့သိရပါတယ်။ အသုံးပြုထားတဲ့ Processor ကတော့ Intel U-Series ဖြစ်ပါတယ်။ ရနိုင်တဲ့အရောင်တွေကတော့ ရွှေရောင် ၊မီးခိုး နဲ့ပန်းရောင်တို့ဖြစ်ပါတယ်။ Power Button မှာ Doubles Fingerprint Sensor ပါဝင်တာကတော့ Huawei က ထုတ်တဲ့တစ်ချို့ဖုန်းတွေနဲ့တူပါတယ်။ ပထမဆုံး Dolby’s Atmos Sound System ပါဝင်တဲ့ Laptop ဖြစ်တာကြောင့် အသံပိုင်းဆိုင်ရာစွမ်းဆောင်မှုကောင်းမွန်ကြောင်းသိရပါတယ်။ Keyboard ရဲ့အပေါ်မှာ Speakers ပါရှိပါတယ်။ Ram 8GB ပါရှိပြီး မှတ်ဥာဏ်သိမ်းဆည်းနိုင်မှုပမာဏ 256GB ဒါမှမဟုတ် 512GB ပါဝင်တဲ့အပြင် USB Type C Port အထောက်အပံ့ပေးထားပြီး အော်ရီဂျင်နယ် 41.4Wh Battery ပါဝင်ကာ 10နာရီကြာအသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁၅၇၁ ကနေ ၁၉၀၇ ထိရှိတယ်လို့သိရပါတယ်။

MateBook D က တော့အရင်သုံးနေကျLaptop အရွယ်အစားတိုင်းရှိပြီးမျက်နှာပြင်အကျယ်အ၀န်း ၁၅.၆ လက်မရှိပါတယ်။ Resolution ကတော့ 1080p ပါ။ Nividia Graphics ကဒ်အသုံးပြုထားတဲ့ ဒီ Laptop မှာ Intel ရဲ့ 7th Generation Corei5 ဒါမှမဟုတ် Corei7 ကိုအသုံးပြုထားပါတယ်။ Ram အမျိုးအစားအနေနဲ့ 4GB ၊ 8GB ၊ 16GB သုံးမျိုးထွက်လာနိုင်တဲ့အပြင်  မှတ်ဥာဏ်သိမ်းဆည်းနိုင်တဲ့ပမာဏ 128GB ၊ 256GB ဒါမှမဟုတ် 512GB နဲ့ 1TB  တို့ထွက်ရှိနိုင်ပါတယ်။ အရောင်အနေနဲ့ ရွှေရောင် ၊ မီးခိုးရောင် နဲ့အပြာရောင် ထုတ်လုပ်ထားပြီး ဈေးနှုန်းကတော့ ဒေါ်လာ၇၉၉ ကနေ ၁၁၂၁ ထိရှိတယ်လို့သိရပါတယ်။

Jan (Akhayar)

Ref : Gsmarena