Huawei ဟာ ယခုႏွစ္ ႏွစ္စတုန္းက Huawei ရဲ႕ High End ဖုန္း Series ျဖစ္တဲ့ P Series ကို P10 ကေန P20 လုိ႔ နာမည္ေျပာင္းလဲေပးခဲ့တာပဲျဖစ္ပါတယ္။ Huawei အေနနဲ႔ ယခင္ Huawei P7 ၊ P8 ၊ P9 နဲ႔ P10 ဆိုျပီး အစဥ္လုိက္ထုတ္လုပ္ေနရာကေန အခုၾကမွ P20 ကို ခုန္ေက်ာ္သြားတာလည္း ျဖစ္ပါတယ္။

ဒါေပမယ့္ အခုလုိမ်ိဳး နာမည္ေပးတဲ့ေနရာမွာ အစဥ္အတိုင္းမေပးေတာ့တာက မႏွစ္က Apple ကေန iPhone X ကို ထုတ္ခဲ့ျပီး iPhone 9 ကို ေက်ာ္သြားတဲ့အခ်ိန္က သိသိသာသာကို မ်ားျပားလာခဲ့တာပဲျဖစ္ပါတယ္။ Huawei က အခုလုိမ်ိဳး P10 ကေန P20 ကို ေက်ာ္သြားသလုိပဲ Xiaomi ကလည္း Mi 7 အစား Mi 8 ဆိုျပီး ေျပာင္းလဲထုတ္လုပ္တာမ်ိဳးကို ျပဳလုပ္ခဲ့ပါေသးတယ္။

Huawei Mate 10

Huawei က လက္ရွိအခ်ိန္အရေတာ့ သူရဲ႕ Huawei P Series အျပင္ Mate Series ဖုန္းေတြကိုပါ အလားတူ နာမည္ေျပာင္းလဲသြားမယ္လုိ႔ ယူဆရျပီးေတာ့ အခုေနာက္ဆံုးအေနနဲ႔ EUIPO မွာ Mate 20 နာမည္ကို မွတ္ပံုတင္လုိက္ျပီျဖစ္တယ္လုိ႔ သိရပါတယ္။ ဒါ့အျပင္ ထူးဆန္းတာတစ္ခုက Huawei က Mate 20 နာမည္တစ္ခုထဲကို မွတ္ပံုတင္ခဲ့တာမဟုတ္ဘဲ Mate 20 ကေန Mate 90 အထိ မွတ္ပံုတင္ခဲ့တာျဖစ္တဲ့အတြက္ ေနာက္ထြက္မယ့္ Mate Series ေတြကို အခုပံုအတိုင္းပဲ နာမည္ေပးသြားဖုိ႔ စိတ္ကူးေနပံုပါပဲ။

Huawei Mate 20 Patents

Huawei ရဲ႕ Mate Series စမတ္ဖုန္းေတြဟာ ပံုမွန္အားျဖင့္ Huawei P Series ဖုန္းေတြထက္ Processor ပိုင္းပိုျပီး သာလြန္ေကာင္းမြန္တဲ့အျပင္ Display ပိုင္းမွာလည္း ပိုျပီး အားသာတတ္တဲ့အတြက္ အခုႏွစ္မွာ ထြက္ရွိလာမယ့္ Mate 20 စမတ္ဖုန္းမွာလည္း 6.9″ Quad HD Super AMOLED Display ၊ Kirin 970 ရဲ႕ မ်ိဳးဆက္သစ္ Kirin Processor အသစ္ အပါအဝင္ Huawei P20 Pro လုိမ်ိဳး Triple Camera Setup ကို ျမင္ေတြ႕ရမယ္လုိ႔ ခန္႔ မွန္းထားၾကပါတယ္။

Huawei Mate 10

ဘာပဲျဖစ္ျဖစ္ Huawei ရဲ႕ ဒုတိယႏွစ္ဝက္ရဲ႕ အေကာင္းဆံုးဖုန္းျဖစ္လာမယ့္ Huawei Mate 20 ဖုန္းက အသစ္ထြက္လာမယ့္ iPhone ေတြနဲ႔ Samsung Galaxy Note 9 ဖုန္းေတြကို ယွဥ္ျပိဳင္ႏုိင္ပါ့မလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Huawei ဟာ ယခုနှစ် နှစ်စတုန်းက Huawei ရဲ့ High End ဖုန်း Series ဖြစ်တဲ့ P Series ကို P10 ကနေ P20 လို့ နာမည်ပြောင်းလဲပေးခဲ့တာပဲဖြစ်ပါတယ်။ Huawei အနေနဲ့ ယခင် Huawei P7 ၊ P8 ၊ P9 နဲ့ P10 ဆိုပြီး အစဉ်လိုက်ထုတ်လုပ်နေရာကနေ အခုကြမှ P20 ကို ခုန်ကျော်သွားတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အခုလိုမျိုး နာမည်ပေးတဲ့နေရာမှာ အစဉ်အတိုင်းမပေးတော့တာက မနှစ်က Apple ကနေ iPhone X ကို ထုတ်ခဲ့ပြီး iPhone 9 ကို ကျော်သွားတဲ့အချိန်က သိသိသာသာကို များပြားလာခဲ့တာပဲဖြစ်ပါတယ်။ Huawei က အခုလိုမျိုး P10 ကနေ P20 ကို ကျော်သွားသလိုပဲ Xiaomi ကလည်း Mi 7 အစား Mi 8 ဆိုပြီး ပြောင်းလဲထုတ်လုပ်တာမျိုးကို ပြုလုပ်ခဲ့ပါသေးတယ်။

Huawei Mate 10

Huawei က လက်ရှိအချိန်အရတော့ သူရဲ့ Huawei P Series အပြင် Mate Series ဖုန်းတွေကိုပါ အလားတူ နာမည်ပြောင်းလဲသွားမယ်လို့ ယူဆရပြီးတော့ အခုနောက်ဆုံးအနေနဲ့ EUIPO မှာ Mate 20 နာမည်ကို မှတ်ပုံတင်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ထူးဆန်းတာတစ်ခုက Huawei က Mate 20 နာမည်တစ်ခုထဲကို မှတ်ပုံတင်ခဲ့တာမဟုတ်ဘဲ Mate 20 ကနေ Mate 90 အထိ မှတ်ပုံတင်ခဲ့တာဖြစ်တဲ့အတွက် နောက်ထွက်မယ့် Mate Series တွေကို အခုပုံအတိုင်းပဲ နာမည်ပေးသွားဖို့ စိတ်ကူးနေပုံပါပဲ။

Huawei Mate 20 Patents

Huawei ရဲ့ Mate Series စမတ်ဖုန်းတွေဟာ ပုံမှန်အားဖြင့် Huawei P Series ဖုန်းတွေထက် Processor ပိုင်းပိုပြီး သာလွန်ကောင်းမွန်တဲ့အပြင် Display ပိုင်းမှာလည်း ပိုပြီး အားသာတတ်တဲ့အတွက် အခုနှစ်မှာ ထွက်ရှိလာမယ့် Mate 20 စမတ်ဖုန်းမှာလည်း 6.9″ Quad HD Super AMOLED Display ၊ Kirin 970 ရဲ့ မျိုးဆက်သစ် Kirin Processor အသစ် အပါအဝင် Huawei P20 Pro လိုမျိုး Triple Camera Setup ကို မြင်တွေ့ရမယ်လို့ ခန့် မှန်းထားကြပါတယ်။

Huawei Mate 10

ဘာပဲဖြစ်ဖြစ် Huawei ရဲ့ ဒုတိယနှစ်ဝက်ရဲ့ အကောင်းဆုံးဖုန်းဖြစ်လာမယ့် Huawei Mate 20 ဖုန်းက အသစ်ထွက်လာမယ့် iPhone တွေနဲ့ Samsung Galaxy Note 9 ဖုန်းတွေကို ယှဉ်ပြိုင်နိုင်ပါ့မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com