TENAA နဲ့ Benchmark စစ်ဆေးတဲ့ Websites တွေမှာ တွေ့မြင်ခဲ့ရတဲ့ Huawei Nova 5 စီးရီးကို မကြာခင် တရားဝင် မိတ်ဆက်ပေးသွားတော့မှာပါ။ တရုတ်နိုင်ငံမှာ၊ ဂျွန်လ ၂၁ ရက်နေ့ မိတ်ဆက်သွားမှာဖြစ်ကြောင်း ကုမ္ပဏီရဲ့ Weibo စာမျက်နှာမှာ ယနေ့ ကြေညာလိုက်ပါတယ်။

Huawei ဖုန်းတွေတွေထဲမှာ Punch-hole ကင်မရာသုံး ပထမဆုံးဖုန်းဖြစ်တဲ့ Nova 4 အတိုင်းပဲ ယခု Nova 5 စီးရီးမှာလည်း Display ဘယ်ဘက်အပေါ်ထောင့်မှာ ရှေ့ကင်မရာအပေါက်ဖောက်ထားတဲ့ ဒီဇိုင်းကို ဆက်လက်အသုံးပြုသွားဖို့ ရှိပါတယ်။ ဖုန်းရဲ့ ကျောဘက်မှာတော့ ကင်မရာ သုံးလုံး ဒါမှမဟုတ် လေးလုံးအထက် ပါဝင်နိုင်ပါတယ်။ လက်ဗွေရာဆန်ဆာကလည်း ကျောဘက်မှာပဲ ဖြစ်တာကြောင့်၊ Display က LCD ပဲ ဖြစ်ဖို့ များပါတယ်။

TENAA မှာ တင်ထားတဲ့ Specs တွေမှာတော့ Huawei Nova 5i မှာ 24MP + 8MP + 2MP + ToF ကင်မရာလေးလုံးတွဲကို အသုံးပြုထားတယ်လို့ ဖော်ပြထားပါတယ်။ တန်ဖိုးပိုနည်းတဲ့ Nova 5i မှာတင် ကျောကင်မရာလေးလုံး ပါလာမယ့် အနေအထားပါ။ 2.2 GHz CPU နဲ့ ဆိုတော့ Kirin 710 ပဲ ဖြစ်ဖို့ များပါတယ်။

Nova 5 မှာတော့ ဒီ့ထက် စွမ်းဆောင်ရည်မြင့်တဲ့ Kirin 970 ဒါမှမဟုတ် လက်ရှိ Flagship SoC ဖြစ်တဲ့ Kirin 980 ကို သုံးသွားနိုင်ပါတယ်။ 44W Fast Charging လည်း ပါဝင်လာနိုင်ပါတယ်။ Nova 5 မှာတော့ မျက်နှာပြင်အောက်လက်ဗွေရာဆနဆာကို အသုံးပြုထားတာကြောင့် OLED Display နဲ့ ဖြစ်ဖို့ များပါတယ်။

Ref: GSM Arena