Huawei ရဲ႕ Nova Series စမတ္ဖုန္းေတြက မႏွစ္တုန္းက Nova 2i စမတ္ဖုန္းနဲ႔အတူ ျမန္မာႏုိင္ငံေစ်းကြက္အတြင္းမွာ ေအာင္ျမင္မႈရရွိလာတဲ့ Mid Range စမတ္ဖုန္းေတြလုိ႔ ေျပာလုိ႔ရပါတယ္။ ယခုႏွစ္မွာလည္း Huawei ကေန Nova 3e စမတ္ဖုန္းကို ထုတ္လုပ္ထားခဲ့ျပီး အခုေနာက္ဆံုး Huawei Nova 3i စမတ္ဖုန္းကို ထပ္မံမိတ္ဆက္ျပီး ေရာင္းခ်ေနျပီပဲျဖစ္ပါတယ္။

Huawei Nova 3i

အခု ထြက္ရွိလာတဲ့ Huawei Nova 3i စမတ္ဖုန္းဟာ ယခင္ Huawei ဖုန္းေတြနဲ႔ယွဥ္ရင္ စိတ္ဝင္စားရာအခ်က္တစ္ခုရွိေနျပီးေတာ့ အဲ့ဒါကေတာ့ Processor ကို ယခင္ Huawei ရဲ႕ Kirin 659 Processor အစား Kirin 710 Processor ကို အသံုးျပဳထားတာပဲျဖစ္ပါတယ္။ အခု Kirin 710 Processor က Mid Range Processor ထဲမွာ ပါဝင္စားသက္သာတဲ့ 12nm Architecture ကို အသံုးျပဳထားတာျဖစ္တဲ့အတြက္ စြမ္းေဆာင္ရည္ပိုင္းအရေတာ့ သိသိသာသာကို တုိးတက္လာတာျဖစ္ပါတယ္။

Huawei Nova 3i Hand-on

အရင္ဆံုး Huawei Nova 3i စမတ္ဖုန္းကုိ ကိုင္ၾကည့္လုိက္မယ္ဆုိရင္ 6.3″ ရွိတဲ့ Full HD+ Display ကို အသံုးျပဳထားတာျဖစ္ျပီး Glass Body ဒီဇုိင္းကိုမွ ေဘးေဘာင္ေတြကို Aluminum Frame နဲ႔ ျပဳလုပ္ထားတဲ့အတြက္ လွပတဲ့ ဒီဇုိင္းဆုိတာကေတာ့ လက္ခံရမွာပါ။ ေနာက္ျပီး Huawei ကေန ယခု Nova 3i စမတ္ဖုန္းမွာ Flagship P20 Pro လုိမ်ိဳး အေရာင္ေျပး Color တစ္ခုျဖစ္တဲ့ Iris Purple အေရာင္ကိုပါ မိတ္ဆက္ခဲ့တဲ့အတြက္ လက္ထဲမွာ ကိုင္ရတာ ထူးျခားေနမွာလည္း အေသအခ်ာပါပဲ။

Huawei Nova 3i

Display ကိုလည္း Nova 3e ထက္ပိုျပီး ၾကီးတဲ့ 6.3″ Display ကို အသံုးျပဳထားတဲ့အတြက္ Screen အၾကီးၾကိဳက္တဲ့သူေတြအတြက္ကေတာ့ အၾကိဳက္ေတြ႕ေစဦးမွာပါ။ Resolution က Full HD+ (1080×2340 Pixel) ရွိမွာျဖစ္ျပီးေတာ့ 19.5:9 Ratio ပံုစံတည္ေဆာက္ထားတာျဖစ္ပါတယ္။ Display ရဲ႕ အေပၚဘက္မွာ Notch လည္းပါဝင္ျပီးေတာ့ မၾကိဳက္တဲ့သူေတြအတြက္လည္း ေဖ်ာက္ထားလုိ႔ရတဲ့ Option ပါဝင္မွာပါ။

စြမ္းေဆာင္ရည္ပိုင္းအေနနဲ႔ကေတာ့ Huawei Nova 3i စမတ္ဖုန္းက စြမ္းေဆာင္ရည္ျမင့္မားျပီးေတာ့ Kirin 710 Processor က Geekbench Single Core Benchmark ေတြမွာ ရမွတ္ 1600 Points ေက်ာ္ရရွိေနျပီး ယခင္ Kirin 659 Processor ထက္ ၂ ဆေလာက္ကို စြမ္းေဆာင္ရည္ေကာင္းမြန္လာတာျဖစ္ပါတယ္။ RAM အေနနဲ႔ေတာ့ 4GB RAM နဲ႔အတူ Storage ကို 128GB ထည့္သြင္းထားတာျဖစ္ပါတယ္။

တကယ္အသံုးျပဳတဲ့အခ်ိန္မွာလည္း Huawei Nova 3i စမတ္ဖုန္းက သိသိသာသာကို စြမ္းေဆာင္ရည္တိုးတက္လာတာကိုေတြ႕ရျပီးေတာ့ Web Browsing လုပ္ေနတဲ့အခ်ိန္မွာ ဖုန္းက ေလးသြားတာလံုးဝမရွိတာကို ေတြ႕ရပါတယ္။ ဂိမ္းေတြေဆာ့တဲ့အခ်ိန္မွာလည္း PUBG ၊ Mobile Legends : Bang Bang လို ဂိမ္းေတြကို High Setting နဲ႔ ေဆာ့လုိ႔ရတာကလည္း အထင္ၾကီးစရာပါ။ အဲ့ဒီအတြက္ သံုးသပ္ရရင္ Huawei က အခု Nova 3i စမတ္ဖုန္းမွာ စြမ္းေဆာင္ရည္ပိုင္းအရ ပိုျပီး တိုးတက္လာျပီးေတာ့ Storage 128GB ပါဝင္တာကလည္း ဂိမ္းေတြေဆာ့တဲ့သူေတြ၊ Movies ေတြ Photos ေတြ သိုေလွာင္မယ့္သူေတြအတြက္လည္း အားရစရာအခ်က္တစ္ခုပါ။

Camera ပိုင္းအေနနဲ႔ကေတာ့ Huawei ကေန Dual Back Camera နဲ႔ Dual Front Camera ေတြကို ဆက္လက္အသံုးျပဳထားျပီးေတာ့ ဖုန္းရဲ႕ ေနာက္ေက်ာဘက္မွာ 16MP + 2MP Sensor ေတြနဲ႔ ဖုန္းရဲ႕ အေရွ႕ဘက္မွာေတာ့ 24MP + 2MP Sensor ေတြ တပ္ဆင္ထားတာျဖစ္ပါတယ္။ အခု Camera ပိုင္းမွာေတာ့ အဓိက အားသာခ်က္အသစ္ေတြပါဝင္လာတာကေတာ့ ကိုယ္ရုိက္ကူးတဲ့ အေနအထားေပၚမူတည္ျပီး အလုိအေလ်ာက္ Scene ေတြကို ဆံုးျဖတ္ျပီး အေကာင္းဆံုးေသာ ဓါတ္ပံုေတြရေအာင္ ျပင္ဆင္ေပးမယ့္ AI Camera Feature ေတြနဲ႔ Portrait ပံုေတြရုိက္တဲ့အခ်ိန္မွာလည္း Lighting Effect ေတြပါ ပါဝင္လာတာပဲျဖစ္ပါတယ္။ ေနာက္ျပီး Selfie ခ်စ္သူေတြအတြက္လည္း AR Lens Feature ကေန 3D Qmoji ေတြကို အသံုးျပဳႏုိင္ဦးမွာဆုိေတာ့ ေတာ္ေတ္ာေလးကို Fun ျဖစ္တဲ့ Feature ေတြပါဝင္လာတယ္လုိ႔ ေျပာရမွာပါ။

အဲ့ဒီအတြက္ Huawei Nova 3i စမတ္ဖုန္းက ကင္မရာပိုင္းအေနနဲ႔ေတာ့ Mid Range ဖုန္းတစ္ခုအေနနဲ႔ ေကာင္းမြန္တဲ့ အရည္အေသြးတစ္ခုရွိေနတဲ့အျပင္ အသစ္ပါဝင္လာတဲ့ AI Camera ၊ Portrait Lighting Feature ေတြနဲ႔ တြဲဖက္လုိက္တဲ့အခ်ိန္မွာ ေတာ္ေတာ္ေလးကို ေကာင္းတယ္လုိ႔ သတ္မွတ္ႏုိင္ပါတယ္။

Video ရုိက္ကူးတဲ့သူေတြအတြက္လည္း ပံုမွန္ထက္ ၁၆ဆ ပိုေႏွးတဲ့ 480fps Super Slow Motion Video ေတြကို ရုိက္ကူးႏုိင္မွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Mid Range ဖုန္းတစ္ခုအေနနဲ႔ Super Slow Motion ကို ရုိက္ကူးခ်င္တယ္ဆုိရင္ Nova 3i က စဥ္းစားရမယ့္ဖုန္းတစ္ခုျဖစ္မွာပါ။

Battery ပိုင္းအေနနဲ႔ကေတာ့ 3340mAh Battery ပါဝင္တာျဖစ္ျပီး ပါဝါစားသက္သာတဲ့ 12nm Architecture အသံုးျပဳထားတဲ့ Kirin 710 Processor ေၾကာင့္ တစ္ေနကုန္ဆက္တုိက္အသံုးျပဳႏုိင္တာကိုလည္း ေတြ႕ရပါတယ္။ အားျပန္သြင္းတဲ့အခ်ိန္မွာလည္း MicroUSB ကတစ္ဆင့္ 10W Charging နဲ႔ အားသြင္းတဲ့အတြက္ အားသြင္းခ်ိန္ကလည္း ပံုမွန္ထက္ ပိုျပီး ျမန္ဆန္တာကို ေတြ႕ရပါတယ္။

Software ပိုင္းအေနနဲ႔ကေတာ့ Android Version 8.1 Oreo ကို အေျခခံထားတဲ့ EMUI 8.2 ကို အသံုးျပဳထားျပီးေတာ့ Navigation Feature ေတြ၊ App Drawer ပံုစံေတြအျပင္ Gesture Feature ေတြကိုလည္း စိတ္ၾကိဳက္အသံုးျပဳႏုိင္တာကလည္း အားသာခ်က္တစ္ခုလုိ႔ သတ္မွတ္ႏုိင္ပါတယ္။

Huawei Nova 3i

ေနာက္ဆံုးသံုးသပ္ရမယ္ဆိုရင္ Huawei Nova 3i စမတ္ဖုန္းဟာ စြမ္းေဆာင္ရည္ပိုင္းမွာ သိသိသာသာကို တိုးတက္လာတဲ့အျပင္ Camera ပိုင္း ၊ Battery Life နဲ႔ Design ပိုင္းေတြမွာပါ တိုးတက္လာတဲ့ Mid Range ဖုန္းတစ္ခုလုိ႔ ေျပာလုိ႔ရျပီး ေငြက်ပ္ ၃ သိန္း နဲ႔ ၄ သိန္းၾကားဖုန္းေတြထဲမွာ ထည့္သြင္းစဥ္းစားသင့္တဲ့ ထပ္ဆံုးက စမတ္ဖုန္းတစ္ခုျဖစ္လာပါတယ္။

Huawei Nova 3i စမတ္ဖုန္းကို လက္ရွိအခ်ိန္မွာ Iris Purple အျပင္ Black ၊ Pearl White အေရာင္ေတြကို ေရြးခ်ယ္ႏုိင္ျပီးေတာ့ ေစ်းႏႈန္းအေနနဲ႔ ေငြက်ပ္ ၃၅၉,၀၀၀ က်ပ္နဲ႔ ဝယ္ယူေနႏုိင္ျပီျဖစ္ပါတယ္။

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Huawei ရဲ့ Nova Series စမတ်ဖုန်းတွေက မနှစ်တုန်းက Nova 2i စမတ်ဖုန်းနဲ့အတူ မြန်မာနိုင်ငံဈေးကွက်အတွင်းမှာ အောင်မြင်မှုရရှိလာတဲ့ Mid Range စမတ်ဖုန်းတွေလို့ ပြောလို့ရပါတယ်။ ယခုနှစ်မှာလည်း Huawei ကနေ Nova 3e စမတ်ဖုန်းကို ထုတ်လုပ်ထားခဲ့ပြီး အခုနောက်ဆုံး Huawei Nova 3i စမတ်ဖုန်းကို ထပ်မံမိတ်ဆက်ပြီး ရောင်းချနေပြီပဲဖြစ်ပါတယ်။

Huawei Nova 3i

အခု ထွက်ရှိလာတဲ့ Huawei Nova 3i စမတ်ဖုန်းဟာ ယခင် Huawei ဖုန်းတွေနဲ့ယှဉ်ရင် စိတ်ဝင်စားရာအချက်တစ်ခုရှိနေပြီးတော့ အဲ့ဒါကတော့ Processor ကို ယခင် Huawei ရဲ့ Kirin 659 Processor အစား Kirin 710 Processor ကို အသုံးပြုထားတာပဲဖြစ်ပါတယ်။ အခု Kirin 710 Processor က Mid Range Processor ထဲမှာ ပါဝင်စားသက်သာတဲ့ 12nm Architecture ကို အသုံးပြုထားတာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းအရတော့ သိသိသာသာကို တိုးတက်လာတာဖြစ်ပါတယ်။

Huawei Nova 3i Hand-on

အရင်ဆုံး Huawei Nova 3i စမတ်ဖုန်းကို ကိုင်ကြည့်လိုက်မယ်ဆိုရင် 6.3″ ရှိတဲ့ Full HD+ Display ကို အသုံးပြုထားတာဖြစ်ပြီး Glass Body ဒီဇိုင်းကိုမှ ဘေးဘောင်တွေကို Aluminum Frame နဲ့ ပြုလုပ်ထားတဲ့အတွက် လှပတဲ့ ဒီဇိုင်းဆိုတာကတော့ လက်ခံရမှာပါ။ နောက်ပြီး Huawei ကနေ ယခု Nova 3i စမတ်ဖုန်းမှာ Flagship P20 Pro လိုမျိုး အရောင်ပြေး Color တစ်ခုဖြစ်တဲ့ Iris Purple အရောင်ကိုပါ မိတ်ဆက်ခဲ့တဲ့အတွက် လက်ထဲမှာ ကိုင်ရတာ ထူးခြားနေမှာလည်း အသေအချာပါပဲ။

Huawei Nova 3i

Display ကိုလည်း Nova 3e ထက်ပိုပြီး ကြီးတဲ့ 6.3″ Display ကို အသုံးပြုထားတဲ့အတွက် Screen အကြီးကြိုက်တဲ့သူတွေအတွက်ကတော့ အကြိုက်တွေ့စေဦးမှာပါ။ Resolution က Full HD+ (1080×2340 Pixel) ရှိမှာဖြစ်ပြီးတော့ 19.5:9 Ratio ပုံစံတည်ဆောက်ထားတာဖြစ်ပါတယ်။ Display ရဲ့ အပေါ်ဘက်မှာ Notch လည်းပါဝင်ပြီးတော့ မကြိုက်တဲ့သူတွေအတွက်လည်း ဖျောက်ထားလို့ရတဲ့ Option ပါဝင်မှာပါ။

စွမ်းဆောင်ရည်ပိုင်းအနေနဲ့ကတော့ Huawei Nova 3i စမတ်ဖုန်းက စွမ်းဆောင်ရည်မြင့်မားပြီးတော့ Kirin 710 Processor က Geekbench Single Core Benchmark တွေမှာ ရမှတ် 1600 Points ကျော်ရရှိနေပြီး ယခင် Kirin 659 Processor ထက် ၂ ဆလောက်ကို စွမ်းဆောင်ရည်ကောင်းမွန်လာတာဖြစ်ပါတယ်။ RAM အနေနဲ့တော့ 4GB RAM နဲ့အတူ Storage ကို 128GB ထည့်သွင်းထားတာဖြစ်ပါတယ်။

တကယ်အသုံးပြုတဲ့အချိန်မှာလည်း Huawei Nova 3i စမတ်ဖုန်းက သိသိသာသာကို စွမ်းဆောင်ရည်တိုးတက်လာတာကိုတွေ့ရပြီးတော့ Web Browsing လုပ်နေတဲ့အချိန်မှာ ဖုန်းက လေးသွားတာလုံးဝမရှိတာကို တွေ့ရပါတယ်။ ဂိမ်းတွေဆော့တဲ့အချိန်မှာလည်း PUBG ၊ Mobile Legends : Bang Bang လို ဂိမ်းတွေကို High Setting နဲ့ ဆော့လို့ရတာကလည်း အထင်ကြီးစရာပါ။ အဲ့ဒီအတွက် သုံးသပ်ရရင် Huawei က အခု Nova 3i စမတ်ဖုန်းမှာ စွမ်းဆောင်ရည်ပိုင်းအရ ပိုပြီး တိုးတက်လာပြီးတော့ Storage 128GB ပါဝင်တာကလည်း ဂိမ်းတွေဆော့တဲ့သူတွေ၊ Movies တွေ Photos တွေ သိုလှောင်မယ့်သူတွေအတွက်လည်း အားရစရာအချက်တစ်ခုပါ။

Camera ပိုင်းအနေနဲ့ကတော့ Huawei ကနေ Dual Back Camera နဲ့ Dual Front Camera တွေကို ဆက်လက်အသုံးပြုထားပြီးတော့ ဖုန်းရဲ့ နောက်ကျောဘက်မှာ 16MP + 2MP Sensor တွေနဲ့ ဖုန်းရဲ့ အရှေ့ဘက်မှာတော့ 24MP + 2MP Sensor တွေ တပ်ဆင်ထားတာဖြစ်ပါတယ်။ အခု Camera ပိုင်းမှာတော့ အဓိက အားသာချက်အသစ်တွေပါဝင်လာတာကတော့ ကိုယ်ရိုက်ကူးတဲ့ အနေအထားပေါ်မူတည်ပြီး အလိုအလျောက် Scene တွေကို ဆုံးဖြတ်ပြီး အကောင်းဆုံးသော ဓါတ်ပုံတွေရအောင် ပြင်ဆင်ပေးမယ့် AI Camera Feature တွေနဲ့ Portrait ပုံတွေရိုက်တဲ့အချိန်မှာလည်း Lighting Effect တွေပါ ပါဝင်လာတာပဲဖြစ်ပါတယ်။ နောက်ပြီး Selfie ချစ်သူတွေအတွက်လည်း AR Lens Feature ကနေ 3D Qmoji တွေကို အသုံးပြုနိုင်ဦးမှာဆိုတော့ တော်တေ်ာလေးကို Fun ဖြစ်တဲ့ Feature တွေပါဝင်လာတယ်လို့ ပြောရမှာပါ။

အဲ့ဒီအတွက် Huawei Nova 3i စမတ်ဖုန်းက ကင်မရာပိုင်းအနေနဲ့တော့ Mid Range ဖုန်းတစ်ခုအနေနဲ့ ကောင်းမွန်တဲ့ အရည်အသွေးတစ်ခုရှိနေတဲ့အပြင် အသစ်ပါဝင်လာတဲ့ AI Camera ၊ Portrait Lighting Feature တွေနဲ့ တွဲဖက်လိုက်တဲ့အချိန်မှာ တော်တော်လေးကို ကောင်းတယ်လို့ သတ်မှတ်နိုင်ပါတယ်။

Video ရိုက်ကူးတဲ့သူတွေအတွက်လည်း ပုံမှန်ထက် ၁၆ဆ ပိုနှေးတဲ့ 480fps Super Slow Motion Video တွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Mid Range ဖုန်းတစ်ခုအနေနဲ့ Super Slow Motion ကို ရိုက်ကူးချင်တယ်ဆိုရင် Nova 3i က စဉ်းစားရမယ့်ဖုန်းတစ်ခုဖြစ်မှာပါ။

Battery ပိုင်းအနေနဲ့ကတော့ 3340mAh Battery ပါဝင်တာဖြစ်ပြီး ပါဝါစားသက်သာတဲ့ 12nm Architecture အသုံးပြုထားတဲ့ Kirin 710 Processor ကြောင့် တစ်နေကုန်ဆက်တိုက်အသုံးပြုနိုင်တာကိုလည်း တွေ့ရပါတယ်။ အားပြန်သွင်းတဲ့အချိန်မှာလည်း MicroUSB ကတစ်ဆင့် 10W Charging နဲ့ အားသွင်းတဲ့အတွက် အားသွင်းချိန်ကလည်း ပုံမှန်ထက် ပိုပြီး မြန်ဆန်တာကို တွေ့ရပါတယ်။

Software ပိုင်းအနေနဲ့ကတော့ Android Version 8.1 Oreo ကို အခြေခံထားတဲ့ EMUI 8.2 ကို အသုံးပြုထားပြီးတော့ Navigation Feature တွေ၊ App Drawer ပုံစံတွေအပြင် Gesture Feature တွေကိုလည်း စိတ်ကြိုက်အသုံးပြုနိုင်တာကလည်း အားသာချက်တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။

Huawei Nova 3i

နောက်ဆုံးသုံးသပ်ရမယ်ဆိုရင် Huawei Nova 3i စမတ်ဖုန်းဟာ စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာကို တိုးတက်လာတဲ့အပြင် Camera ပိုင်း ၊ Battery Life နဲ့ Design ပိုင်းတွေမှာပါ တိုးတက်လာတဲ့ Mid Range ဖုန်းတစ်ခုလို့ ပြောလို့ရပြီး ငွေကျပ် ၃ သိန်း နဲ့ ၄ သိန်းကြားဖုန်းတွေထဲမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ ထပ်ဆုံးက စမတ်ဖုန်းတစ်ခုဖြစ်လာပါတယ်။

Huawei Nova 3i စမတ်ဖုန်းကို လက်ရှိအချိန်မှာ Iris Purple အပြင် Black ၊ Pearl White အရောင်တွေကို ရွေးချယ်နိုင်ပြီးတော့ ဈေးနှုန်းအနေနဲ့ ငွေကျပ် ၃၅၉,၀၀၀ ကျပ်နဲ့ ဝယ်ယူနေနိုင်ပြီဖြစ်ပါတယ်။

Zawyè (Akhayar) 

www.akhayar.com