Huawei Nova 3
Huawei Nova 3
Huawei Nova 3
Huawei Nova 3
Huawei Nova 3
Huawei Nova 3
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
Huawei ကနေ ယခုနောက်ဆုံးအနေနဲ့ Nova 3 နဲ့ Nova 3i ဆိုပြီး Mid Range ဖုန်းသစ် ၂ မျိုးကို မိတ်ဆက်ထားခဲ့ပါတယ်။ အဲ့ဒီ ဖုန်းတွေထဲမှာမှ လက်ရှိစျေးကွက်ထဲမှာ ငွေကျပ် ၅၅၉၀၀၀ ကျပ်နဲ့ ရောင်းချနေတဲ့ Nova 3 စမတ်ဖုန်းက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
Huawei Nova 3
အခုလိုမျိုး Huawei Nova 3 စမတ်ဖုန်းက ပိုပြီး စိတ်ဝင်စားဖို့ကောင်းနေတဲ့အချက်ကတော့ Processor အနေနဲ့ လက်ရှိ Huawei Flagship ဖုန်းတွေဖြစ်တဲ့ Huawei P20 နဲ့ P20 Pro ဖုန်းတွေမှာ အသုံးပြုနေတဲ့ Kirin 970 Processor ကိုပဲ အသုံးပြုထားတာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်အလွန်ကောင်းမွန်တဲ့ Flagship Level Processor ကို Mid Range ဖုန်းမှာ အသုံးပြုထားတဲ့ Huawei Nova 3 စမတ်ဖုန်းအကြောင်းကို Review ပြုလုပ်ပေးလိုက်ပါတယ်။
Huawei Nova 3 စမတ်ဖုန်းကို လက်ထဲမှာ ကိုင်ကြည့်လိုက်မယ်ဆိုရင် အရှေ့ရော အနောက်ရောပါ Glass Body ကို အသုံးပြုထားတဲ့အတွက်ကြောင့် တော်တော်လေးကို Premium ဆန်တဲ့ Feeling ကိုရရှိတာကို တွေ့ရပါတယ်။ Nova 3 မှာ 3i နဲ့ မတူတဲ့အချက်က ဖုန်းနောက်ကျောဘက်က ဘေးဘောင်တွေကို ပိုပြီး ခုံးပေးထားတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ပိုပြီး ကိုင်လို့ ကောင်းနေတာကို တွေ့ရပါတယ်။
Huawei Nova 3
Huawei Nova 3 ရဲ့ Display ပိုင်းကို ကြည့်မယ်ဆိုရင်တော့ 6.3″ Full HD+ Display ကို အသုံးပြုထားပြီးတော့ လက်ရှိအချိန်မှာ ခေတ်စားနေတဲ့ Notch လည်းပါဝင်မှာဖြစ်ပါတယ်။ Display ပိုင်းကိုကြည့်မယ်ဆိုရင်လည်း တော်တော်လေးကို ကောင်းမွန်တယ်လို့ ပြောလို့ရပြီးတော့ တကယ်လို့ ကိုယ်က Notch ကို မကြိုက်ဘူးဆိုရင်လည်း Notch ကို ဖျောက်ထားလို့ ရမှာဖြစ်ပါတယ်။
Huawei Nova 3
Huawei Nova 3 ရဲ့ အဓိက အားသာချက်ကို ပြောပါဆိုရင်တော့ စွမ်းဆောင်ရည်ပိုင်းပဲဖြစ်ပါလိမ့်မယ်။ Nova 3 ဖုန်းမှာ လက်ရှိ Huawei ရဲ့ အကောင်းဆုံး Processor တစ်ခုဖြစ်တဲ့ Kirin 970 Processor ကို အသုံးပြုထားတာဖြစ်ပြီးတော့ RAM အနေနဲ့လည်း 6GB ပါဝင်နေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဂိမ်းတွေ၊ Multitasking ပိုင်းတွေအကုန်လုံးက တကယ်ကို Flagship ဖုန်းတစ်ခုလိုမျိုး ကောင်းမွန်နေတာကိုတွေ့ရမှာပါ။ Heat လည်း ဂိမ်းအကြာကြီးဆော့ရင်တောင်မှ သိသိသာသာမတက်တာကို တွေ့ရပါတယ်။ Storage အနေနဲ့လည်း SIM 2 Slot ကနေ MicroSD Card တိုးလို့ရတဲ့အပြင် Internal Storage ကလည်း 128GB ပါတော့ Data တွေအများကြီးလည်း သိမ်းထားလို့ရမှာပါ။
Huawei Nova 3
ကင်မရာပိုင်းကို ကြည့်မယ်ဆိုရင်လည်း တော်တော်လေးကို ကောင်းမွန်တဲ့အထဲမှာ ပါပြီးတော့ Back Camera ကို 24MP Monochrome Sensor နဲ့ 16MP RGB Sensor တွေကို အသုံးပြုထားတာဖြစ်ပါတယ်။ Aperture ပိုင်းအနေနဲ့လည်း Lens ၂ ခုစလုံးက f1.8 Sensor ကို အသုံးပြုထားတဲ့အတွက် Low Light ဓါတ်ပုံတွေကိုလည်း ကောင်းကောင်းရိုက်ကူးနိုင်တာကို တွေ့ရပါတယ်။
Huawei Nova 3
Huawei Nova 3 ရဲ့ ကင်မရာဟာ Monochrome Sensor ကိုပါ အသုံးပြုထားတဲ့အတွက် ပုံမှန် Aperture Mode ၊ Portrait Mode နဲ့ Pro Mode တွေအပြင် Monochrome ပုံတွေကိုပါ ရိုက်ကူးနိုင်မှာဖြစ်ပြီး ပုံထွက်ကလည်း တော်တော်ကိုကောင်းမွန်တာကိုတွေ့ရပါတယ်။ ဒါ့အပြင် Huawei ရဲ့ ကိုယ်ရိုက်လိုက်တဲ့ ပုံရဲ့ အခြေအနေပေါ်မှုတည်ပြီးတော့ ကိုက်ညီတဲ့ AI enhancement တွေနဲ့ ဓါတ်ပုံကို ပိုပြီး လှပသွားအောင် ပြုလုပ်ပေးတဲ့ AI Camera Feature လည်းပါဝင်ဦးမှာပါ။
Front Selfie Camera အနေနဲ့ကတော့ 24MP f2.0 Aperture Camera ကို အသုံးပြုထားပြီး AR Lens Feature တွေ၊ Background Lighting Feature တွေကိုပါ အသုံးပြုနိုင်တဲ့အတွက် Selfie ရိုက်ကူးရတာ ကြိုက်နှစ်သက်သူတွေအတွက်ကတော့ ပိုပြီး အဆင်ပြေတာကို တွေ့ရပါတယ်။
Huawei Nova 3
Battery ပိုင်းအနေနဲ့လည်း Heavy User တွေ အကြိုက်တွေ့မယ့် 3750mAh Battery ကို ထည့်သွင်းပေးထားပြီးတော့ တကယ်လို့ ကိုယ်က တနေကုန်အသုံးပြုမယ်ဆိုရင်တောင်မှ Battery က ညအထိကို အသုံးပြုနိုင်တာကို တွေ့ရပါတယ်။ အဲ့ဒီအတွက် ပုံမှန်ပဲ အသုံးပြုမယ်ဆိုရင် Huawei Nova 3 စမတ်ဖုန်းက ၂ ရက်လောက်ကို အေးဆေးအသုံးပြုလို့ရမှာပါ။
အဲ့ဒီအတွက် Huawei Nova 3 စမတ်ဖုန်းဟာ စွမ်းဆောင်ရည်ပိုင်းနဲ့ ကင်မရာပိုင်းမှာ တော်တော်လေးကို ကောင်းမွန်တယ်လို့ ပြောလို့ရမှာဖြစ်ပြီး တခြား Software ပိုင်းနဲ့ Battery ပိုင်းမှာလည်း အားနည်းတယ်လို့ ပြောလို့မရတဲ့ ဖုန်းတစ်ခုလို့ပဲ သတ်မှတ်ရမှာပါ။ လောလောဆယ်မှာ ၅ သိန်းဝန်းကျင်ဖုန်းကို ရှာနေတယ်ဆိုရင်တော့ Huawei Nova 3 ဖုန်းဟာ Recommend ပေးနိုင်တဲ့ဖုန်းလို့တောင်ပြောလို့ရပါတယ်။
Zawyè (Akhayar) 
www.akhayar.com