ဒီတစ်လထဲမှာ iPhone 11 မိတ်ဆက်မယ်လို့ သိထားရပြီဆိုပေမယ့် အလန့်တကြား အံအားသင့်အောင် လုပ်လိုက်တာက Huawei လို့ပဲ ပြောရပါတော့မယ်။
“Rethink Possibilities” ဆိုတဲ့ ဆောင်ပုဒ်အသစ်နဲ့ Mate 30 ကို ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ မိတ်ဆက်သွားတော့မယ်။ Apple နဲ့ ရှေ့ဆင့်၊ နောက်ဆင့်ဆိုပေမယ့် Huawei ဖုန်းသစ်ကို ဘာ OS နဲ့ ထုတ်ပြမှာလဲ?

The Verge မှာတော့ Mate 30 မှာ Google Services အသုံးပြုခွင့်မရထားဘူးလို့ ပြောထားတဲ့အတွက် Huawei ဘယ်လို မိတ်ဆက်လာမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။
ဒါကြောင့်ပဲ “ဖြစ်နိုင်ချေတွေ ပြန်စဥ်းစား” လို့ ပြောလိုက်တာလား မသိရပေမယ့် လက်ရှိအချိန်ထိတော့ Huawei ကို Ban ထားဆဲပါ။

လတ်တလော သိထားရသလောက်ဆိုရင် Open-source Android ကိုပဲ အခြေခံထားနိုင်တဲ့အတွက် တချိန်က Huawei ဖုန်းတွေလိုပဲ ပြန်ဖြစ်လာနိုင်မလား? အသစ်မိတ်ဆက်ထားတဲ့ Harmony OS နဲ့ Play Store အစားထိုး Third-party Apps တွေ ရှိထားပြီဆိုမယ့် ကျနော်တို့ ဘယ်လိုမြင်ရနိုင်မလဲ?

အခုလို Software ပိုင်းမှာ အခက်ခဲများစွာရှိနေပေမယ့် Hardware ပိုင်းမှာတော့ ပိုကောင်းလာတယ် ပြောရပါမယ်။
Mate 30 မှာ TSMC ရဲ့ 7nm EUV Process အသုံးပြုထားမယ့် Kirin 990 SoC ပါဝင်လာမှာဖြစ်တဲ့အပြင် Quad Camera စနစ်ကို ပထမဆုံး အသုံးပြုထားမယ့် ဖုန်းဖြစ်လာနိုင်ပါတယ်။

Display ပိုင်းနဲ့ ပတ်သက်လို့ကတော့ အများကြီး မျှော်လင့်စရာမရှိသလို P30 တုန်းကလိုပဲ Waterfall notch နဲ့ မြင်ရနိုင်ပြီး သာမန်ထက် ပိုခုံးထားမယ့် Curved Edge ကို အသုံးပြုလာနိုင်ပါတယ်။

Source: TheVerge
2B (Akhayar)