Huawei စမတ္ဖုန္းေတြက လက္ရွိအခ်ိန္မွာကိုယ္ပိုင္ Hardware Design နဲ႔ ကိုယ္ပိုင္ Software Design ေတြကို အေကာင္းဆံုးေပါင္းစပ္ျပီး နည္းပညာျမင့္စမတ္ဖုန္းေတြကို ထုတ္လုပ္ေနတဲ့ကုမၸဏီတစ္ခုျဖစ္ပါတယ္။ ျပီးခဲ့တဲ့ေအာက္တိုဘာလ ၁၆ ရက္ေန႔တုန္းက Huawei ကေန လက္ရွိမွာ အေကာင္းဆံုးေသာ Android စမတ္ဖုန္းတစ္ခုလုိ႔ေတာင္ သတ္မွတ္ႏုိင္တဲ့ Huawei Mate 20 ၊ Mate 20 Pro ၊ Mate 20X နဲ႔ Porsche Design Huawei Mate 20 RS စမတ္ဖုန္းေတြကို မိတ္ဆက္ခဲ့ပါတယ္။

အခု Huawei Mate 20 Series စမတ္ဖုန္းေတြကို Huawei ကေန Higher Intelligence – ပိုမိုျမင့္မားတဲ့ အသိပညာလုိ႔ေခၚဆုိထားျပီး မၾကာခင္အခ်ိန္မွာ ျမန္မာႏုိင္ငံေစ်းကြက္အတြင္းကို တရားဝင္မိတ္ဆက္ေတာ့မွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Huawei ရဲ႕ အေကာင္းဆံုးေသာ စမတ္ဖုန္းေတြျဖစ္လာမယ့္ Hauwei Mate 20 Series စမတ္ဖုန္းေတြအေၾကာင္းကို အနည္းငယ္ေဖာ္ျပေပးလုိက္ပါတယ္။

Huawei Mate 20 Series ဖုန္းေတြရဲ႕ ပထမဆံုးထူးျခားခ်က္ကေတာ့ Android ဖုန္းေတြထဲမွာ ပထမဦးဆံုးေသာ 7nm Architecture နည္းပညာကို အသံုးျပဳထားတဲ့ Kirin 980 Processor ကို အသံုးျပဳထားတာျဖစ္ပါတယ္။ အခု 7nm Architecture သံုး Kirin 980 Processor က Cortex A76 CPU နဲ႔ Mali G76 GPU ေတြကို ေပါင္းစပ္ထားတဲ့အတြက္ လက္ရွိ Android စမတ္ဖုန္းေတြထဲမွာ အေကာင္းဆံုးေသာ စြမ္းေဆာင္ရည္ကိုေပးစြမ္းႏုိင္မယ့္ စမတ္ဖုန္းတစ္ခုဆိုတာကေတာ့ ျငင္းလုိ႔မရပါဘူး။

အခု Huawei Mate 20 Series စမတ္ဖုန္းေတြမွာ ၾကီးမားတဲ့ Display ေတြကို အသံုးျပဳထားျပီးေတာ့ ကုိယ့္အတြက္ အဆင္ေျပဆံုးျဖစ္မယ့္ Display ပါဝင္တဲ့ Mate 20 ဖုန္းကို ေရြးခ်ယ္ႏုိင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ Huawei Mate 20 Pro စမတ္ဖုန္းမွာဆုိရင္ 3D Face Unlock စနစ္အျပင္ Display ေအာက္မွာပါ Under Display Fingerprint ကို ထည့္သြင္းေပးထားတာပဲျဖစ္ပါတယ္။

ေနာက္ထပ္ Huawei Mate 20 Pro ရဲ႕ အားသာခ်က္ကေတာ့ Battery ပိုင္းမွာပဲျဖစ္ပါတယ္။ Mate 20 Pro ဖုန္းမွာ ၾကီးမားတဲ့ 4200mAh Battery ပါဝင္သလုိ အားျပန္သြင္းတဲ့အခ်ိန္မွာလည္း 0-70% ကို နာရီဝက္ထဲနဲ႔ အားျပန္သြင္းႏုိင္တဲ့ 40W Huawei SuperCharge နည္းပညာကို ထည့္သြင္းထားပါတယ္။ ဒါတင္မဟုတ္ေသးဘဲ လက္ရွိ Wireless Charging စနစ္ေတြထဲမွာ အျမန္ဆံုးျဖစ္တဲ့ 15W Charging ကိုပါ ထည့္သြင္းထားတာပါ။ ဒါေပမယ့္ Huawei Mate 20 Pro ရဲ႕ လုပ္ေဆာင္ႏုိင္စြမ္းေတြက ဒါအကုန္မဟုတ္ေသးပါဘူး။ Reverse Wireless Charging စနစ္ကို ထည့္သြင္းေပးထားတဲ့အတြက္ တကယ္လုိ႔ တျခား Wireless Charging Support လုပ္တဲ့ဖုန္းတစ္ခုကို အားျပန္သြင္းခ်င္တယ္ဆုိရင္ Huawei Mate 20 Pro ဖုန္းရဲ႕ ေနာက္ေက်ာဘက္မွာ တင္ထားလုိက္ရုံပါပဲ။

Huawei Mate 20 Pro ဟာ စြမ္းေဆာင္ရည္ပုိင္းနဲ႔ Feature ပိုင္းမွာတင္ ေကာင္းေနတာမဟုတ္ဘဲ Huawei ရဲ႕ ထြက္ရွိျပီး Flagship ဖုန္းေတြနည္းတူ Camera ပိုင္းမွာလည္း တကယ္ကို ထိပ္တန္းအဆင့္ရွိေနဦးမွာပါ။ Huawei Mate 20 Pro မွာ Back Camera ၃ လံုးပါဝင္မွာျဖစ္ျပီး 40MP Primary Camera ၊ 20MP Ultra-wide Camera နဲ႔ 8MP Telephoto Camera ေတြကို တပ္ဆင္ထားျပီးေတာ့ LEICA Lens ေတြျဖစ္တဲ့အတြက္ အေကာင္းဆံုးေသာ ရုပ္ထြက္ေတြရရွိေစမွာပါ။ Huawei ကေန အခု Mate 20 Pro မွာ Highlight ျပဳလုပ္ခ်င္တဲ့ Subject ျဖစ္တဲ့ လူလုိမ်ိဳး အရာဝတၳဳကလြဲျပီး ပတ္ဝန္းက်င္က အေရာင္ေတြကို Black & White ေျပာင္းေပးႏုိင္တဲ့ AI Spotlight Reel Feature ကိုလည္း ထည့္သြင္းထားပါေသးတယ္။

ဒါတင္မဟုတ္ေသးဘဲ Huawei ကေန ယခု Mate 20 Series စမတ္ဖုန္းေတြနဲ႔အတူ EMUI 9.0 ကိုပါ မိတ္ဆက္ေပးခဲ့ျပီးေတာ့ အဆိုပါ EMUI 9.0 မွာ သိသိသာသာေျပာင္းလဲမႈအေနနဲ႔ Gesture Navigation စနစ္အသစ္ပါဝင္လာမွာျဖစ္ပါတယ္။

အခု Huawei ရဲ႕ အေကာင္းဆံုးစမတ္ဖုန္းေတြလုိ႔ဆိုရမယ့္ Huawei Mate 20 Series စမတ္ဖုန္းေတြကုိ လာမယ့္ ေအာက္တိုဘာ ၃၁ ရက္ေန႔မွာ ျမန္မာႏုိင္ငံမွာ တရားဝင္မိတ္ဆက္သြားမွာျဖစ္ျပီးေတာ့ လာမယ့္ ႏုိဝင္ဘာလ ဒုတိယပတ္မွာ စတင္ဝယ္ယူႏုိင္မယ္လုိ႔ သိရပါတယ္။

Zawyè (Akhayar) 

www.akhayar.com

[UNICODE]
Huawei စမတ်ဖုန်းတွေက လက်ရှိအချိန်မှာကိုယ်ပိုင် Hardware Design နဲ့ ကိုယ်ပိုင် Software Design တွေကို အကောင်းဆုံးပေါင်းစပ်ပြီး နည်းပညာမြင့်စမတ်ဖုန်းတွေကို ထုတ်လုပ်နေတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ ၁၆ ရက်နေ့တုန်းက Huawei ကနေ လက်ရှိမှာ အကောင်းဆုံးသော Android စမတ်ဖုန်းတစ်ခုလို့တောင် သတ်မှတ်နိုင်တဲ့ Huawei Mate 20 ၊ Mate 20 Pro ၊ Mate 20X နဲ့ Porsche Design Huawei Mate 20 RS စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။

အခု Huawei Mate 20 Series စမတ်ဖုန်းတွေကို Huawei ကနေ Higher Intelligence – ပိုမိုမြင့်မားတဲ့ အသိပညာလို့ခေါ်ဆိုထားပြီး မကြာခင်အချိန်မှာ မြန်မာနိုင်ငံစျေးကွက်အတွင်းကို တရားဝင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Huawei ရဲ့ အကောင်းဆုံးသော စမတ်ဖုန်းတွေဖြစ်လာမယ့် Hauwei Mate 20 Series စမတ်ဖုန်းတွေအကြောင်းကို အနည်းငယ်ဖော်ပြပေးလိုက်ပါတယ်။

Huawei Mate 20 Series ဖုန်းတွေရဲ့ ပထမဆုံးထူးခြားချက်ကတော့ Android ဖုန်းတွေထဲမှာ ပထမဦးဆုံးသော 7nm Architecture နည်းပညာကို အသုံးပြုထားတဲ့ Kirin 980 Processor ကို အသုံးပြုထားတာဖြစ်ပါတယ်။ အခု 7nm Architecture သုံး Kirin 980 Processor က Cortex A76 CPU နဲ့ Mali G76 GPU တွေကို ပေါင်းစပ်ထားတဲ့အတွက် လက်ရှိ Android စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးသော စွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်မယ့် စမတ်ဖုန်းတစ်ခုဆိုတာကတော့ ငြင်းလို့မရပါဘူး။

အခု Huawei Mate 20 Series စမတ်ဖုန်းတွေမှာ ကြီးမားတဲ့ Display တွေကို အသုံးပြုထားပြီးတော့ ကိုယ့်အတွက် အဆင်ပြေဆုံးဖြစ်မယ့် Display ပါဝင်တဲ့ Mate 20 ဖုန်းကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Huawei Mate 20 Pro စမတ်ဖုန်းမှာဆိုရင် 3D Face Unlock စနစ်အပြင် Display အောက်မှာပါ Under Display Fingerprint ကို ထည့်သွင်းပေးထားတာပဲဖြစ်ပါတယ်။

နောက်ထပ် Huawei Mate 20 Pro ရဲ့ အားသာချက်ကတော့ Battery ပိုင်းမှာပဲဖြစ်ပါတယ်။ Mate 20 Pro ဖုန်းမှာ ကြီးမားတဲ့ 4200mAh Battery ပါဝင်သလို အားပြန်သွင်းတဲ့အချိန်မှာလည်း 0-70% ကို နာရီဝက်ထဲနဲ့ အားပြန်သွင်းနိုင်တဲ့ 40W Huawei SuperCharge နည်းပညာကို ထည့်သွင်းထားပါတယ်။ ဒါတင်မဟုတ်သေးဘဲ လက်ရှိ Wireless Charging စနစ်တွေထဲမှာ အမြန်ဆုံးဖြစ်တဲ့ 15W Charging ကိုပါ ထည့်သွင်းထားတာပါ။ ဒါပေမယ့် Huawei Mate 20 Pro ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက ဒါအကုန်မဟုတ်သေးပါဘူး။ Reverse Wireless Charging စနစ်ကို ထည့်သွင်းပေးထားတဲ့အတွက် တကယ်လို့ တခြား Wireless Charging Support လုပ်တဲ့ဖုန်းတစ်ခုကို အားပြန်သွင်းချင်တယ်ဆိုရင် Huawei Mate 20 Pro ဖုန်းရဲ့ နောက်ကျောဘက်မှာ တင်ထားလိုက်ရုံပါပဲ။

Huawei Mate 20 Pro ဟာ စွမ်းဆောင်ရည်ပိုင်းနဲ့ Feature ပိုင်းမှာတင် ကောင်းနေတာမဟုတ်ဘဲ Huawei ရဲ့ ထွက်ရှိပြီး Flagship ဖုန်းတွေနည်းတူ Camera ပိုင်းမှာလည်း တကယ်ကို ထိပ်တန်းအဆင့်ရှိနေဦးမှာပါ။ Huawei Mate 20 Pro မှာ Back Camera ၃ လုံးပါဝင်မှာဖြစ်ပြီး 40MP Primary Camera ၊ 20MP Ultra-wide Camera နဲ့ 8MP Telephoto Camera တွေကို တပ်ဆင်ထားပြီးတော့ LEICA Lens တွေဖြစ်တဲ့အတွက် အကောင်းဆုံးသော ရုပ်ထွက်တွေရရှိစေမှာပါ။ Huawei ကနေ အခု Mate 20 Pro မှာ Highlight ပြုလုပ်ချင်တဲ့ Subject ဖြစ်တဲ့ လူလိုမျိုး အရာဝတ္ထုကလွဲပြီး ပတ်ဝန်းကျင်က အရောင်တွေကို Black & White ပြောင်းပေးနိုင်တဲ့ AI Spotlight Reel Feature ကိုလည်း ထည့်သွင်းထားပါသေးတယ်။

ဒါတင်မဟုတ်သေးဘဲ Huawei ကနေ ယခု Mate 20 Series စမတ်ဖုန်းတွေနဲ့အတူ EMUI 9.0 ကိုပါ မိတ်ဆက်ပေးခဲ့ပြီးတော့ အဆိုပါ EMUI 9.0 မှာ သိသိသာသာပြောင်းလဲမှုအနေနဲ့ Gesture Navigation စနစ်အသစ်ပါဝင်လာမှာဖြစ်ပါတယ်။

အခု Huawei ရဲ့ အကောင်းဆုံးစမတ်ဖုန်းတွေလို့ဆိုရမယ့် Huawei Mate 20 Series စမတ်ဖုန်းတွေကို လာမယ့် အောက်တိုဘာ ၃၁ ရက်နေ့မှာ မြန်မာနိုင်ငံမှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီးတော့ လာမယ့် နိုဝင်ဘာလ ဒုတိယပတ်မှာ စတင်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

Zawyè (Akhayar) 

www.akhayar.com