အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အမိန့်နဲ့ Huawei ကို Ban လိုက်ပြီဖြစ်တဲ့ Google အကြောင်းအရာတွေက ဒီရက်ပိုင်းမှာ အထင်ရှားဆုံး သတင်းတွေဖြစ်နေခဲ့ပါတယ်။ အခုအချိန်မှာတော့ Google ကနေ ရက် ၉၀ ခန့် ဆိုင်းငံ့ပေးထားတယ်ဆိုပေမယ့် နောက်ပိုင်း Huawei နဲ့ Google ဆက်ဆံရေးဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ ဘယ်သူမှမသိသေးပါဘူး။

Huawei Mate 20 Pro

Huawei ကတော့ သူ့ရဲ့ Device တွေက နောက်ပိုင်းမှာလည်း ကိုယ်ပိုင် Security Update တွေနဲ့ Feature Update တွေရရှိပေးသွားဦးမယ်လို့ ပြောကြားထားပေမယ့်လည်း အခုအချိန်မှာတော့ Google ကနေ Huawei Mate 20 Pro ဖုန်းကို Android Q Beta Program ကနေ ဖယ်ရှားပစ်လိုက်ပြီပဲဖြစ်ပါတယ်။

အခုလိုမျိုး Huawei Mate 20 Pro ကို ဖယ်ရှားလိုက်တာက Google က ပြီးခဲ့တဲ့မေလ အစောပိုင်းတုန်းက ပြုလုပ်ခဲ့တဲ့ Google I/O 2019 တုန်းက Android Q Beta ကို အစောဆုံးရမယ့် Device တွေထဲမှာ Huawei နဲ့ Honor ကို ထည့်သွင်းခဲ့တာက အကျိုးသက်ရောက်မှုမရှိတော့သလိုတောင် ဖြစ်သွားပါပြီ။

Huawei Mate 20 Pro

ဘာပဲဖြစ်ဖြစ် ဒီ Huawei နဲ့ Google တို့ရဲ့ အရှုပ်အရှင်းက Huawei ရဲ့ နောက်ထွက်ရှိလာမယ့် စမတ်ဖုန်းတွေနဲ့ အခုလက်ရှိ စမတ်ဖုန်းတွေအတွက် Android Update ကရော ဘယ်လိုဖြစ်လာမလဲဆိုတာ ခန့်မှန်းရခက်နေပါပြီ။

Ref : GizChina