၂၀၁၈ ထဲကိုဝင္ေရာက္လာတာ အခုဆိုရင္ ၾသဂုတ္လထဲကို ေရာက္ရွိလာျပီျဖစ္သလုိ စမတ္ဖုန္းေလာက ကလည္း အခုဆိုရင္ Flagship ဖုန္းေတြအပါအဝင္ ဖုန္းသစ္ေတြအမ်ားအျပားေတြ႕ရွိရျပီးျဖစ္ပါတယ္။ ယမန္ေန႔တုန္းက International Data Corporation (IDC) ကေန ၂၀၁၈ ဒုတိယသံုးလပတ္အထိ စမတ္ဖုန္းထုတ္လုပ္သူေတြက တင္ပို႔ေရာင္းခ်ခဲ့တဲ့ အေရအတြက္ကို ေၾကညာခဲ့ပါတယ္။

Huawei P20 Pro Vs Samsung Galaxy S9+ Vs Apple iPhone X

အခုႏွစ္ရဲ႕ ဒုတိယသံုးလပတ္အထိ ေရာင္းခ်ထားရတဲ့ စမတ္ဖုန္းအေရအတြက္မွာေတာ့ မႏွစ္ကေနယွဥ္ရင္ ၁.၈ ရာခုိင္ႏႈန္းေလ်ာ႔က်သြားခဲ့ျပီး စုစုေပါင္း စမတ္ဖုန္း ၃၄၂ သန္းပဲ တင္ပို႔ေရာင္းခ်ႏုိင္ခဲ့တာျဖစ္ပါတယ္။ မႏွစ္တုန္းကဆုိရင္ ၂၄၈.၂ သန္းအထိ ေရာင္းခ်ႏုိင္ခဲ့တာပါ။

ဒါေပမယ့္ အခုအခ်ိန္မွာ ထူးျခားခ်က္တစ္ခုရွိေနခဲ့ျပီး ဒါကေတာ့ Huawei ပဲျဖစ္ပါတယ္။ Huawei ဟာ အခု IDC ရဲ႕ သတင္းထုတ္ျပန္ခ်က္အရ စမတ္ဖုန္းအလံုးေရ ၅၄.၂ သန္း ေရာင္းခ်ရထားျပီး တကမၻာလံုးရဲ႕ ေစ်းကြက္ရွယ္ယာ ၁၅.၈ ရာခုိင္ႏႈန္းအထိ ရရွိထားသလုိ တရုတ္ႏုိင္ငံမွာဆိုရင္ ေစ်းကြယ္ရွယ္ယာ ၂၇ ရာခုိင္ႏႈန္းအထိ ရရွိထားတာပဲျဖစ္ပါတယ္။ အခုရလဒ္ေတြဟာ Huawei ကို တကမၻာလံုးမွာ ဒုတိယစမတ္ဖုန္းတင္ပို႔သူတစ္ေယာက္ျဖစ္လာေစျပီးေတာ့ Apple ကို ေက်ာ္တက္သြားခဲ့ျပီပဲျဖစ္ပါတယ္။

IDC Q2 2018 Report

Apple အေနနဲ႔ေတာ့ လက္ရွိမွာ Huawei ရဲ႕ ေအာက္ကို ေရာက္သြားျပီး နံပါတ္ ၃ ေနရာမွာ စမတ္ဖုန္းအလံုးေရ ၄၁.၃ သန္းတင္ပို႔ထားျပီး တကမၻာလံုးေစ်းကြက္ရွယ္ယာ ၁၂.၁ ရာခုိင္ႏႈန္းနဲ႔ ထုိင္ေနရျပီျဖစ္ပါတယ္။ ဒါကလည္း Apple iPhone အသစ္ေတြမထြက္ရွိေသးတာေၾကာင့္လုိ႔ ေျပာလုိ႔ရေပမယ့္လည္း Huawei ရဲ႕ ေအာင္ျမင္မႈကိုေတာ့ ေလ်ာ႔တြက္လို႔မရပါဘူး။

IDC Q2 2018 Report

ဘာပဲျဖစ္ျဖစ္ နံပါတ္ ၁ ေနရာမွာကေတာ့ Samsung ရွိေနတုန္းပဲျဖစ္ျပီး စုစုေပါင္း စမတ္ဖုန္း ၇၁.၅ သန္း တင္ပို႔ထားျပီး ေစ်းကြက္ရွယ္ယာ ၂၀.၉ ရာခိုင္ႏႈန္းအထိ ရယူထားတဲ့အတြက္ ေလာေလာဆယ္မွာေတာ့ Samsung ကို ေက်ာ္ႏုိင္ဖုိ႔ ခဲယဥ္းေနဦးမွာပါ။

Huawei P20 Pro Vs Apple iPhone X

နံပါတ္ ၄ နဲ႔ ၅ ေနရာမွာေတာ့ Xiaomi နဲ႔ OPPO တုိ႔ကေနရာယူထားတဲ့အတြက္ လက္ရွိ စမတ္ဖုန္းေစ်းကြက္ကို Samsung နဲ႔ Apple ကလြဲရင္ တရုတ္ႏုိင္ငံထုတ္ စမတ္ဖုန္းေတြက ဦးေဆာင္ေနတယ္ဆိုတာကေတာ့ ျငင္းလုိ႔မရတဲ့အခ်က္ပဲျဖစ္မွာပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

၂၀၁၈ ထဲကိုဝင်ရောက်လာတာ အခုဆိုရင် သြဂုတ်လထဲကို ရောက်ရှိလာပြီဖြစ်သလို စမတ်ဖုန်းလောက ကလည်း အခုဆိုရင် Flagship ဖုန်းတွေအပါအဝင် ဖုန်းသစ်တွေအများအပြားတွေ့ရှိရပြီးဖြစ်ပါတယ်။ ယမန်နေ့တုန်းက International Data Corporation (IDC) ကနေ ၂၀၁၈ ဒုတိယသုံးလပတ်အထိ စမတ်ဖုန်းထုတ်လုပ်သူတွေက တင်ပို့ရောင်းချခဲ့တဲ့ အရေအတွက်ကို ကြေညာခဲ့ပါတယ်။

Huawei P20 Pro Vs Samsung Galaxy S9+ Vs Apple iPhone X

အခုနှစ်ရဲ့ ဒုတိယသုံးလပတ်အထိ ရောင်းချထားရတဲ့ စမတ်ဖုန်းအရေအတွက်မှာတော့ မနှစ်ကနေယှဉ်ရင် ၁.၈ ရာခိုင်နှုန်းလျော့ကျသွားခဲ့ပြီး စုစုပေါင်း စမတ်ဖုန်း ၃၄၂ သန်းပဲ တင်ပို့ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ မနှစ်တုန်းကဆိုရင် ၂၄၈.၂ သန်းအထိ ရောင်းချနိုင်ခဲ့တာပါ။

ဒါပေမယ့် အခုအချိန်မှာ ထူးခြားချက်တစ်ခုရှိနေခဲ့ပြီး ဒါကတော့ Huawei ပဲဖြစ်ပါတယ်။ Huawei ဟာ အခု IDC ရဲ့ သတင်းထုတ်ပြန်ချက်အရ စမတ်ဖုန်းအလုံးရေ ၅၄.၂ သန်း ရောင်းချရထားပြီး တကမ္ဘာလုံးရဲ့ ဈေးကွက်ရှယ်ယာ ၁၅.၈ ရာခိုင်နှုန်းအထိ ရရှိထားသလို တရုတ်နိုင်ငံမှာဆိုရင် ဈေးကွယ်ရှယ်ယာ ၂၇ ရာခိုင်နှုန်းအထိ ရရှိထားတာပဲဖြစ်ပါတယ်။ အခုရလဒ်တွေဟာ Huawei ကို တကမ္ဘာလုံးမှာ ဒုတိယစမတ်ဖုန်းတင်ပို့သူတစ်ယောက်ဖြစ်လာစေပြီးတော့ Apple ကို ကျော်တက်သွားခဲ့ပြီပဲဖြစ်ပါတယ်။

IDC Q2 2018 Report

Apple အနေနဲ့တော့ လက်ရှိမှာ Huawei ရဲ့ အောက်ကို ရောက်သွားပြီး နံပါတ် ၃ နေရာမှာ စမတ်ဖုန်းအလုံးရေ ၄၁.၃ သန်းတင်ပို့ထားပြီး တကမ္ဘာလုံးဈေးကွက်ရှယ်ယာ ၁၂.၁ ရာခိုင်နှုန်းနဲ့ ထိုင်နေရပြီဖြစ်ပါတယ်။ ဒါကလည်း Apple iPhone အသစ်တွေမထွက်ရှိသေးတာကြောင့်လို့ ပြောလို့ရပေမယ့်လည်း Huawei ရဲ့ အောင်မြင်မှုကိုတော့ လျော့တွက်လို့မရပါဘူး။

IDC Q2 2018 Report

ဘာပဲဖြစ်ဖြစ် နံပါတ် ၁ နေရာမှာကတော့ Samsung ရှိနေတုန်းပဲဖြစ်ပြီး စုစုပေါင်း စမတ်ဖုန်း ၇၁.၅ သန်း တင်ပို့ထားပြီး ဈေးကွက်ရှယ်ယာ ၂၀.၉ ရာခိုင်နှုန်းအထိ ရယူထားတဲ့အတွက် လောလောဆယ်မှာတော့ Samsung ကို ကျော်နိုင်ဖို့ ခဲယဉ်းနေဦးမှာပါ။

Huawei P20 Pro Vs Apple iPhone X

နံပါတ် ၄ နဲ့ ၅ နေရာမှာတော့ Xiaomi နဲ့ OPPO တို့ကနေရာယူထားတဲ့အတွက် လက်ရှိ စမတ်ဖုန်းဈေးကွက်ကို Samsung နဲ့ Apple ကလွဲရင် တရုတ်နိုင်ငံထုတ် စမတ်ဖုန်းတွေက ဦးဆောင်နေတယ်ဆိုတာကတော့ ငြင်းလို့မရတဲ့အချက်ပဲဖြစ်မှာပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com