အမေရိကန် အစိုးရ ဘယ်လိုပဲ ဖိနှိပ်နေပါတယ် ပြောပြော Huawei ကတော့ Mate 30 စီးရီး ထုတ်လုပ်ဖို့ ခြေလှမ်းစ နေပါပြီ။
အခုဆိုရင် နာမည်လည်း လှသလို နည်းပညာသစ်တွေနဲ့ ပေါင်းစပ်ထားတဲ့ Kirin SoC အသစ်ကို ကြေညာလိုက်ပြီး စက်တင်ဘာလ အစောပိုင်းမှာတင် မြင်တွေ့ရမှာပါ။

Photo: Android Central

လတ်တလော ပြောဆိုနေကြတာတော့ Huawei ရဲ့ Da Vinci Architecture အသုံးပြုထားပြီး Kirin 980 ထက်ပိုကောင်းမယ့် NPU (Neural Processing Unit) ပါလာမယ်။
7nm Process မှာပဲ ထုတ်လုပ်လာမယ်လို့ သိထားရပြီး Kirin 990 ကို Mate 30 အပြင် Mate X Foldable ဖုန်းမှာပဲ မြင်ရမယ်လို့ Huawei ရဲ့ Regional President “Yanmin Wang” အဆိုရ သိရပါတယ်။

Specification တချို့ ဖော်ပြရရင် Kirin 990 SoC ကို TSMC ရဲ့ EUV Process နဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
5G အထောက်ပံ့ ပါဝင်လာမယ်လို့ ပြောထားပေမယ့် Bandwidth ပိုများတဲ့ mmWave နည်းပညာနဲ့ sub-6GHz 5G ကွန်ရက်တွေကို ထောက်ပံ့နိုင်မလားဆိုတော့ ပြောဆိုထားခြင်း မရှိသေးပါဘူး။

ကောလာဟလတွေအရ Kirin 990 မှာ Cortex-A77 CPU နဲ့ Mali-G77 GPU တို့ အသုံးပြုလာနိုင်ပြီး 4K ဗီဒီယိုကို 60fps (Frame per Second) နဲ့ ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။
Huawei အနေနဲ့ စက်တင်ဘာလထဲ ကျင်းပသွားမယ့် IFA 2019 မှာ Kirin 990 SoC ကို မိတ်ဆက်သွားတော့မှာဆိုတော့ ဘာထူးခြားချက်တွေ ရှိဦးမလဲဆိုတာကို စောင့်ကြည့်လိုက်ရအောင်။

Ref: GSMArenaPhoneArena
2B (Akhayar)
www.akhayar.com