Huawei က အခုအခ်ိန္မွာ Apple ကို ေက်ာ္တက္ျပီးေတာ့ လက္ရွိအခ်ိန္မွာ နံပါတ္ ၂ ေနရာကို ေရာက္ရွိေနျပီျဖစ္ပါတယ္။ ဒါေပမယ့္ Huawei ကေန လာမယ့္ႏွစ္ထဲမွာ အခုထက္ပိုျပီးေနရာရရွိဖုိ႔ စိတ္ကူးေနပံုပါပဲ။ အဲ့ဒါကေတာ့ လက္ရွိစမတ္ဖုန္းထုတ္္လုပ္သူေတြထဲမွာ နံပါတ္ (၁) ေနရာကို ရရွိဖုိ႔ ၾကံစည္ေနတာပါ။

Samsung Galaxy Note 9 Vs Huawei Mate 20 Pro

အခုသတင္းက Huawei ရဲ႕ CEO ျဖစ္တဲ့ Richard Yu ကေန CNBC နဲ႔ Exclusive Interview တစ္ခုမွာေျပာၾကားခဲ့တာျဖစ္ပါတယ္။ Richard ရဲ႕ ေျပာၾကားခ်က္အရေတာ့လာမယ့္ ၂၀၁၉ ခုႏွစ္မွာ Huawei က Samsung ကို အနီးကပ္ဆံုးျပိဳင္ဆုိင္ႏုိင္ေတာ့မွာျဖစ္ျပီးေတာ့ ေနာက္ႏွစ္ေတြမွာ Samsung ကို ေက်ာ္တက္ႏိုင္မယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

 

Huawei အေနနဲ႔ အခုလုိမ်ိဳး Samsung ကို ေက်ာ္တက္ႏုိင္ဖုိ႔အတြက္ဆုိရင္ Samsung ကေန အခုအခ်ိန္မွာ ျပသထားျပီးျဖစ္တဲ့ 5G Modem ေတြ၊ Foldable စမတ္ဖုန္းေတြကိုပါ ထုတ္ျပဖုိ႔လုိအပ္ေနသလုိပဲ ပံုမွန္စမတ္ဖုနး္ေတြေရာင္းခ်ရမႈမွာလည္း Samsung ရဲ႕ Flagship ဖုန္းေတြအျပင္ Mid Range နဲ႔ Budget ဖုန္းေတြကိုပါ ေက်ာ္တက္ႏုိင္ဖုိ႔ လုိအပ္မွာပါ။

Huawei Mate 20 Pro

Huawei ဟာ လက္ရွိအခ်ိန္မွာေတာ့ 7nm Architecture ကို အသံုးျပဳထားတဲ့ Kirin 980 Processor ကို တျခားေသာ Processor ထုတ္လုပ္သူေတြထက္ အရင္ထုတ္လုပ္ႏုိင္ခဲ့တာျဖစ္ျပီး ျပီးခဲ့တဲ့ ၂၀၁၈ အေစာပိုင္းမွာ ထုတ္လုပ္ခဲ့တဲ့ Huawei P20 Pro ဖုန္းေတြကလည္း ေအာင္ျမင္မႈရရွိခဲ့တာျဖစ္တဲ့အတြက္ လာမယ့္ ၂၀၂၀ မွာ Huawei ကို နံပါတ္ (၁) စမတ္ဖုန္းထုတ္လုပ္သူအျဖစ္ျမင္ရဖုိ႔က ျဖစ္လာႏုိင္ပါတယ္။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Huawei က အခုအချိန်မှာ Apple ကို ကျော်တက်ပြီးတော့ လက်ရှိအချိန်မှာ နံပါတ် ၂ နေရာကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့် Huawei ကနေ လာမယ့်နှစ်ထဲမှာ အခုထက်ပိုပြီးနေရာရရှိဖို့ စိတ်ကူးနေပုံပါပဲ။ အဲ့ဒါကတော့ လက်ရှိစမတ်ဖုန်းထုတ််လုပ်သူတွေထဲမှာ နံပါတ် (၁) နေရာကို ရရှိဖို့ ကြံစည်နေတာပါ။

Samsung Galaxy Note 9 Vs Huawei Mate 20 Pro

အခုသတင်းက Huawei ရဲ့ CEO ဖြစ်တဲ့ Richard Yu ကနေ CNBC နဲ့ Exclusive Interview တစ်ခုမှာပြောကြားခဲ့တာဖြစ်ပါတယ်။ Richard ရဲ့ ပြောကြားချက်အရတော့လာမယ့် ၂၀၁၉ ခုနှစ်မှာ Huawei က Samsung ကို အနီးကပ်ဆုံးပြိုင်ဆိုင်နိုင်တော့မှာဖြစ်ပြီးတော့ နောက်နှစ်တွေမှာ Samsung ကို ကျော်တက်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

 

Huawei အနေနဲ့ အခုလိုမျိုး Samsung ကို ကျော်တက်နိုင်ဖို့အတွက်ဆိုရင် Samsung ကနေ အခုအချိန်မှာ ပြသထားပြီးဖြစ်တဲ့ 5G Modem တွေ၊ Foldable စမတ်ဖုန်းတွေကိုပါ ထုတ်ပြဖို့လိုအပ်နေသလိုပဲ ပုံမှန်စမတ်ဖုနး်တွေရောင်းချရမှုမှာလည်း Samsung ရဲ့ Flagship ဖုန်းတွေအပြင် Mid Range နဲ့ Budget ဖုန်းတွေကိုပါ ကျော်တက်နိုင်ဖို့ လိုအပ်မှာပါ။

Huawei Mate 20 Pro

Huawei ဟာ လက်ရှိအချိန်မှာတော့ 7nm Architecture ကို အသုံးပြုထားတဲ့ Kirin 980 Processor ကို တခြားသော Processor ထုတ်လုပ်သူတွေထက် အရင်ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ အစောပိုင်းမှာ ထုတ်လုပ်ခဲ့တဲ့ Huawei P20 Pro ဖုန်းတွေကလည်း အောင်မြင်မှုရရှိခဲ့တာဖြစ်တဲ့အတွက် လာမယ့် ၂၀၂၀ မှာ Huawei ကို နံပါတ် (၁) စမတ်ဖုန်းထုတ်လုပ်သူအဖြစ်မြင်ရဖို့က ဖြစ်လာနိုင်ပါတယ်။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com