[Zawgyi]

Foldable Phone ျပိဳင္ပြဲမွာလည္း Samsung ထက္ Huawei အသာရေနျပီလား?

အခုခ်ိန္မွာ ေခါက္ခ်ိဳးစမတ္ဖုန္းခ်ျပမယ္ဆိုျပီး ေရွ႕ဆုံးကဦးေဆာင္ေနတာ Samsung ပါ၊ လာမယ့္လထဲ က်င္းပသြားမယ့္ Developer Conference မွာ Flexible OLED နဲ႔ Foldable Smartphone မိတ္ဆက္သြားမယ္လို႔ CEO DJ Koh ကိုယ္တိုင္ အသိေပးျပီးထားပါ။

Samsung Foldable Phone Concept

ဒီေနရာမွာ ထပ္ျပီးၾကြားလုံးထုတ္လိုက္တာက Huawei ၊ လက္ရွိ ေအာင္ျမင္ေနတဲ့ Mate 20 နဲ႔ Mate 20 Pro မိတ္ဆက္ပြဲမွာတုန္းက Screen Size 7.2” အရြယ္စားရွိ Gaming Smarphone ျဖစ္လာမယ့္ Mate 20X ကို ခ်ျပသြားဖြယ္ရွိတယ္လို႔ CEO Richard Yu ကိုယ္တိုင္ ျပပြဲေန႔မွာကတည္းက အသိေပးခဲ့ပါတယ္။

Huawei Foldable Phone Concept

ဒါဆိုရင္ေတာ့ Samsung ျပင္ဆင္ေနတယ္ဆိုတဲ့ Foldable Phone နမူနာကို Mate 20X နဲ႔ Huawei လက္ဦးထားဖို႔ၾကိဳးစားေနပုံပဲ။ Digital Trends မွာ “ကုမၸဏီအေနနဲ႔ 5G နည္းပညာအတြက္ ရင္းႏွီးျမဳပ္ႏွံထားတယ္၊ အထူးသျဖင့္ Foldable Smartphone ေတြမွာ 5G ကြန္ယက္စနစ္ေထာက္ပံ့ထားႏိုင္ဖို႔အတြက္ဆိုျပီး” Yu ေျပာဆိုထားတာေတြ႔ရပါတယ္။

5G and beyond

ျပီးခဲ့တဲ့ ေကာလာဟလေတြအရဆိုရင္လည္း Huawei က 5G Smartphone ေဒၚလာသန္း ၆၀၀ ရင္းႏွီးထားတယ္၊ Balong 5G01 ဆိုတဲ့ Huawei ကုိယ္ပိုင္ Chip အသစ္နဲ႔ Device အားလုံးမွာ အစဥ္ေျပေျပသုံးႏိုင္ဖို႔ ဇူလိုင္လေလာက္ကတည္းက ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

Rollable LG’s OLED Display

အခုလို အေျခေနတိုင္းသာဆိုရင္ Samsung ကလည္း Youm ဆိုတဲ့ Flexible AMOLED Screen နဲ႔ Foldable Smartphone ထုတ္မယ္၊ Huawei ကလည္း Balong 5G01 Chip အသုံးျပဳထားမယ့္ Foldable Mate 20X မိတ္ဆက္လာမယ္။

Intel’s Dual-screen Laptop

ဒါဆိုရင္ေတာ့ Foldable Smartphone တိုက္ပြဲက ျပင္းထန္သထက္ပိုျပင္းထန္လာေနျပီ ေျပာရေတာ့မယ္ေပါ့။ ဒီၾကားထဲ LG Display ကလည္း Lenovo နဲ႔ပူးေပါင္းျပီး 13” Foldable Tablet ထုတ္မယ္၊ Intel ကလည္း Screen ၂ ဖက္ပါ ကြန္ပ်ဴတာထုတ္ဦးမယ္ဆိုေတာ့ အနာဂတ္စမတ္ဖုန္းနဲ႔ နည္းပညာေလာက ပုိရင္ခုန္စိတ္လႈပ္ရွားစရာေကာင္းလာခဲ့ျပီလို႔ ေျပာရေတာ့မလား?

2B (Akhayar)
www.akhayar.com

[Unicode]

Foldable Phone ပြိုင်ပွဲမှာလည်း Samsung ထက် Huawei အသာရနေပြီလား?

အခုချိန်မှာ ခေါက်ချိုးစမတ်ဖုန်းချပြမယ်ဆိုပြီး ရှေ့ဆုံးကဦးဆောင်နေတာ Samsung ပါ၊ လာမယ့်လထဲ ကျင်းပသွားမယ့် Developer Conference မှာ Flexible OLED နဲ့ Foldable Smartphone မိတ်ဆက်သွားမယ်လို့ CEO DJ Koh ကိုယ်တိုင် အသိပေးပြီးထားပါ။

Samsung Foldable Phone Concept

ဒီနေရာမှာ ထပ်ပြီးကြွားလုံးထုတ်လိုက်တာက Huawei ၊ လက်ရှိ အောင်မြင်နေတဲ့ Mate 20 နဲ့ Mate 20 Pro မိတ်ဆက်ပွဲမှာတုန်းက Screen Size 7.2” အရွယ်စားရှိ Gaming Smarphone ဖြစ်လာမယ့် Mate 20X ကို ချပြသွားဖွယ်ရှိတယ်လို့ CEO Richard Yu ကိုယ်တိုင် ပြပွဲနေ့မှာကတည်းက အသိပေးခဲ့ပါတယ်။

Huawei Foldable Phone Concept

ဒါဆိုရင်တော့ Samsung ပြင်ဆင်နေတယ်ဆိုတဲ့ Foldable Phone နမူနာကို Mate 20X နဲ့ Huawei လက်ဦးထားဖို့ကြိုးစားနေပုံပဲ။ Digital Trends မှာ “ကုမ္ပဏီအနေနဲ့ 5G နည်းပညာအတွက် ရင်းနှီးမြုပ်နှံထားတယ်၊ အထူးသဖြင့် Foldable Smartphone တွေမှာ 5G ကွန်ယက်စနစ်ထောက်ပံ့ထားနိုင်ဖို့အတွက်ဆိုပြီး” Yu ပြောဆိုထားတာတွေ့ရပါတယ်။

5G and beyond

ပြီးခဲ့တဲ့ ကောလာဟလတွေအရဆိုရင်လည်း Huawei က 5G Smartphone ဒေါ်လာသန်း ၆၀၀ ရင်းနှီးထားတယ်၊ Balong 5G01 ဆိုတဲ့ Huawei ကိုယ်ပိုင် Chip အသစ်နဲ့ Device အားလုံးမှာ အစဉ်ပြေပြေသုံးနိုင်ဖို့ ဇူလိုင်လလောက်ကတည်းက ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Rollable LG’s OLED Display

အခုလို အခြေနေတိုင်းသာဆိုရင် Samsung ကလည်း Youm ဆိုတဲ့ Flexible AMOLED Screen နဲ့ Foldable Smartphone ထုတ်မယ်၊ Huawei ကလည်း Balong 5G01 Chip အသုံးပြုထားမယ့် Foldable Mate 20X မိတ်ဆက်လာမယ်။

Intel’s Dual-screen Laptop

ဒါဆိုရင်တော့ Foldable Smartphone တိုက်ပွဲက ပြင်းထန်သထက်ပိုပြင်းထန်လာနေပြီ ပြောရတော့မယ်ပေါ့။ ဒီကြားထဲ LG Display ကလည်း Lenovo နဲ့ပူးပေါင်းပြီး 13” Foldable Tablet ထုတ်မယ်၊ Intel ကလည်း Screen ၂ ဖက်ပါ ကွန်ပျူတာထုတ်ဦးမယ်ဆိုတော့ အနာဂတ်စမတ်ဖုန်းနဲ့ နည်းပညာလောက ပိုရင်ခုန်စိတ်လှုပ်ရှားစရာကောင်းလာခဲ့ပြီလို့ ပြောရတော့မလား?

2B (Akhayar)
www.akhayar.com