[Zawgyi] 






Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Android အစားထိုးအသုံးပြုဖို့ ကိုယ်ပိုုင် OS တစ်ခုကိုဖန်တီးနေတဲ့ Huawei

ZTE ကို အမေရိန်ဈေးကွက်အတွင်း တင်ပို့ရောင်းချခွင့်ပိတ်ပင်ခံလိုက်ရပြီးတဲ့နောက်ပိုင်းမှာ အခြားကုမ္ပဏီတွေအနေနဲ့လည်း စိုးရိမ်မှုအချို့ဖြစ်ပေါ်နေပါတယ်။ အဲ့ဒီထဲကမှာ Huawei ကတစ်ခုအပါအဝင်ပါ။ အမေရိကန်နဲ့ ဆက်သွယ်မှုဖြတ်တောက်ခံရရင် Android အသုံးပြုခွင့် လိုင်စင်ပိတ်ခံရနိုင်တာကြော်င့် ကုမ္ပဏီရှေ့ဆက်ဖို့ အခက်အခဲဖြစ်သွားနိုင်ပါတယ်။ 

EMUi on current Android Based Phones

EMUi on current Android Based Phones

အဲ့ဒီလိုမျိုးအခြေအနေတွေအတွက် အမေရိကန်ပြင်ပက စမတ်ဖုန်းကုမ္ပဏီတော်တော်များများက Android ရဲ့အပြင်ဖက်အတွက် Plan B စဉ်းစားထားရပါတယ်။ Samsung ရဲ့ Tizen OS ကိုသင်မှတ်မိဦးမှာပါ။ Tizen OS ကတော့ အောင်မြင်မှုမရရှိခဲ့ပါဘူး။ Huawei အနေနဲ့လည်း သူတို့ဖုန်းတွေအတွက် ကိုယ်ပိုင် OS တစ်ခုကို ဖန်တီးနေခဲ့တာ ကြာပါပြီ။ ဒါပေမယ့် Huawei ကတော့ အဲ့ဒီ OS အသစ်နဲ့ပတ်သက်လို့ ဘာမှပြောကြားထားတာ မရှိပါဘူး။ သေခြာတာတစ်ခုကတော့ Huawei P20 လိုဖုန်းမှာ Android မသုံးပဲ အခြား OS သုံးလာမယ်ဆိုရင် ဈေးကွက်ထဲမှာ ရောင်းဖို့လွယ်ကူမှာမဟုတ်ပါဘူး။ 

Huawei အနေနဲ့ သူတို့ရဲ့ OS အသစ်ကို မကြာခင်အချိန်အတွင်းမှာ သုံးလာမှာမဟုတ်ပဲ Android ကိုပဲဆက်လက် အသုံးပြုနေဦးမှာပါ။ သူတို့ရဲ့ ကိုယ်ပိုင် OS ကလည်း Android နဲ့အဆင့်အတူတူလောက်ထိ မရောက်သေးတာကြောင့် User တွေစမ်းသုံးဖို့ခွင့်မပြုသေးပါဘူး။ Huawei က လက်ရှိ ဖန်တီးနေတဲ့ OS ကြ့ပီးတဲ့အဆင့်ရောက်သွားရင်တောင် ဘယ်အချိန်မှ ပရိတ်သတ်ကို ထုတ်ပြမလဲဆိုတာ ဘယ်သူမှမသိရသေးပါဘူး။ Android ကို အကြောင်းမရှိပဲ စွန့်လွတ်လိုက်ဖို့ဆိုတာ စမတ်ဖုန်းကုမ္ပဏီတော်တော်များများအတွက် မလွယ်တဲ့ကိုစ္စကြီးပါ။ Google ရဲ့ အရှိန်အဝါကြီးမားမှုကလည်း Andriod ဖုန်းအသုံးပြုသူတွေကြားမှာ တော်တော်လေးလွှမ်းမိုးနေပါတယ်။ အကယ်လို့ သင်ဝယ်လိုက်တဲ့ဖုန်းအသစ်က Google နဲ့တွဲထားတဲ့ သင့်ရဲ့ ဖုန်းနံပါတ်တွေ၊ Mail တွေ၊ ဓာတ်ပုံ Backup တွေအတွက် Google Account နဲ့ကောင်းကောင်းအလုပ်မလုပ်ဘူး၊ App တွေမရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲ?

Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။