[Zawgyi] 


Huawei P20 Pro


Notch Can Be Hidden


Ref: Indianexpress

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Notch တွေရဲ့ နောက်တစ်ခေတ်ကို Huwaei က သယ်လာတော့မှာလား

Huawei ကလက်ရှိမိတ်ဆက်ပေးထားတဲ့ P20 Series တွေကို သဘောကျနေတဲ့ ပရိသတ်က အများကြီးရှိနေပါတယ်။ Essential Phone ပြီးရင် အသေးဆုံးလို့ပြောလို့ရတဲ့ Notch က P20 မှာတွေ့ရပါတယ်။ P20 ဖုန်းတွေမှာတော့ Camera နဲ့ Earpiece ကို တွဲပေးထားတာကြောင့် Camera တစ်ခုပဲနေရာပေးထားတဲ့ Essential Phone ရဲ့ Notch ထက် ပိုကြီးသွားတာပါ။ Notch တွေကတော့ Display တွေ ပိုကြီးလာတာကြောင့် ပေါ်လာတဲ့အရာတွေလို့ပြောလို့ရပါတယ်။ 

Huawei P20 Pro

Notch ပါနေပေမယ့် အတတ်နိုင်ဆုံး သေးအောင်လုပ်ခဲ့တဲ့ Huawei က နောက်ထပ် ဘယ်လို Desgin ကို အသုံးပြုလာနိုင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါပြီ။ Notch ရှိနေရတဲ့ အဓိက အကြောင်းအရင်းကတော့ Camera တွေ၊ Sensor တွေနဲ့ Eatpiece အတွက် နေရာပေးနေရတာကြောင့်ပါ။ Notch ထဲမှာ နေရာယူနေတဲ့ အရာတွေကို တခြားနေရာမှာ ပြောင်းလိုက်မယ် ဒါမှမဟုတ် ထွက်လာမယ့် Camera Desgin မျိုးကို အသုံးပြုမယ်ဆိုရင်တော့ Notch ကို ဖျောက်ပစ်နိုင်မှာပါ။ 

Notch Can Be Hidden

အခု သတင်းထွက်ထားတာကတော့ Notch နေရာမှာပါနေတဲ့ Camera နဲ့ Sensor တွေကို နေရာရွေ့လိုက်မှာဖြစ်တယ်ဆိုတာပါ။ Camera ကို Display အောက်မှာထည့်မယ်လို့ သတင်းထွက်နေတာပါ။ Display ကတော့ စမ်းသပ်နေတဲ့အဆင့်မှာပဲ ရှိနေသေးတာကြောင့် ဘယ်အချိန်မှာ ထုတ်ကုန်တစ်ခုအနေနဲ့ ထွက်လာမယ်ဆိုတာ ခန့်မှန်းရခက်နေပါတယ်။ Sensor တွေနဲ့ Earpiece ကိုတော့ အပေါ်ဖက် ဘောင်မှာပဲ ကပ်ပြီးထည့်သွားမယ်ဆိုတာ သိရပါတယ်။ Notch လည်းမပါတဲ့အပြင် Moving Part လည်း ထည့်လာမှာမဟုတ်ဘူးဆိုတာကြောင့် လိုချင်စရာကောင်းမယ့် Design ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရဦးမယ့် အချိန်ပါ။ Vivo နဲ့ Oppo တို့လုပ်နေသလို Camera တွေအတွက် သီးသန့်နေရာပေးတာ Motor တပ်ပေးတာတွေ လုပ်လာမှာမဟုတ်ဘူးဆိုတာတော့ သေချာသွားပါပြီ။ သင်ရော Notch တွေကို မနှစ်သက်သူလား။ 

Ref: Indianexpress

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။