Google ကေန ထုတ္လုပ္ခဲ့ဖူးတဲ့ Google Glasses ေတြကို မွတ္မိၾကဦးမွာပါ။ အဆိုပါ Google Glasses လုိမ်ိဳးပဲ AR Glasses ေတြကို အခုအခ်ိန္မွာ တရုတ္နည္းပညာကုမၸဏီၾကီးတစ္ခုျဖစ္တဲ့ Huawei ကေနလည္း ထုတ္လုပ္ေတာ့မွာပါ။

Huawei CEO Richard Yu

အခုသိရတဲ့သတင္းေတြအရေတာ့ Huawei ကေန လာမယ့္ ၁ ႏွစ္ ဒါမွမဟုတ္ ၂ ႏွစ္အတြင္းကို Augmented Reality Glasses ေတြကို ထုတ္လုပ္သြားမယ္လုိ႔ သိရပါတယ္။ ယခုသတင္းဟာ သာမန္ ေကာလဟာလမဟုတ္ဘဲ Huawei Consumer Business ရဲ႕ CEO အျဖစ္တာဝန္ယူထားတဲ့ Richard Yu ကိုယ္တုိင္က ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အခုလုိမ်ိဳး AR နည္းပညာေတြကို Huawei က ေနာက္ဆံုးထြက္ရွိထားတဲ့ Huawei Mate 20 Pro စမတ္ဖုန္းမွာတင္ စတင္ထုတ္လုပ္ေပးခဲ့ေတာ့ ေနာက္ထပ္လည္း ဆက္လက္ျပီး AR နည္းပညာကို ေဆာင္ရြက္ေနတယ္လုိ႔ သိရပါတယ္။ Richard Yu ကေတာ့ အခုလုိမ်ိဳး ဝတ္ဆင္ႏုိင္တဲ့ AR Glasses ေတြက အသံုးျပဳသူေတြကို မတူညီတဲ့ Experience အသစ္တစ္ခုကို ေပးစြမ္းႏုိင္မယ္လုိ႔ ယူဆထားပါတယ္။

AR Glasses

အခုလုိမ်ိဳး AR Glasses ေတြကို Google ကေန Google Glass နဲ႔စတင္ခဲ့တာျဖစ္ျပီးေတာ့ ေနာက္ပိုင္းမွာ Microsoft ကေန HoloLens Concept နဲ႔ Business User ေတြအတြက္ ျပဳလုပ္လာခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အခုအခ်ိန္အထိ AR Glasses ေတြက ေအာင္ျမင္ျခင္းမရွိေသးတဲ့အတြက္ Huawei အေနနဲ႔ ေအာင္ျမင္တဲ့ Product တစ္ခုကို အသံုးျပဳသူေတြဆီကို ခ်ျပႏုိင္ပါ့မလားဆုိတာက သံသဃဝင္ဖုိ႔ေကာင္းတဲ့ ကိစၥတစ္ခုလုိ႔ ေျပာရမွာပါ။

Ref : CNBC

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Google ကနေ ထုတ်လုပ်ခဲ့ဖူးတဲ့ Google Glasses တွေကို မှတ်မိကြဦးမှာပါ။ အဆိုပါ Google Glasses လိုမျိုးပဲ AR Glasses တွေကို အခုအချိန်မှာ တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Huawei ကနေလည်း ထုတ်လုပ်တော့မှာပါ။

Huawei CEO Richard Yu

အခုသိရတဲ့သတင်းတွေအရတော့ Huawei ကနေ လာမယ့် ၁ နှစ် ဒါမှမဟုတ် ၂ နှစ်အတွင်းကို Augmented Reality Glasses တွေကို ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ ယခုသတင်းဟာ သာမန် ကောလဟာလမဟုတ်ဘဲ Huawei Consumer Business ရဲ့ CEO အဖြစ်တာဝန်ယူထားတဲ့ Richard Yu ကိုယ်တိုင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး AR နည်းပညာတွေကို Huawei က နောက်ဆုံးထွက်ရှိထားတဲ့ Huawei Mate 20 Pro စမတ်ဖုန်းမှာတင် စတင်ထုတ်လုပ်ပေးခဲ့တော့ နောက်ထပ်လည်း ဆက်လက်ပြီး AR နည်းပညာကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ Richard Yu ကတော့ အခုလိုမျိုး ဝတ်ဆင်နိုင်တဲ့ AR Glasses တွေက အသုံးပြုသူတွေကို မတူညီတဲ့ Experience အသစ်တစ်ခုကို ပေးစွမ်းနိုင်မယ်လို့ ယူဆထားပါတယ်။

AR Glasses

အခုလိုမျိုး AR Glasses တွေကို Google ကနေ Google Glass နဲ့စတင်ခဲ့တာဖြစ်ပြီးတော့ နောက်ပိုင်းမှာ Microsoft ကနေ HoloLens Concept နဲ့ Business User တွေအတွက် ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအချိန်အထိ AR Glasses တွေက အောင်မြင်ခြင်းမရှိသေးတဲ့အတွက် Huawei အနေနဲ့ အောင်မြင်တဲ့ Product တစ်ခုကို အသုံးပြုသူတွေဆီကို ချပြနိုင်ပါ့မလားဆိုတာက သံသဃဝင်ဖို့ကောင်းတဲ့ ကိစ္စတစ်ခုလို့ ပြောရမှာပါ။

Ref : CNBC

Zawyè (Akhayar) 

www.akhayar.com