[Zawgyi]

Huawei ကေတာ့ Android Tablet Market အတြက္အ႐ံႈးမေပးေသးပါဘူး

ေစ်းကြက္ထဲမွာ Samsung ၿပီးရင္ Huawei လို႔ေျပာရေလာက္ေအာင္ျဖစ္ေနတဲ့ Android Tablet ေတြထဲက MediaPad အသစ္ေတြကို Huawei ကမိတ္ဆက္ေပးလိုက္ပါၿပီ။ MediaPad M5 ေတြကေတာ့ Android Tablet ေတြထဲမွာ Flagship Level မွာရွိေနမယ့္ Tablet ေတြပဲျဖစ္ပါတယ္။

MWC 2018 မွာ Huawei က MediaPad Tablet သံုးမ်ိဳးကိုမိတ္ဆက္ခဲ့ပါတယ္။ MediaPad M5 ႏွစ္မ်ိဳးနဲ႔ MediaPad M5 Pro ဆိုၿပီး သံုးခုမိတ္ဆက္ခဲ့တာပါ။ MediaPad M5 ႏွစ္လံုးကေတာ့ 10.8 Inch Display နဲ႔ 8.4 Inch Display ဆိုၿပီး Display Size ႏွစ္မ်ိဳးျဖစ္ပါတယ္။ MediaPad M5 Pro ကိုေတာ့ 10.8 Inch တစ္မ်ိဳးတည္းသာ ေရာင္းခ်မွာျဖစ္ပါတယ္။ MediaPad M5 Pro မွာေတာ့ Stylus  ပါဝင္ပါတယ္။

အလူမီနီယမ္ကိုယ္ထည္ျဖစ္တဲ့အတြက္ ေပးရတဲ့ေစ်းနဲ႔ လက္ထဲမွာကိုင္ရတဲ့အရသာ၊ အၾကမ္းခံမႈ စတဲ့အခ်က္ေတြအတြက္ေကာင္းပါတယ္။ 10.8 Inch ကဆိုဒ္ႀကီးေတာ့ ကိုင္တြယ္အသံုးျပဳရတာ နည္းနည္းခက္တာ၊ သယ္သြားဖို႔ေနရာယူတာ စတာေတြေၾကာင့္ 8.4 Inch ေလးကေတာ့ပိုအဆင္ေျပမယ္လို႔ယူဆရပါတယ္။ Display ေတြကေတာ့ IPS LCD ေတြကိုပဲသံုးထားတာျဖစ္ပါတယ္။ Resolution ကေတာ့ 2560×1600 ျဖစ္တဲ့အတြက္ Apple ရဲ႕ 13 Inch MacBook Pro နဲ႔အတူတူျဖစ္ေနပါတယ္။ iPad Pro 10.5 ထက္ပိုမ်ားတဲ့ Pixel ေတြပါ။ Display ကေတာ့ OLED မဟုတ္ေပမယ့္ ေသခ်ာေပါက္ေကာင္းမွာပါ။

Chipset အေနနဲ႔ေတာ့ Huawei ကသူတို႔ရဲ႕ကိုယ္ပိုင္ Kirin 960 Chip ကိုသံုးေပးထားပါတယ္။ Kirin 960 ဆိုတာ Huawei P10 မွာသံုးခဲ့တဲ့ Chip ပါ။ 4GB RAM ေတြနွင့္အတူ 32GB Version ႏွင့္ 64GB Version ေတြရႏိုုင္မွာပါ။ 8.4 Inch Model ေတြကိုေတာ့ Dual Speaker တပ္ဆင္ေပးထားၿပီး 10.8 Inch Model ေတြမွာေတာ့ Quad Speaker တပ္ဆင္ေပးထားပါတယ္။ Speaker ေတြကို Harman/Kardon က Tuning လုပ္ေပးထားတာပါ။ 8MP Front Camera ႏွင့္ 13MP Back Camera ပါဝင္မွာျဖစ္ပါတယ္။ Battery Life အေနနဲ႔ေတာ့ 8.4 Inch ေတြမွာ ၁၁နာရီေလာက္သံုးလို႔ရၿပီး 10.8 Inch ေတြမွာေတာ့ ၁၀ နာရီေလာက္သံုးႏိုင္တယ္လို႔ Huawei ကဆိုပါတယ္။ Quick Charge ပါဝင္တာေၾကာင့္ အားသြင္းခ်ိန္အမ်ားႀကီးမလိုပါဘူး။ MediaPad M5 8.4 Inch ကိုေတာ့ $430 ခန္႔နဲ႔စတင္ေရာင္းခ်မွာျဖစ္ၿပီး 10.8 Inch ကိုေတာ့ $490 ဝန္းက်င္ႏွင့္စတင္ေရာင္းခ်မယ္လိုသိရပါတယ္။ ႏိုင္ငံအလိုက္ေစ်းကြာျခားမႈရွိတဲ့အတြက္ ျပည္တြင္းေစ်းကြက္ကိုဝင္လာခဲ့ရင္ ေစ်းကြာျခားႏိုင္ပါတယ္။

Ref: Huawei

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Huawei ကတော့ Android Tablet Market အတွက်အရှုံးမပေးသေးပါဘူး

ဈေးကွက်ထဲမှာ Samsung ပြီးရင် Huawei လို့ပြောရလောက်အောင်ဖြစ်နေတဲ့ Android Tablet တွေထဲက MediaPad အသစ်တွေကို Huawei ကမိတ်ဆက်ပေးလိုက်ပါပြီ။ MediaPad M5 တွေကတော့ Android Tablet တွေထဲမှာ Flagship Level မှာရှိနေမယ့် Tablet တွေပဲဖြစ်ပါတယ်။

MWC 2018 မှာ Huawei က MediaPad Tablet သုံးမျိုးကိုမိတ်ဆက်ခဲ့ပါတယ်။ MediaPad M5 နှစ်မျိုးနဲ့ MediaPad M5 Pro ဆိုပြီး သုံးခုမိတ်ဆက်ခဲ့တာပါ။ MediaPad M5 နှစ်လုံးကတော့ 10.8 Inch Display နဲ့ 8.4 Inch Display ဆိုပြီး Display Size နှစ်မျိုးဖြစ်ပါတယ်။ MediaPad M5 Pro ကိုတော့ 10.8 Inch တစ်မျိုးတည်းသာ ရောင်းချမှာဖြစ်ပါတယ်။ MediaPad M5 Pro မှာတော့ Stylus  ပါဝင်ပါတယ်။

အလူမီနီယမ်ကိုယ်ထည်ဖြစ်တဲ့အတွက် ပေးရတဲ့ဈေးနဲ့ လက်ထဲမှာကိုင်ရတဲ့အရသာ၊ အကြမ်းခံမှု စတဲ့အချက်တွေအတွက်ကောင်းပါတယ်။ 10.8 Inch ကဆိုဒ်ကြီးတော့ ကိုင်တွယ်အသုံးပြုရတာ နည်းနည်းခက်တာ၊ သယ်သွားဖို့နေရာယူတာ စတာတွေကြောင့် 8.4 Inch လေးကတော့ပိုအဆင်ပြေမယ်လို့ယူဆရပါတယ်။ Display တွေကတော့ IPS LCD တွေကိုပဲသုံးထားတာဖြစ်ပါတယ်။ Resolution ကတော့ 2560×1600 ဖြစ်တဲ့အတွက် Apple ရဲ့ 13 Inch MacBook Pro နဲ့အတူတူဖြစ်နေပါတယ်။ iPad Pro 10.5 ထက်ပိုများတဲ့ Pixel တွေပါ။ Display ကတော့ OLED မဟုတ်ပေမယ့် သေချာပေါက်ကောင်းမှာပါ။

Chipset အနေနဲ့တော့ Huawei ကသူတို့ရဲ့ကိုယ်ပိုင် Kirin 960 Chip ကိုသုံးပေးထားပါတယ်။ Kirin 960 ဆိုတာ Huawei P10 မှာသုံးခဲ့တဲ့ Chip ပါ။ 4GB RAM တွေနှင့်အတူ 32GB Version နှင့် 64GB Version တွေရနိုုင်မှာပါ။ 8.4 Inch Model တွေကိုတော့ Dual Speaker တပ်ဆင်ပေးထားပြီး 10.8 Inch Model တွေမှာတော့ Quad Speaker တပ်ဆင်ပေးထားပါတယ်။ Speaker တွေကို Harman/Kardon က Tuning လုပ်ပေးထားတာပါ။ 8MP Front Camera နှင့် 13MP Back Camera ပါဝင်မှာဖြစ်ပါတယ်။ Battery Life အနေနဲ့တော့ 8.4 Inch တွေမှာ ၁၁နာရီလောက်သုံးလို့ရပြီး 10.8 Inch တွေမှာတော့ ၁၀ နာရီလောက်သုံးနိုင်တယ်လို့ Huawei ကဆိုပါတယ်။ Quick Charge ပါဝင်တာကြောင့် အားသွင်းချိန်အများကြီးမလိုပါဘူး။ MediaPad M5 8.4 Inch ကိုတော့ $430 ခန့်နဲ့စတင်ရောင်းချမှာဖြစ်ပြီး 10.8 Inch ကိုတော့ $490 ဝန်းကျင်နှင့်စတင်ရောင်းချမယ်လိုသိရပါတယ်။ နိုင်ငံအလိုက်ဈေးကွာခြားမှုရှိတဲ့အတွက် ပြည်တွင်းဈေးကွက်ကိုဝင်လာခဲ့ရင် ဈေးကွာခြားနိုင်ပါတယ်။

Ref: Huawei

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။