Huawei ဟာ လာမယ့္ ၾသဂုတ္လကုန္ပိုင္းမွာ က်င္းပမယ့္ IFA 2018 မွာ Event တစ္ခုျပဳလုပ္သြားမယ္လုိ႔ ေၾကညာခဲ့ျပီးျဖစ္ပါတယ္။ Huawei ဟာ ျပီးခဲ့တဲ့ IFA 2017 တုန္းကလည္း Kirin 970 Processor ကို မိတ္ဆက္သြားခဲ့တဲ့အတြက္ အခု Event ကလည္း အဆုိပါ Kirin 970 ရဲ႕ မ်ိဳးဆက္ျဖစ္လာမယ့္ Kirin 980 Processor ျဖစ္လာမယ္လုိ႔ ယူဆထားၾကပါတယ္။

Huawei Kirin 970

အခုအခ်ိန္မွာေတာ့ Huawei ကေန အဆုိပါ ယူဆခ်က္ေတြကို အတည္ျပဳလုိက္ျပီျဖစ္ျပီးေတာ့ Huawei ရဲ႕ CEO ျဖစ္တဲ့ Richard Yu ကေန Huawei ဟာ လာမယ့္ IFA 2018 မွာ Kirin 980 Processor ကို တရားဝင္မိတ္ဆက္သြားမယ္ဆုိတာကို ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ အဆိုပါ Kirin 980 Processor ဟာ လက္ရွိ စမတ္ဖုန္းေတြအားလံုးထဲမွာ ကမၻာ႔ပထမဆံုးေသာ 7nm Architecture ကို အသံုးျပဳလာမယ့္ Processor တစ္ခုျဖစ္လာမွာျဖစ္ျပီး ဒီႏွစ္ကုန္ပိုင္းမွာ ေၾကညာမယ့္ Huawei Mate 20 Series ဖုန္းေတြမွာ အသံုးျပဳလာမယ္ဆိုတာကိုပါ အတည္ျပဳခဲ့ပါတယ္။

ဒါတင္မဟုတ္ေသးပဲ Huawei ကေန အဆိုပါ Huawei Mate 20 Series စမတ္ဖုန္းေတြကို လာမယ့္ ေအာက္တိုဘာလထဲမွာ ထုတ္ျပသြားမယ္ဆုိတာကိုပါ တျခားသတင္းတစ္ခုမွာ ေဖာ္ျပသြားခဲ့ပါေသးတယ္။

Huawei Kirin Processor

အခုလုိမ်ိဳး Huawei ကေန အရင္ဆံုး 7nm Architecture ကို အသံုးျပဳထားတဲ့ Processor ကို အသံုးျပဳလာမွာျဖစ္တဲ့အတြက္ စြမ္းေဆာင္ရည္ပိုင္းမွာ သိသိသာသာကို တိုးတက္လာမွာျဖစ္ျပီးေတာ့ ပါဝင္စားသံုးမႈလည္း ေလ်ာ႔နည္းသြားဦးမွာပါ။ လက္ရွိထြက္ေပၚေနတဲ့ သတင္းေတြအရဆုိရင္ အခု Kirin 980 Processor ဟာ လက္ရွိ Android ဖုန္းေတြထဲမွာ အျမန္ဆံုး Processor တစ္ခုျဖစ္တဲ့ Qualcomm Snapdragon 845 Processor ထက္ေတာင္ ၂ ဆ ေလာက္ပိုျပီး ျမန္ဆန္ေနမွာျဖစ္တယ္လုိ႔ သိရပါတယ္။

ဘာပဲျဖစ္ျဖစ္ Huawei က Apple ရဲ႕ A12 Chip ထက္ေတာင္ ေစာျပီး 7nm Architecture Processor ကို ထုတ္ျပႏုိင္တာကေတာ့ အရမ္းကို အံ့အားသင့္ဖုိ႔ေကာင္းေနပါတယ္။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Huawei ဟာ လာမယ့် သြဂုတ်လကုန်ပိုင်းမှာ ကျင်းပမယ့် IFA 2018 မှာ Event တစ်ခုပြုလုပ်သွားမယ်လို့ ကြေညာခဲ့ပြီးဖြစ်ပါတယ်။ Huawei ဟာ ပြီးခဲ့တဲ့ IFA 2017 တုန်းကလည်း Kirin 970 Processor ကို မိတ်ဆက်သွားခဲ့တဲ့အတွက် အခု Event ကလည်း အဆိုပါ Kirin 970 ရဲ့ မျိုးဆက်ဖြစ်လာမယ့် Kirin 980 Processor ဖြစ်လာမယ်လို့ ယူဆထားကြပါတယ်။

Huawei Kirin 970

အခုအချိန်မှာတော့ Huawei ကနေ အဆိုပါ ယူဆချက်တွေကို အတည်ပြုလိုက်ပြီဖြစ်ပြီးတော့ Huawei ရဲ့ CEO ဖြစ်တဲ့ Richard Yu ကနေ Huawei ဟာ လာမယ့် IFA 2018 မှာ Kirin 980 Processor ကို တရားဝင်မိတ်ဆက်သွားမယ်ဆိုတာကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ Kirin 980 Processor ဟာ လက်ရှိ စမတ်ဖုန်းတွေအားလုံးထဲမှာ ကမ္ဘာ့ပထမဆုံးသော 7nm Architecture ကို အသုံးပြုလာမယ့် Processor တစ်ခုဖြစ်လာမှာဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းမှာ ကြေညာမယ့် Huawei Mate 20 Series ဖုန်းတွေမှာ အသုံးပြုလာမယ်ဆိုတာကိုပါ အတည်ပြုခဲ့ပါတယ်။

ဒါတင်မဟုတ်သေးပဲ Huawei ကနေ အဆိုပါ Huawei Mate 20 Series စမတ်ဖုန်းတွေကို လာမယ့် အောက်တိုဘာလထဲမှာ ထုတ်ပြသွားမယ်ဆိုတာကိုပါ တခြားသတင်းတစ်ခုမှာ ဖော်ပြသွားခဲ့ပါသေးတယ်။

Huawei Kirin Processor

အခုလိုမျိုး Huawei ကနေ အရင်ဆုံး 7nm Architecture ကို အသုံးပြုထားတဲ့ Processor ကို အသုံးပြုလာမှာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာကို တိုးတက်လာမှာဖြစ်ပြီးတော့ ပါဝင်စားသုံးမှုလည်း လျော့နည်းသွားဦးမှာပါ။ လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရဆိုရင် အခု Kirin 980 Processor ဟာ လက်ရှိ Android ဖုန်းတွေထဲမှာ အမြန်ဆုံး Processor တစ်ခုဖြစ်တဲ့ Qualcomm Snapdragon 845 Processor ထက်တောင် ၂ ဆ လောက်ပိုပြီး မြန်ဆန်နေမှာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei က Apple ရဲ့ A12 Chip ထက်တောင် စောပြီး 7nm Architecture Processor ကို ထုတ်ပြနိုင်တာကတော့ အရမ်းကို အံ့အားသင့်ဖို့ကောင်းနေပါတယ်။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com