ဒီကနှစ်အတွက် Huawei Army က အင်အားအကြီးဆုံးလို့ပဲ ပြောရမလား CEO “Richard Yu” က လက်ရှိအောင်မြင်မှုအတွက် ကြွေးကြော်စကားဆိုထားလိုက်ပါပြီ။ ဒါနဲ့ သတင်းအနေနဲ့ ပြောတာပြောရတာ Huawei လုပ်နိုင်စွမ်းကလည်း တကယ့်အံမခန်းဖြစ်စရာပါ။

Richard Yu (Internet)

အမေရိကန်အစိုးရ ၂၀၁၈ တနှစ်လုံး ဖိအားပေးလာခဲ့တာတောင် ဝင်ငွေ ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်ရရှိခဲ့တာဆိုတော့ Huawei Business လုပ်ငန်းစုကြီးက အားရစရာပါ။ ဒါတောင် US နဲ့ ဥရောပတခွင်၊ ဂျပန်၊ သြစတြေးလျတို့မှာ Ban ခံထားရတဲ့ Network ပစ္စည်းတွေမပါသေးပါဘူး။

Honor 6x (Gntech)

ဒီကြားထဲ အသရေဖျက်မှုနဲ့ပါ အမေရိကန်အစိုးရကို တရားပြန်စွဲပစ်လိုက်ပြီး လာမယ့် ၂၀၂၁ မှာ ကမ္ဘာ့အဆင့် ပထမဆုံး Global Learder ဖြစ်လာမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။ အခုလို နည်းနည်းလေးကွန့်ပေးလိုက်ရင် စာဖတ်သူအနေနဲ့လည်း Honor Brand က စတုတ္ထနေရာ ရောက်လာနိုင်မယ်ဆိုတာ သဘောပေါက်လောက်ပြီ ထင်ပါတယ်။

Honor President George Zhao (The Verge)

အရိပ်မြွက်လေး ထပ်ပြောရရင် Honor ဟာ တနှစ်ပြီးတနှစ် ၁၇၀ ရာခိုင်နှုန်းနဲ့ တဟုန်ထိုး အောင်မြင်နေတာဖြစ်ပါတယ်။ IDC အဆိုရ Gobal အွန်လိုင်းရောင်းအားမှာ ဒုတိယတက်ချိတ်ခဲ့ပြီး လာမယ့်နှစ်တွေမှာ 5G ပါဝင်လာတဲ့မော်ဒယ်ထုတ်လုပ်လာဦးမယ်လို့ ခန့်မှန်းထားပါတယ်။

တကယ်လို့ Android နဲ့ Windows OS ၂ မျိုးသုံးစွဲခွင့် လိုင်စင်ပါပိတ်လိုက်ရင်တောင် ကိုယ်ပိုင် OS ရှိပြီးသားမို့ US တောင် Huawei ကိုမဖြိုခွဲနိုင်ပါဘူးလို့ ဥက္ကဌကြီးကိုယ်တိုင် ပြောထားပါတယ်။ ဒါကြောင့်မလို့ ဒိထက်ပိုအောင်မြင်ဦးမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။

Source: GSMArena
2B (Akhayar)