သမ္မတ Trump ကြီးရဲ့ Executive Order အောက်မှာ Google ၊ Intel ၊ ARM တို့နဲ့ ပါဝင်လာသူကတော့ SD Association ပဲဖြစ်ပါတယ်။ ဒီကောင်က ဘာလုပ်လဲဆိုတော့ SD နဲ့ microSD ကတ်တွေရဲ့ Standard Specs တွေကို တိုင်းတာတယ်၊ ပြောရမယ်ဆိုရင်တော့ သူ့ခွင့်ပြုချက်ရမှ ဖုန်း၊ လက်တော့တွေမှာ ထည့်သုံးလို့ရမယ်ပေါ့။

အခု Huawei ကို Ban လိုက်ပြီဆိုတော့ ဒီ Standard တွေ၊ Agreement တွေအားလုံး SD Association နဲ့ မသက်ဆိုင်တော့ပါဘူး။ အဲ့ဒါကြောင့် SD ကတ်နဲ့ microSD ကတ်တွေ ကျောခိုင်းသွားပြီလို့ ပြောနိုင်ပေမယ့် Nano Card နည်းပညာရှိနေလို့ Huawei ဒါကို မှုမယ်လို့ မထင်ပါဘူး။

နောက်ပြီး Onboard Storage ပိုထည့်လိုက်ရင် တရန်အေးသွားမှာမလို့ အဖက်မလုပ်လောက်ဘူးထင်ပါတယ်။ ဒါပေမယ့် စဉ်းစားစရာဖြစ်စေတာက ဒီလိုဖြစ်လာမယ်လို့ ကြိုသိနေခဲ့တာလား? အမေရိကန်အစိုးရ ဒီလောက် ဖိအားပေးနေတာတောင် အာခံနေရဲတယ်ဆိုတော့ အစီစဉ်တခုရှိမှာကတော့ ကျိန်းသေပါတယ်။

Huawei NM Card (Photo: Android Authority)

နောက်ပြီး Trump စစ်ခင်းလာတဲ့ Trade War က Huawei မှမဟုတ် တရုတ်အားလုံးအပေါ် မီးပူကျလာမယ်လို့ တွေးဆကြည့်နိုင်ပေမယ့် ဘယ်လိုဆက်ဆံရေးရှိခဲ့လို့ မနေ့က Huawei Myanmar ရဲ့ လက်ထောက် အထွေထွေအတွင်းရေးမှုး Bob Zhu နဲ့တွေ့ဆုံပွဲမှာ အရင်ကတည်းက ကြိုပြင်ပြီးသားပါလို့ ပြောနေတာလည်း မသိပါဘူး။

အခုလို တမျိုးပြီးတမျိုး Ban လာလိုက်တာ Trump က မရပ်တန့်နိုင်သေးလို့ Wi-Fi Alliance ကလည်း Huawei ကို Membership ကနေ ယာယီရပ်တန့်ထားလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒါထက် Ban ခံရမှာကြိုသိနေလို့ စမတ်ဖုန်း RAM Standard သတ်မှတ်ပေးတဲ့ JEDEC Group ကနေ Huawei နှုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။

Photo: Android Authority

ဒီလိုသာဆိုရင် Huawei Device ရဲ့ အတွင်း အစိတ်ပိုင်းတခုမကျန် အထူးသဖြင့် အမေရိက License နဲ့ ထုတ်လုပ်နေတဲ့ ဘယ် Parts မဆို အကုန်လုံး Ban သွားမယ့်ကိန်းရှိနေပါတယ်။ Leica ကိုပါ ပိတ်လိုက်ရင် Huawei တော့ တွေးရက်စရာမရှိတော့ဘူးထင်ပါတယ်။

Source: The Verge
2B (Akhayar)
www.akhayar.com