[Zawgyi] 

Android ရဲ႕အႏွစ္က Customize လုပ္လို႔ရတဲ့အခ်က္ပါပဲ။ Android User ေတာ္ေတာ္မ်ားမ်ားကလည္း အခုလို Custiomize လုပ္လို႔ရလို႔ပဲ Android ကို သေဘာက်ၾကတာပါ။ Home Screen ကအစ ဖုန္းတစ္ခုလံုးရဲ႕ Visual Experience အားလံုးနီးပါးကို User က စိတ္ႀကိဳက္ျပင္ဆင္ခြင့္ရွိပါတယ္။ 

Honor Magic 2

ဒါေပမယ့္ Huawei ကေတာ့ ဒီလို စိတ္ႀကိဳက္ျပင္ဆင္ခြင့္ရတာကို ပိတ္ပစ္ခ်င္ပံုပါပဲ။ အခုသိရသေလာက္ကေတာ့ EMUI 9.0 မွာ Third Party Launcher ေတြသံုးခြင့္မရေတာ့ဘူးလို႔ သိရပါတယ္။ ဒီလိုလုပ္ထားတာ ဘာေၾကာင့္လဲဆိုတာေတာ့ Huawei က ေၾကညာထားတာမ်ိဳးမရွိပါဘူး။ 

EMUI 9.0

အခုလိုကန္႔သပ္ထားတာကေတာ့  တ႐ုတ္ျပည္အတြက္ထုတ္ထားတဲ့ Huawei နဲ႔ Honor ဖုန္းေတြမွာ ေတြ႕ရတာျဖစ္ပါတယ္။ EMUI က တ႐ုတ္ျပည္တြင္းအတြက္ သီးသန္႔ Version ထုတ္ေပးထားတာေၾကာင့္ အခုျပႆနာကို Huawei Mate 20 Series နဲ႔ Honor Magic 2 ေတြရဲ႕ Chinese Version ေတြမွာပဲ ေတြ႕ရတာျဖစ္ေနပါတယ္။ 

Huawei Mate 20 Pro

ဒီကိစၥနဲ႔ပတ္သက္တဲ့ျပႆနာတစ္ခုက တ႐ုတ္ျပည္တြင္းမွာရွိေနပါတယ္္။ အဲ့တာကေတာ့ တ႐ုတ္ျပည္တြင္း တရားမဝင္ Huawei အေရာင္းဆိုင္တခ်ိဳ႕က Huawei ဖုန္းေတြမွာ ေၾကာ္ျငာေတြပါတဲ့ EMUI Launcher အတုေတြကိုထည့္ေရာင္းေလ့ရွိၾကပါတယ္။ အခုလို Third Party Launcher ေတြကို အသံုးျပဳခြင့္ပိတ္ေပးလိုက္တာက Huawei ရဲ႕ အေကာင္းဆံုးေျဖရွင္းနည္းျဖစ္ႏုိင္ပါတယ္္။ အဲ့ဒီအတြက္ EMUI Global Version မွာေတာ့ အခုလို ျပႆနာမရွိႏို္င္ပါဘူး။ Xiaomi ဖုန္းေတြမွာလည္း ေၾကာ္ျငာေတြပါေနေပမယ့္ အဲ့ဒီေၾကာ္ျငာေတြကိုေတာ့ Xiaomi ကိုယ္တိုင္ကပဲ ထည့္ေပးထားလို႔ အပစ္ေျပာစရာကိစၥျဖစ္ေနပါတယ္။ 

Ref: XDA Developers | BGR India

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

Third Party Launcher တွေကို အသုံးပြုခွင့်မပေးတော့တဲ့ EMUI 9.0

Android ရဲ့အနှစ်က Customize လုပ်လို့ရတဲ့အချက်ပါပဲ။ Android User တော်တော်များများကလည်း အခုလို Custiomize လုပ်လို့ရလို့ပဲ Android ကို သဘောကျကြတာပါ။ Home Screen ကအစ ဖုန်းတစ်ခုလုံးရဲ့ Visual Experience အားလုံးနီးပါးကို User က စိတ်ကြိုက်ပြင်ဆင်ခွင့်ရှိပါတယ်။ 

Honor Magic 2

ဒါပေမယ့် Huawei ကတော့ ဒီလို စိတ်ကြိုက်ပြင်ဆင်ခွင့်ရတာကို ပိတ်ပစ်ချင်ပုံပါပဲ။ အခုသိရသလောက်ကတော့ EMUI 9.0 မှာ Third Party Launcher တွေသုံးခွင့်မရတော့ဘူးလို့ သိရပါတယ်။ ဒီလိုလုပ်ထားတာ ဘာကြောင့်လဲဆိုတာတော့ Huawei က ကြေညာထားတာမျိုးမရှိပါဘူး။ 

EMUI 9.0

အခုလိုကန့်သပ်ထားတာကတော့  တရုတ်ပြည်အတွက်ထုတ်ထားတဲ့ Huawei နဲ့ Honor ဖုန်းတွေမှာ တွေ့ရတာဖြစ်ပါတယ်။ EMUI က တရုတ်ပြည်တွင်းအတွက် သီးသန့် Version ထုတ်ပေးထားတာကြောင့် အခုပြဿနာကို Huawei Mate 20 Series နဲ့ Honor Magic 2 တွေရဲ့ Chinese Version တွေမှာပဲ တွေ့ရတာဖြစ်နေပါတယ်။ 

Huawei Mate 20 Pro

ဒီကိစ္စနဲ့ပတ်သက်တဲ့ပြဿနာတစ်ခုက တရုတ်ပြည်တွင်းမှာရှိနေပါတယ်။ အဲ့တာကတော့ တရုတ်ပြည်တွင်း တရားမဝင် Huawei အရောင်းဆိုင်တချို့က Huawei ဖုန်းတွေမှာ ကြော်ငြာတွေပါတဲ့ EMUI Launcher အတုတွေကိုထည့်ရောင်းလေ့ရှိကြပါတယ်။ အခုလို Third Party Launcher တွေကို အသုံးပြုခွင့်ပိတ်ပေးလိုက်တာက Huawei ရဲ့ အကောင်းဆုံးဖြေရှင်းနည်းဖြစ်နိုင်ပါတယ်။ အဲ့ဒီအတွက် EMUI Global Version မှာတော့ အခုလို ပြဿနာမရှိနိုင်ပါဘူး။ Xiaomi ဖုန်းတွေမှာလည်း ကြော်ငြာတွေပါနေပေမယ့် အဲ့ဒီကြော်ငြာတွေကိုတော့ Xiaomi ကိုယ်တိုင်ကပဲ ထည့်ပေးထားလို့ အပစ်ပြောစရာကိစ္စဖြစ်နေပါတယ်။ 

Ref: XDA Developers | BGR India

Min Than Htike (Akhayar)

www.akhayar.com