အခုအခ်ိန္မွာ စမတ္ဖုန္းေတြကို သာမန္ကေန ခြဲထြက္ဖုိ႔ ၾကိဳးစားေနတာ Samsung နဲ႔ Huawei က အဓိကျဖစ္ေနတယ္လုိ႔ ေျပာလုိ႔ရပါတယ္။ Samsung က မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ Samsung Developer Conference မွာ ကုမၸဏီရဲ႕ ပထမဆံုးေသာ Foldable စမတ္ဖုန္းကို ျပသခဲ့ျပီးေတာ့ အခုအခ်ိန္မွာ Huawei ကလည္း မၾကာခင္မွာ Foldable ဖုန္းကို မိတ္ဆက္ေတာ့မယ္ပံုစံပါပဲ။

Huawei Mate 20 Pro

ဘာေၾကာင့္လဲဆုိရင္ အခုေနာက္ဆံုးသိရတဲ့သတင္းအရ Huawei ကေန အခု Foldable ဖုန္းအတြက္ Trademark နာမည္ေတြကို ရယူလုိက္ျပီျဖစ္ပါတယ္။ အခုသတင္းအရ Huawei ရဲ႕ Foldable ဖုန္းက Mate Series အေနနဲ႔ပဲ ထြက္ရွိလာမွာျဖစ္ျပီးေတာ့ Huawei Mate F ၊ Mate Flex ၊ Mate Flexi နဲ႔ Mate Fold ဆုိတဲ့ နာမည္ေတြကို Trademark ရယူလိုက္တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အခုနာမည္ေတြထဲက ဘယ္တစ္ခုကို Huawei အေနနဲ႔ အသံုးျပဳလာမလဲဆိုတာကေတာ့ အခုထိ မသိရေသးဘဲ ေနာက္ဆံုး ဒီနာမည္ေတြမဟုတ္တဲ့ အျခား နာမည္တစ္ခုကိုလည္း အသံုးျပဳလာႏုိင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ေသခ်ာတာတစ္ခုကေတာ့ Huawei ကေန Foldable ဖုန္းကို ထုတ္ျပဖုိ႔အရမ္းကို နီးစပ္ေနျပီဆုိတာပါ။

Samsung Foldable Phone

Huawei ရဲ႕ အခု Foldable ဖုန္းက ျဖန္႔လုိက္ရင္ 8″ Display ျဖစ္သြားမွာျဖစ္ျပီးေတာ့ 5G ကိုပါ Support ျပဳလုပ္လာမွာျဖစ္ပါတယ္။ ဒါေပမယ့္ Samsung ရဲ႕ Foldable စမတ္ဖုန္းထက္ ဘယ္လုိသာႏုိင္မလဲဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

အခုအချိန်မှာ စမတ်ဖုန်းတွေကို သာမန်ကနေ ခွဲထွက်ဖို့ ကြိုးစားနေတာ Samsung နဲ့ Huawei က အဓိကဖြစ်နေတယ်လို့ ပြောလို့ရပါတယ်။ Samsung က မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Samsung Developer Conference မှာ ကုမ္ပဏီရဲ့ ပထမဆုံးသော Foldable စမတ်ဖုန်းကို ပြသခဲ့ပြီးတော့ အခုအချိန်မှာ Huawei ကလည်း မကြာခင်မှာ Foldable ဖုန်းကို မိတ်ဆက်တော့မယ်ပုံစံပါပဲ။

Huawei Mate 20 Pro

ဘာကြောင့်လဲဆိုရင် အခုနောက်ဆုံးသိရတဲ့သတင်းအရ Huawei ကနေ အခု Foldable ဖုန်းအတွက် Trademark နာမည်တွေကို ရယူလိုက်ပြီဖြစ်ပါတယ်။ အခုသတင်းအရ Huawei ရဲ့ Foldable ဖုန်းက Mate Series အနေနဲ့ပဲ ထွက်ရှိလာမှာဖြစ်ပြီးတော့ Huawei Mate F ၊ Mate Flex ၊ Mate Flexi နဲ့ Mate Fold ဆိုတဲ့ နာမည်တွေကို Trademark ရယူလိုက်တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုနာမည်တွေထဲက ဘယ်တစ်ခုကို Huawei အနေနဲ့ အသုံးပြုလာမလဲဆိုတာကတော့ အခုထိ မသိရသေးဘဲ နောက်ဆုံး ဒီနာမည်တွေမဟုတ်တဲ့ အခြား နာမည်တစ်ခုကိုလည်း အသုံးပြုလာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သေချာတာတစ်ခုကတော့ Huawei ကနေ Foldable ဖုန်းကို ထုတ်ပြဖို့အရမ်းကို နီးစပ်နေပြီဆိုတာပါ။

Samsung Foldable Phone

Huawei ရဲ့ အခု Foldable ဖုန်းက ဖြန့်လိုက်ရင် 8″ Display ဖြစ်သွားမှာဖြစ်ပြီးတော့ 5G ကိုပါ Support ပြုလုပ်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် Samsung ရဲ့ Foldable စမတ်ဖုန်းထက် ဘယ်လိုသာနိုင်မလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com