[Zawgyi]

ကင္မရာ ၄ ေလးလုံးပါတဲ့ Nova 3 စမတ္ဖုန္းကို မိတ္ဆက္လိုက္ၿပီျဖစ္တဲ့ Huawei

Huawei အေနနဲ႔ Nova 3 စမတ္ဖုန္းကို ဇူလိုင္လ ၁၈ ရက္ေန႔မွာ တရားဝင္မိတ္ဆက္ေပးသြားမယ္လို႔ ေၾကညာၿပီးသား ဆိုေပမယ့္လည္း VMall မွာလက္ရွိ ထြက္ေပၚလာခဲ့တဲ့ သတင္းအရ Nova 3 စမတ္ဖုန္းရဲ႕ Specification အေသးစိတ္ကို သိရွိရၿပီ ျဖစ္ပါတယ္။ ဘယ္လိုအေၾကာင္းမ်ိဳးေတြေၾကာင့္ စမတ္ဖုန္းကိုခ်မျပေသးဘဲ VMall မွာ Pre-order စၿပီး လက္ခံေနၿပီဆိုတာ ထည့္မေျပာထားေပမယ့္ ေကာလာဟလ ထြက္ခဲ့တဲ့အတိုင္း Nova 3 ကို ေရွ႕ေနာက္ ကင္မရာ ၂ လုံးစီနဲ႔ ျမင္ေတြ႕ရမွာပါ။

Display

ဒီဇိုင္းပိုင္းအေနနဲ႔ ထူးထူးျခားျခား ေျပာင္းလဲထားတာမ်ိဳးမရွိဘဲ P20 Lite စမတ္ဖုန္းပုံစံနဲ႔ ခပ္ဆင္ဆင္ ျဖစ္ေနမွာပါ။ Display ပိုင္းမွာေတာ့ 6.3″ ရွိ Full HD+ Resolution ကို တပ္ဆင္ေပးထားၿပီး 19:9 Aspect Ration ရွိ IPS Panel ကိုပဲ ဆက္လက္ အသုံးျပဳထားပါတယ္။ Huawei ကဘယ္လို စမတ္ဖုန္းအသစ္ပဲ ထုတ္ထုတ္ iPhone X လို Notch ဒီဇိုင္းကို အခုထိ မျဖဳတ္ထားေသးပါဘူး။ ဒါေပမယ့္လည္း ဒီျပႆနာကို Software နဲ႔ ေျဖရွင္းႏိုင္တဲ့အတြက္ Notch ကို သုံးရတာ မႀကိဳက္သူအတြက္ အစဥ္ေျပႏိုင္မွာျဖစ္ပါတယ္။

Available in Gold Colour

Performance

Nova 3 ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္လို႔ Huawei ရဲ႕ ကိုယ္ပိုင္ Kirin 970 Chipset နဲ႔ ေမာင္းႏွင္မွာျဖစ္ၿပီး Processor မွာ Performance Core နဲ႔ Low Power Core ဆိုၿပီး ႏွစ္မ်ိဳးပါဝင္မွာပါ။ Octa-core Processor ျဖစ္ေသာ္ျငား အခုလို Core အမ်ိဳးအစား ႏွစ္မ်ိဳးခြဲၿပီး အသုံးျပဳလိုက္ျခင္းက စြမ္းေဆာင္ရည္ပိုင္း ပိုအားသာခ်က္ရွိမွာျဖစ္သလို ဘက္ထရီသုံးစြဲမႈကိုလည္း ေႁခြတာရာေရာက္မွာပါ။ Huawei အဆိုရ 2.4GHz ျမန္ႏႈန္းရွိ Core ၄ လုံးတစ္စု ပါဝင္တဲ့ Cortex-A73 ကို ဂိမ္းကစားဖို႔နဲ႔ Ultra HD Content ေတြကိုင္တြယ္ဖို႔ Processor က စီမံခန္႔ခြဲႏိုင္ဦးမွာ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး Core ၄ လုံးတစ္စု ပါဝင္ဦးမယ့္ Cortex-A53 ကိုေတာ့ 1.8GHz ျမန္ႏႈန္းနဲ႔ ေပါ့ေပါ့ပါးပါး အသုံးျပဳဖို႔နဲ႔ သာမန္႐ုပ္ရွင္ၾကည့္တာမ်ိဳးအတြက္ အေထာက္အကူျဖစ္ေစမွာပါ။

GPU Turbo Technology has been included

ဒီလို သီးသန္႔တာဝန္ထမ္းေဆာင္ႏိုင္မယ့္ Nova 3 စမတ္ဖုန္းရဲ႕ Processor ကို 6GB RAM နဲ႔ အားျဖည့္ထားမွာျဖစ္တဲ့အတြက္ ဒီအေနအထားတိုင္းဆိုရင္ Mid-range စမတ္ဖုန္းေစ်းကြက္ကို ကိုင္လႈပ္ဦးမယ့္ ဖုန္းတစ္လုံးလို႔ ဆိုႏိုင္ပါေသးတယ္။ ဒါ့အျပင္ Data သိမ္းဆည္းဖို႔အတြက္ 64GB ဒါမွမဟုတ္ 128GB ဆိုၿပီး ေ႐ြးခ်ယ္လို႔ရဦးမွာပါ။ ဘက္ထရီပိုင္းကိုလည္း 3,750 mAh ပမာဏရွိ ဘက္ထရီ တပ္ဆင္ေပးထားမွာ ျဖစ္တဲ့အတြက္ တစ္ေန႔တာသုံးစြဲမႈအတြက္ လုံေလာက္မႈရွိမွာပါ။ ဘက္ထရီရဲ႕ အားသြင္းစနစ္ကို Huawei ရဲ႕ ကိုယ္ပိုင္ Super Charger နည္းပညာနဲ႔ ေထာက္ပံ့ထားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

Camera

အရင္ Nova 3e စမတ္ဖုန္းဟာ P20 အႏြယ္ျဖစ္တာနဲ႔အညီ ကင္မရာပိုင္း စြမ္းေဆာင္ရည္ဟာ Mid-range စမတ္ဖုန္း တစ္လုံးအတြက္ ေကာင္းမြန္ျပည့္စုံတဲ့ အေနထားတစ္ခုအထိ ေပးစြမ္းႏိုင္ခဲ့တာပါ။ Huawei က ဒီအစဥ္အလာကို ထိန္းသိမ္းထားၿပီး Nova 3 မွာေတာ့ ပိုမို အဆင့္ျမင့္တဲ့ ကင္မရာေတြ သုံးလာခဲ့ၿပီ ျဖစ္ပါတယ္။ ေက်ာဘက္ကင္မရာကို Honor 10 စမတ္ဖုန္းပုံစံ ညာဘက္ျခမ္းမွာ ေဒါင္လိုက္တပ္ဆင္ေပးထားတာ ေတြ႕ရမွာပါ။ Dual Camera ကိုမွ မတူညီတဲ့ Colour Sensor နဲ႔ Monochrome Sensor ဆိုၿပီး 16MP နဲ႔ 24MP အသီးသီးရွိတဲ့ ကင္မရာႏွစ္လုံးနဲ႔ ပြဲထြက္လာမွာျဖစ္ပါတယ္။ ဒါ့အျပင္ Monochrome Sensor ရဲ႕ Aperture Value က 1.8 ရွိတာေၾကာင့္ အလင္းေရာင္အားနည္းေနတဲ့အခ်ိန္ ဓာတ္ပုံ၊ ဗီဒီယို႐ိုက္ဖို႔အတြက္ ပိုၿပီးအသုံးတည့္ဦးမွာပါ။

Front Side

Nova 3 စမတ္ဖုန္းရဲ႕ ေရွ႕ကင္မရာကို Selfie သမားေတြအတြက္ေရာ ဓာတ္ပုံဝါသနာအိုးေတြပါ အစဥ္ေျပေျပ လွလွပပ Selfie ပုံ႐ိုက္ကူးႏိုင္ဖို႔ 24MP Primary Camera ကို 2MP Secondary Camera နဲ႔ အားျဖည့္ထားတာ ေတြ႕ရမွာပါ။ ဒီလို ေရွ႕ဘက္မွာ ကင္မရာႏွစ္လုံးထည့္လိုက္တာက Selfie ခ်ည္းအသားေပးဖို႔ မဟုတ္ပဲ ေခတ္စားေနတဲ့ Portrait Mode ကို Front Camera နဲ႔ ႐ိုက္ကူးႏိုင္ေအာင္ 2MP ကင္မရာနဲ႔ ပံ့ပိုးေပးထားတာလည္းျဖစ္ပါတယ္။

Back Side

Software & Security

Nova 3 စမတ္ဖုန္းကို Android Version 8.2 နဲ႔ ပြဲထြက္လာႏိုင္ၿပီး Huawei ရဲ႕ကိုယ္ပိုင္ EMUI တစ္ခါတည္းပါလာမွာပါ။ မၾကာေသးခင္က မိတ္ဆက္ေပးထားတဲ့ GPU Turbo နည္းပညာကို အသုံးျပဳထားမွာျဖစ္ၿပီး Apple ရဲ႕ Animoji ထက္ပိုၿပီး သဘာဝက်တဲ့ 3D Qmoji ကို အသုံးျပဳလို႔ရဦးမွာပါ။ ဒီလို AI နည္းပညာရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းကလည္း စမတ္ဖုန္းတစ္လုံးမွာရွိတဲ့ UI နဲ႔ေသာ္လည္းေကာင္း Chipset နဲ႔ပါ တိုက္႐ိုက္သက္ဆိုင္ေနတာလည္းျဖစ္ပါတယ္။ Security Feature အေနနဲ႔ Fingerprint Sensor ကို စမတ္ဖုန္းရဲ႕ ေက်ာဘက္ အလယ္ေနရာမွာ တပ္ဆင္ေပးထားတာက သုံးရတာ အစဥ္ေျပလွ်င္ျမန္မႈလည္း ရွိမွာပါ။

Smartphone is incredibly thin at its size along with Fingerprint Sensor in the middle

လက္ရွိအခ်ိန္မွာ Nova 3 စမတ္ဖုန္းရဲ႕ အေသးစိတ္ အခ်က္အလက္ကို VMall မွာ ေဖာ္ျပထားၿပီးၿပီဆိုေပမယ့္ ေရာင္းခ်မယ့္ ေစ်းႏႈန္းအတိအက်ကို ေျပာဆိုထားျခင္းမရွိေသးပါဘူး။ အေရာင္အေနနဲ႔ ၄ မ်ိဳးေ႐ြးခ်ယ္ႏိုင္မွာျဖစ္ၿပီး Nebula Purple အလုံးကိုေတာ့ P20 Pro စီးရီးရဲ႕ Blue-ish Purple ေမာ္ဒယ္နဲ႔ ခပ္ဆင္ဆင္ ျမင္ေတြ႕ရႏိုင္ပါတယ္။ အဲ့ဒါအျပင္ Black ၊ Aqua Blue နဲ႔ Primrose Gold ဆိုၿပီး ေ႐ြးခ်ယ္လို႔ရမွာျဖစ္ၿပီး ဇူလိုင္လ ၁၉ ရက္ေန႔အထိ Pre-order လက္ခံသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

2B (Akhayar)

www.akhayar.com

Ref: GSM Arena

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကင်မရာ ၄ လေးလုံးပါတဲ့ Nova 3 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Huawei

Huawei အနေနဲ့ Nova 3 စမတ်ဖုန်းကို ဇူလိုင်လ ၁၈ ရက်နေ့မှာ တရားဝင်မိတ်ဆက်ပေးသွားမယ်လို့ ကြေညာပြီးသား ဆိုပေမယ့်လည်း VMall မှာလက်ရှိ ထွက်ပေါ်လာခဲ့တဲ့ သတင်းအရ Nova 3 စမတ်ဖုန်းရဲ့ Specification အသေးစိတ်ကို သိရှိရပြီ ဖြစ်ပါတယ်။ ဘယ်လိုအကြောင်းမျိုးတွေကြောင့် စမတ်ဖုန်းကိုချမပြသေးဘဲ VMall မှာ Pre-order စပြီး လက်ခံနေပြီဆိုတာ ထည့်မပြောထားပေမယ့် ကောလာဟလ ထွက်ခဲ့တဲ့အတိုင်း Nova 3 ကို ရှေ့နောက် ကင်မရာ ၂ လုံးစီနဲ့ မြင်တွေ့ရမှာပါ။

Display

ဒီဇိုင်းပိုင်းအနေနဲ့ ထူးထူးခြားခြား ပြောင်းလဲထားတာမျိုးမရှိဘဲ P20 Lite စမတ်ဖုန်းပုံစံနဲ့ ခပ်ဆင်ဆင် ဖြစ်နေမှာပါ။ Display ပိုင်းမှာတော့ 6.3″ ရှိ Full HD+ Resolution ကို တပ်ဆင်ပေးထားပြီး 19:9 Aspect Ration ရှိ IPS Panel ကိုပဲ ဆက်လက် အသုံးပြုထားပါတယ်။ Huawei ကဘယ်လို စမတ်ဖုန်းအသစ်ပဲ ထုတ်ထုတ် iPhone X လို Notch ဒီဇိုင်းကို အခုထိ မဖြုတ်ထားသေးပါဘူး။ ဒါပေမယ့်လည်း ဒီပြဿနာကို Software နဲ့ ဖြေရှင်းနိုင်တဲ့အတွက် Notch ကို သုံးရတာ မကြိုက်သူအတွက် အစဥ်ပြေနိုင်မှာဖြစ်ပါတယ်။

Available in Gold Colour

Performance

Nova 3 ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ Huawei ရဲ့ ကိုယ်ပိုင် Kirin 970 Chipset နဲ့ မောင်းနှင်မှာဖြစ်ပြီး Processor မှာ Performance Core နဲ့ Low Power Core ဆိုပြီး နှစ်မျိုးပါဝင်မှာပါ။ Octa-core Processor ဖြစ်သော်ငြား အခုလို Core အမျိုးအစား နှစ်မျိုးခွဲပြီး အသုံးပြုလိုက်ခြင်းက စွမ်းဆောင်ရည်ပိုင်း ပိုအားသာချက်ရှိမှာဖြစ်သလို ဘက်ထရီသုံးစွဲမှုကိုလည်း ခြွေတာရာရောက်မှာပါ။ Huawei အဆိုရ 2.4GHz မြန်နှုန်းရှိ Core ၄ လုံးတစ်စု ပါဝင်တဲ့ Cortex-A73 ကို ဂိမ်းကစားဖို့နဲ့ Ultra HD Content တွေကိုင်တွယ်ဖို့ Processor က စီမံခန့်ခွဲနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး Core ၄ လုံးတစ်စု ပါဝင်ဦးမယ့် Cortex-A53 ကိုတော့ 1.8GHz မြန်နှုန်းနဲ့ ပေါ့ပေါ့ပါးပါး အသုံးပြုဖို့နဲ့ သာမန်ရုပ်ရှင်ကြည့်တာမျိုးအတွက် အထောက်အကူဖြစ်စေမှာပါ။

GPU Turbo Technology has been included

ဒီလို သီးသန့်တာဝန်ထမ်းဆောင်နိုင်မယ့် Nova 3 စမတ်ဖုန်းရဲ့ Processor ကို 6GB RAM နဲ့ အားဖြည့်ထားမှာဖြစ်တဲ့အတွက် ဒီအနေအထားတိုင်းဆိုရင် Mid-range စမတ်ဖုန်းစျေးကွက်ကို ကိုင်လှုပ်ဦးမယ့် ဖုန်းတစ်လုံးလို့ ဆိုနိုင်ပါသေးတယ်။ ဒါ့အပြင် Data သိမ်းဆည်းဖို့အတွက် 64GB ဒါမှမဟုတ် 128GB ဆိုပြီး ရွေးချယ်လို့ရဦးမှာပါ။ ဘက်ထရီပိုင်းကိုလည်း 3,750 mAh ပမာဏရှိ ဘက်ထရီ တပ်ဆင်ပေးထားမှာ ဖြစ်တဲ့အတွက် တစ်နေ့တာသုံးစွဲမှုအတွက် လုံလောက်မှုရှိမှာပါ။ ဘက်ထရီရဲ့ အားသွင်းစနစ်ကို Huawei ရဲ့ ကိုယ်ပိုင် Super Charger နည်းပညာနဲ့ ထောက်ပံ့ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Camera

အရင် Nova 3e စမတ်ဖုန်းဟာ P20 အနွယ်ဖြစ်တာနဲ့အညီ ကင်မရာပိုင်း စွမ်းဆောင်ရည်ဟာ Mid-range စမတ်ဖုန်း တစ်လုံးအတွက် ကောင်းမွန်ပြည့်စုံတဲ့ အနေထားတစ်ခုအထိ ပေးစွမ်းနိုင်ခဲ့တာပါ။ Huawei က ဒီအစဥ်အလာကို ထိန်းသိမ်းထားပြီး Nova 3 မှာတော့ ပိုမို အဆင့်မြင့်တဲ့ ကင်မရာတွေ သုံးလာခဲ့ပြီ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာကို Honor 10 စမတ်ဖုန်းပုံစံ ညာဘက်ခြမ်းမှာ ဒေါင်လိုက်တပ်ဆင်ပေးထားတာ တွေ့ရမှာပါ။ Dual Camera ကိုမှ မတူညီတဲ့ Colour Sensor နဲ့ Monochrome Sensor ဆိုပြီး 16MP နဲ့ 24MP အသီးသီးရှိတဲ့ ကင်မရာနှစ်လုံးနဲ့ ပွဲထွက်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် Monochrome Sensor ရဲ့ Aperture Value က 1.8 ရှိတာကြောင့် အလင်းရောင်အားနည်းနေတဲ့အချိန် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ဖို့အတွက် ပိုပြီးအသုံးတည့်ဦးမှာပါ။

Front Side

Nova 3 စမတ်ဖုန်းရဲ့ ရှေ့ကင်မရာကို Selfie သမားတွေအတွက်ရော ဓာတ်ပုံဝါသနာအိုးတွေပါ အစဥ်ပြေပြေ လှလှပပ Selfie ပုံရိုက်ကူးနိုင်ဖို့ 24MP Primary Camera ကို 2MP Secondary Camera နဲ့ အားဖြည့်ထားတာ တွေ့ရမှာပါ။ ဒီလို ရှေ့ဘက်မှာ ကင်မရာနှစ်လုံးထည့်လိုက်တာက Selfie ချည်းအသားပေးဖို့ မဟုတ်ပဲ ခေတ်စားနေတဲ့ Portrait Mode ကို Front Camera နဲ့ ရိုက်ကူးနိုင်အောင် 2MP ကင်မရာနဲ့ ပံ့ပိုးပေးထားတာလည်းဖြစ်ပါတယ်။

Back Side

Software & Security

Nova 3 စမတ်ဖုန်းကို Android Version 8.2 နဲ့ ပွဲထွက်လာနိုင်ပြီး Huawei ရဲ့ကိုယ်ပိုင် EMUI တစ်ခါတည်းပါလာမှာပါ။ မကြာသေးခင်က မိတ်ဆက်ပေးထားတဲ့ GPU Turbo နည်းပညာကို အသုံးပြုထားမှာဖြစ်ပြီး Apple ရဲ့ Animoji ထက်ပိုပြီး သဘာဝကျတဲ့ 3D Qmoji ကို အသုံးပြုလို့ရဦးမှာပါ။ ဒီလို AI နည်းပညာရဲ့ လုပ်ဆောင်နိုင်စွမ်းကလည်း စမတ်ဖုန်းတစ်လုံးမှာရှိတဲ့ UI နဲ့သော်လည်းကောင်း Chipset နဲ့ပါ တိုက်ရိုက်သက်ဆိုင်နေတာလည်းဖြစ်ပါတယ်။ Security Feature အနေနဲ့ Fingerprint Sensor ကို စမတ်ဖုန်းရဲ့ ကျောဘက် အလယ်နေရာမှာ တပ်ဆင်ပေးထားတာက သုံးရတာ အစဥ်ပြေလျှင်မြန်မှုလည်း ရှိမှာပါ။

Smartphone is incredibly thin at its size along with Fingerprint Sensor in the middle

လက်ရှိအချိန်မှာ Nova 3 စမတ်ဖုန်းရဲ့ အသေးစိတ် အချက်အလက်ကို VMall မှာ ဖော်ပြထားပြီးပြီဆိုပေမယ့် ရောင်းချမယ့် စျေးနှုန်းအတိအကျကို ပြောဆိုထားခြင်းမရှိသေးပါဘူး။ အရောင်အနေနဲ့ ၄ မျိုးရွေးချယ်နိုင်မှာဖြစ်ပြီး Nebula Purple အလုံးကိုတော့ P20 Pro စီးရီးရဲ့ Blue-ish Purple မော်ဒယ်နဲ့ ခပ်ဆင်ဆင် မြင်တွေ့ရနိုင်ပါတယ်။ အဲ့ဒါအပြင် Black ၊ Aqua Blue နဲ့ Primrose Gold ဆိုပြီး ရွေးချယ်လို့ရမှာဖြစ်ပြီး ဇူလိုင်လ ၁၉ ရက်နေ့အထိ Pre-order လက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

2B (Akhayar)

www.akhayar.com

Ref: GSM Arena

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။