Huawei ဟာ အျမဲတမ္းလုိလုိ တျခားေသာ ျပိဳင္ဘက္စမတ္ဖုန္းကုမၸဏီေတြကို ခနဲ႔တဲ့ ေၾကာ္ျငာေတြကို ျပဳလုပ္ေလ့ရွိတဲ့ကုမၸဏီတစ္ခုလုိ႔ ေျပာလုိ႔ရပါတယ္။ ျပီးခဲ့တဲ့ Galaxy Note 9 ထြက္ရွိတုန္းကလည္း တကယ့္ Real Upgrade တစ္ခုမဟုတ္ခဲ့ဘူးဆုိျပီး ေလွာင္ေျပာင္ခဲ့သလုိ Apple က iPhone XS ကို ေရာင္းခ်တုန္းကလည္း တန္းစီေစာင့္ဆုိင္းေနတဲ့သူေတြကို Huawei Powerbank ေတြလုိက္ျပီးေဝခဲ့ပါေသးတယ္။

အခုလည္း Huawei က ေနာက္ထပ္တစ္ၾကိမ္ Apple နဲ႔ Samsung တုိ႔ကို ခနဲ႔လုိက္ျပန္ပါတယ္။ ဒီတစ္ၾကိမ္မွာေတာ့ Apple နဲ႔ Samsung တုိ႔က သူတို႔ရဲ႕ သက္တမ္းၾကာျပီျဖစ္တဲ့ စမတ္ဖုန္းေတြကို Battery သက္တမ္းၾကာရွည္ခံဖုိ႔အတြက္ စြမ္းေဆာင္ရည္ကို ေႏွးေကြးေအာင္ Firmware Update လုပ္ေပးတဲ့အေပၚကို ခနဲ႔ခဲ့တာပါ။

Huawei Mate 20 Pro & Mate 20

Apple နဲ႔ Samsung ဟာ မၾကာေသးခင္ကမွ အခုလုိမ်ိဳး စမတ္ဖုန္းေတြရဲ႕ စြမ္းေဆာင္ရည္ကို တမင္ေႏွးေကြးေအာင္ျပဳလုပ္တဲ့အတြက္ ဒါဏ္ရုိက္ခံခဲ့ရတာျဖစ္ပါတယ္။ Huawei ကေတာ့ ဒါကို အခြင့္ေကာင္းယူျပီး သူတို႔ဖုန္းေတြကို ဘယ္ေတာ့မွ ေႏွးေကြးေအာင္မလုပ္ဘူးလို႔ Huawei Mate 20 Pro ဖုန္းေတြနဲ႔ ေၾကာ္ျငာခဲ့တာျဖစ္ပါတယ္။

Huawei အေနနဲ႔ အခု Huawei Mate 20 Pro ေၾကာ္ျငာေတြရဲ႕ Campaign ကို “#BornFastStaysFast” နဲ႔ “NeverSlowDown” ဆုိျပီး ေၾကာ္ျငာေနတာျဖစ္ပါတယ္။ Huawei Mate 20 Pro ဖုန္းေတြဟာ လက္ရွိ Android ဖုန္းေတြထဲမွာ ပထမဆံုး 7nm Architecture ကို အသံုးျပဳထားတဲ့ Kirin 980 Processor ကို အသံုးျပဳထားတဲ့အတြက္ လက္ရွိအျမန္ဆံုး Android ဖုန္းျဖစ္ေနတာကို အခြင့္ေကာင္းယူေနတဲ့ပံုပါပဲ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Huawei ဟာ အမြဲတမ်းလိုလို တခြားသော ပြိုင်ဘက်စမတ်ဖုန်းကုမ္ပဏီတွေကို ခနဲ့တဲ့ ကြော်ငြာတွေကို ပြုလုပ်လေ့ရှိတဲ့ကုမ္ပဏီတစ်ခုလို့ ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့ Galaxy Note 9 ထွက်ရှိတုန်းကလည်း တကယ့် Real Upgrade တစ်ခုမဟုတ်ခဲ့ဘူးဆိုပြီး လှောင်ပြောင်ခဲ့သလို Apple က iPhone XS ကို ရောင်းချတုန်းကလည်း တန်းစီစောင့်ဆိုင်းနေတဲ့သူတွေကို Huawei Powerbank တွေလိုက်ပြီးဝေခဲ့ပါသေးတယ်။

အခုလည်း Huawei က နောက်ထပ်တစ်ကြိမ် Apple နဲ့ Samsung တို့ကို ခနဲ့လိုက်ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ Apple နဲ့ Samsung တို့က သူတို့ရဲ့ သက်တမ်းကြာပြီဖြစ်တဲ့ စမတ်ဖုန်းတွေကို Battery သက်တမ်းကြာရှည်ခံဖို့အတွက် စွမ်းဆောင်ရည်ကို နှေးကွေးအောင် Firmware Update လုပ်ပေးတဲ့အပေါ်ကို ခနဲ့ခဲ့တာပါ။

Huawei Mate 20 Pro & Mate 20

Apple နဲ့ Samsung ဟာ မကြာသေးခင်ကမှ အခုလိုမျိုး စမတ်ဖုန်းတွေရဲ့ စွမ်းဆောင်ရည်ကို တမင်နှေးကွေးအောင်ပြုလုပ်တဲ့အတွက် ဒါဏ်ရိုက်ခံခဲ့ရတာဖြစ်ပါတယ်။ Huawei ကတော့ ဒါကို အခွင့်ကောင်းယူပြီး သူတို့ဖုန်းတွေကို ဘယ်တော့မှ နှေးကွေးအောင်မလုပ်ဘူးလို့ Huawei Mate 20 Pro ဖုန်းတွေနဲ့ ကြော်ငြာခဲ့တာဖြစ်ပါတယ်။

Huawei အနေနဲ့ အခု Huawei Mate 20 Pro ကြော်ငြာတွေရဲ့ Campaign ကို “#BornFastStaysFast” နဲ့ “NeverSlowDown” ဆိုပြီး ကြော်ငြာနေတာဖြစ်ပါတယ်။ Huawei Mate 20 Pro ဖုန်းတွေဟာ လက်ရှိ Android ဖုန်းတွေထဲမှာ ပထမဆုံး 7nm Architecture ကို အသုံးပြုထားတဲ့ Kirin 980 Processor ကို အသုံးပြုထားတဲ့အတွက် လက်ရှိအမြန်ဆုံး Android ဖုန်းဖြစ်နေတာကို အခွင့်ကောင်းယူနေတဲ့ပုံပါပဲ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com