[Zawgyi]

တတိယေျမာက္ တစ္ကိုယ္ေတာ္အေခြကိုျပင္ဆင္ေနတဲ့ ထြန္းရတီ

မိန္းကေလးပရိသတ္ေတြအားေပးမႈကိုအခိုင္အမာရရွိထားၿပီး အသံခ်ိဳခ်ိဳေအးေအးေလးနဲ႔ အသည္းကြဲသီခ်င္းေလးေတြကို သီဆိုတတ္တဲ့ အဆုိေတာ္ထြန္းရတီက တတိယေျမာက္တစ္ကိုယ္ေတာ္သီခ်င္းအေခြအတြက္ ျပင္ဆင္မႈေတြျပဳလုပ္ေနတယ္လုိ႔သိရပါတယ္။ “ရတီရဲ႕ တတိယေျမာက္အေခြေလးအတြက္ သီခ်င္းေတြစစုေနတယ္။ ရတီရဲ႕ တတိယအေခြထဲမွာ ရတီဆိုေနက်အသည္းကြဲသီခ်င္းေလးေတြေရာ၊ ျမဴးျမဴးေလးေတြေရာ ရသစံုခံစားႏိုင္ဖို႔ သီခ်င္းေလးေတြျပင္ဆင္ေနတာပါ။ ပရိသတ္ေတြကိုအေကာင္းဆံုးေပးခ်င္တယ္။ တစ္ေခြထက္တစ္ေခြ ပိုေကာင္းဖို႔ကိုလည္း ရတီႀကိဳးစားတယ္။ အေခြအေၾကာင္းကိုေတာ့ ၿပီးခါနီးမွပဲ ပရိသတ္ေတြကိုအသိေပးပါမယ္” လို႔ ထြန္းရတီက တတိယေျမာက္ အေခြနဲ႔ပတ္သက္ၿပီး ေျပာပါတယ္။

သီခ်င္းေတြကို အျမဲသီဆိုရင္း ပရိသတ္ေတြနဲ႔ အဆက္မျပတ္ဖု႔ိ ႀကိဳးစားသြားမယ့္အေၾကာင္းကိုလည္း “ရတီက အားတဲ့အခ်ိန္ေတြဆိုရင္ သီခ်င္းေရးတယ္။ ဂီတနဲ႔ပတ္သက္တာေတြပဲ လုပ္ျဖစ္တယ္။ ရတီဖန္တီးထားတဲ့သီခ်င္းေတြကိုလည္း ပရိသတ္ေတြကို နားေထာင္ေစခ်င္တယ္။ ရတီကိုယ္တိုင္ကလည္း သီခ်င္းေတြကို ဖန္တီးေနရရင္ ေပ်ာ္ေနတာပါ။ သီခ်င္းေခြေလးေတြ အျမဲထြက္ျဖစ္တယ္၊ နယ္ပြဲေတြဆိုျဖစ္တာက ပရိသတ္ေတြနဲ႔အဆက္မျပတ္ဖုိ႔ပါ။ အဲဒါေၾကာင့္လည္း အေခြထပ္ထြက္ဖို႔ကို ရတီႀကိဳးစားေနတာပါ။ ေနာက္ထြက္မယ့္အေခြထဲမွာလည္း သီခ်င္းေတြကို အေကာင္းဆံုးႀကိဳးစားၿပီးေတာ့ ပရိသတ္ကို ပံုစံမတူေအာင္လုပ္ျပခ်င္တယ္၊ အဓိကက သီခ်င္းစာသားေတြလဲကြာၿပီးေတာ့နားေထာင္ရတာ တစ္မ်ိဳးေလးျဖစ္ေစမယ္လို႔ ထင္ပါတယ္” လို႔ ထြန္းရတီကေျပာပါတယ္။ အဆိုေတာ္ထြန္းရတီအေနနဲ႔ “အခ်စ္မ်ားစြာယူ”၊ “ခ်စ္ၿပီးသားပါ” အမည္ရွိတဲ့ တစ္ကိုယ္ေတာ္ေတးစီးရီး ၂ ေခြကိုထြက္ရွိထားၿပီး၊ နယ္ေဖ်ာ္ေျဖမႈေတြကိုလည္း ေတာက္ေလွ်ာက္သီဆိုေနတာကို ေတြ႔ရပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

တတိယမြောက် တစ်ကိုယ်တော်အခွေကိုပြင်ဆင်နေတဲ့ ထွန်းရတီ

မိန်းကလေးပရိသတ်တွေအားပေးမှုကိုအခိုင်အမာရရှိထားပြီး အသံချိုချိုအေးအေးလေးနဲ့ အသည်းကွဲသီချင်းလေးတွေကို သီဆိုတတ်တဲ့ အဆိုတော်ထွန်းရတီက တတိယမြောက်တစ်ကိုယ်တော်သီချင်းအခွေအတွက် ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ “ရတီရဲ့ တတိယမြောက်အခွေလေးအတွက် သီချင်းတွေစစုနေတယ်။ ရတီရဲ့ တတိယအခွေထဲမှာ ရတီဆိုနေကျအသည်းကွဲသီချင်းလေးတွေရော၊ မြူးမြူးလေးတွေရော ရသစုံခံစားနိုင်ဖို့ သီချင်းလေးတွေပြင်ဆင်နေတာပါ။ ပရိသတ်တွေကိုအကောင်းဆုံးပေးချင်တယ်။ တစ်ခွေထက်တစ်ခွေ ပိုကောင်းဖို့ကိုလည်း ရတီကြိုးစားတယ်။ အခွေအကြောင်းကိုတော့ ပြီးခါနီးမှပဲ ပရိသတ်တွေကိုအသိပေးပါမယ်” လို့ ထွန်းရတီက တတိယမြောက် အခွေနဲ့ပတ်သက်ပြီး ပြောပါတယ်။

သီချင်းတွေကို အမြဲသီဆိုရင်း ပရိသတ်တွေနဲ့ အဆက်မပြတ်ဖု့ိ ကြိုးစားသွားမယ့်အကြောင်းကိုလည်း “ရတီက အားတဲ့အချိန်တွေဆိုရင် သီချင်းရေးတယ်။ ဂီတနဲ့ပတ်သက်တာတွေပဲ လုပ်ဖြစ်တယ်။ ရတီဖန်တီးထားတဲ့သီချင်းတွေကိုလည်း ပရိသတ်တွေကို နားထောင်စေချင်တယ်။ ရတီကိုယ်တိုင်ကလည်း သီချင်းတွေကို ဖန်တီးနေရရင် ပျော်နေတာပါ။ သီချင်းခွေလေးတွေ အမြဲထွက်ဖြစ်တယ်၊ နယ်ပွဲတွေဆိုဖြစ်တာက ပရိသတ်တွေနဲ့အဆက်မပြတ်ဖို့ပါ။ အဲဒါကြောင့်လည်း အခွေထပ်ထွက်ဖို့ကို ရတီကြိုးစားနေတာပါ။ နောက်ထွက်မယ့်အခွေထဲမှာလည်း သီချင်းတွေကို အကောင်းဆုံးကြိုးစားပြီးတော့ ပရိသတ်ကို ပုံစံမတူအောင်လုပ်ပြချင်တယ်၊ အဓိကက သီချင်းစာသားတွေလဲကွာပြီးတော့နားထောင်ရတာ တစ်မျိုးလေးဖြစ်စေမယ်လို့ ထင်ပါတယ်” လို့ ထွန်းရတီကပြောပါတယ်။ အဆိုတော်ထွန်းရတီအနေနဲ့ “အချစ်များစွာယူ”၊ “ချစ်ပြီးသားပါ” အမည်ရှိတဲ့ တစ်ကိုယ်တော်တေးစီးရီး ၂ ခွေကိုထွက်ရှိထားပြီး၊ နယ်ဖျော်ဖြေမှုတွေကိုလည်း တောက်လျှောက်သီဆိုနေတာကို တွေ့ရပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။