[Zawgyi]

အေကာင္းဆုံး ကိုယ္သရုပ္ေဆာင္တဲ့အတြက္ေၾကာင့္ လိပ္ျပာသန္႔ပါတယ္ဆိုတဲ့ ထူးျခား

အႏုပညာေလာကမွာ သရုပ္ေဆာင္ေကာင္းတစ္ေယာက္ျဖစ္သလို ဆယ္စုႏွစ္ေက်ာ္ၾကာၿပီျဖစ္တဲ့ သရုပ္ေဆာင္ထူးျခားကို ျမန္မာေပါကားေတြနဲ႔ပတ္သက္ၿပီး ေ၀ဖန္ေနၾကတဲ့အေပၚ သူ႔ရဲ႕ခံစားခ်က္ကိုေမးျမန္းခဲ့ရာ…“သူတို႔ေျပာတဲ့ ေပါကားမရိွပါဘူး။ ေျပာတဲ့သူက ေပါတာပါ။ ကၽြန္ေတာ္တို႔ေတြအားလုံးကလည္း အေကာင္းဆုံးျဖစ္ေအာင္ လုပ္ၾကတာပါပဲ။ လိုအပ္ခ်က္ေလးေတြေတာ့ ရိွတာေပါ့။ လိုအပ္ခ်က္ရိွတဲ့ ႏုိင္ငံျဖစ္တာေၾကာင့္ ၾကည့္ကတည္းက လိုအပ္ခ်က္နဲ႔လာၾကည့္ေပးပါ။ ေကာင္းတာေလးလည္း ေ၀ဖန္ၾကည့္ပါဦးဗ်ာ။ ကၽြန္ေတာ္တို႔လည္း နားေထာင္ခ်င္တယ္။ ကၽြန္ေတာ့္တို႔ဘ၀မွာ ဘယ္ဟာေလးေတာ့ ေကာင္းတယ္ဆိုတာမ်ိဳး ကၽြန္ေတာ့္တို႔တစ္သက္ အခုခ်ိန္ထိ တစ္ခါမွကိုမၾကားဘူးေသးဘူး။ ရွက္လို႔လား၊ ေၾကာက္လို႔ပဲ မေျပာတာလားေတာ့မသိဘူး။ မေကာင္းတာပဲေျပာတတ္တယ္။ေကာင္းတာမေျပာတတ္ေတာ့ဘူးလားေတာင္ မသိပါဘူး။ ေကာင္းတာေျပာတာ မရိွဘူးလို႔ေတာ့ မေျပာပါဘူး။ အနည္းစုေလာက္ပဲရွိပါတယ္”လို႔ ဆိုပါတယ္။

ရိုက္ကူးေရးမွာ အေကာင္းဆုံးလုပ္ခဲ့တဲ့အတြက္ လိပ္ျပာသန္႔သလို ကြာလတီေကာင္းတဲ့ ကားေတြအမ်ားႀကီးရိွပါတယ္ဆိုတာကိုလည္း ေျပာၾကားခဲ့ပါတယ္။“အဓိကေ၀ဖန္တဲ့ေနရာမွာ ဘက္လိုက္တာဆိုးပါတယ္။ ေကာင္းတာေတြမေျပာပဲ မေကာင္းတာေတြပဲ စြတ္ေျပာေနမယ္ဆိုရင္လည္း ကၽြန္ေတာ္တို႔က ကၽြန္ေတာ္တို႔လုပ္စရာရိွတဲ့အလုပ္ကို ဆက္လုပ္ေနမွာပါပဲလို႔ ဆိုပါတယ္။ လုပ္တဲ့အေပၚမွာလည္း အေကာင္းဆုံးလုပ္တာပါ။ အဲဒီ့အတြက္ေတာ့ လိပ္ျပာသန္႔ပါတယ္။ ကၽြန္ေတာ္တို႔မွာ ကြာလတီေကာင္းတဲ့ ကားေတြအမ်ားႀကီးအမ်ားႀကီးရိွပါတယ္” လို႔ ဆိုၿပီးေျပာပါတယ္။ သရုပ္ေဆာင္ထူးျခားအေနနဲဲ႔ လတ္တေလာမွာ ‘Cover’ရုပ္ရွင္ဇာတ္ကားႀကီး ရိုက္ကူးေနၿပီး ေနာက္ပိုင္းမွာ ဒါရိုက္တာသားညီနဲ႔ ‘25%’ ရုပ္ရွင္ကားႀကီး ရိုက္ကူးဖို႔ရိွတယ္လို႔ သိရပါတယ္။

www.akhayar.com

[Unicode]

အကောင်းဆုံး ကိုယ်သရုပ်ဆောင်တဲ့အတွက်ကြောင့် လိပ်ပြာသန့်ပါတယ်ဆိုတဲ့ ထူးခြား

အနုပညာလောကမှာ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်သလို ဆယ်စုနှစ်ကျော်ကြာပြီဖြစ်တဲ့ သရုပ်ဆောင်ထူးခြားကို မြန်မာပေါကားတွေနဲ့ပတ်သက်ပြီး ဝေဖန်နေကြတဲ့အပေါ် သူ့ရဲ့ခံစားချက်ကိုမေးမြန်းခဲ့ရာ…“သူတို့ပြောတဲ့ ပေါကားမရှိပါဘူး။ ပြောတဲ့သူက ပေါတာပါ။ ကျွန်တော်တို့တွေအားလုံးကလည်း အကောင်းဆုံးဖြစ်အောင် လုပ်ကြတာပါပဲ။ လိုအပ်ချက်လေးတွေတော့ ရှိတာပေါ့။ လိုအပ်ချက်ရှိတဲ့ နိုင်ငံဖြစ်တာကြောင့် ကြည့်ကတည်းက လိုအပ်ချက်နဲ့လာကြည့်ပေးပါ။ ကောင်းတာလေးလည်း ဝေဖန်ကြည့်ပါဦးဗျာ။ ကျွန်တော်တို့လည်း နားထောင်ချင်တယ်။ ကျွန်တော့်တို့ဘဝမှာ ဘယ်ဟာလေးတော့ ကောင်းတယ်ဆိုတာမျိုး ကျွန်တော့်တို့တစ်သက် အခုချိန်ထိ တစ်ခါမှကိုမကြားဘူးသေးဘူး။ ရှက်လို့လား၊ ကြောက်လို့ပဲ မပြောတာလားတော့မသိဘူး။ မကောင်းတာပဲပြောတတ်တယ်။ကောင်းတာမပြောတတ်တော့ဘူးလားတောင် မသိပါဘူး။ ကောင်းတာပြောတာ မရှိဘူးလို့တော့ မပြောပါဘူး။ အနည်းစုလောက်ပဲရှိပါတယ်”လို့ ဆိုပါတယ်။

ရိုက်ကူးရေးမှာ အကောင်းဆုံးလုပ်ခဲ့တဲ့အတွက် လိပ်ပြာသန့်သလို ကွာလတီကောင်းတဲ့ ကားတွေအများကြီးရှိပါတယ်ဆိုတာကိုလည်း ပြောကြားခဲ့ပါတယ်။“အဓိကဝေဖန်တဲ့နေရာမှာ ဘက်လိုက်တာဆိုးပါတယ်။ ကောင်းတာတွေမပြောပဲ မကောင်းတာတွေပဲ စွတ်ပြောနေမယ်ဆိုရင်လည်း ကျွန်တော်တို့က ကျွန်တော်တို့လုပ်စရာရှိတဲ့အလုပ်ကို ဆက်လုပ်နေမှာပါပဲလို့ ဆိုပါတယ်။ လုပ်တဲ့အပေါ်မှာလည်း အကောင်းဆုံးလုပ်တာပါ။ အဲဒီ့အတွက်တော့ လိပ်ပြာသန့်ပါတယ်။ ကျွန်တော်တို့မှာ ကွာလတီကောင်းတဲ့ ကားတွေအများကြီးအများကြီးရှိပါတယ်” လို့ ဆိုပြီးပြောပါတယ်။ သရုပ်ဆောင်ထူးခြားအနေနဲ့ လတ်တလောမှာ ‘Cover’ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေပြီး နောက်ပိုင်းမှာ ဒါရိုက်တာသားညီနဲ့ ‘25%’ ရုပ်ရှင်ကားကြီး ရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။

www.akhayar.com