[Zawgyi]

သူ႔ရဲ ႔စိတ္ကူးထဲကေကာင္မေလး ပံုစံကို ေျပာျပလိုက္တဲ့ ထူးေအာင္

ထူးေအာင္နဲ႔ေတြဆံုခိုက္ သူ႔ရဲ ႔အခ်စ္ေရးနဲ႔ ပတ္သက္လို႔ အနည္းငယ္ေမးျမန္းျဖစ္ခဲ့ပါတယ္။

ထူးေအာင္ရဲ ႔အခ်စ္ေရးေလးသိပါရေစ

“ကြ်န္ေတာ္ကပရိသတ္ကို ဘာမွဖံုးကြယ္ထားစရာမရွိပါဘူး။ အျမဲတမ္းပြင့္ပြင့္လင္းလင္းေျပာပါတယ္။ အခ်စ္ေရးမွာေတာ့ေအးေအးေဆးေဆးပါပဲ။ မရွိေသးပါဘူး။ ဒါကလည္း ကြ်န္ေတာ္အလုပ္ေတြ အမ်ားႀကီးလုပ္ခ်င္ေသးတာလည္း ပါပါတယ္။ အမ်ားႀကီးအလုပ္ေတြလုပ္ခ်င္တဲ့ သူတစ္ေယာက္အတြက္က်ေတာ့ ကြ်န္ေတာ္နဲ႔ စိတ္တူကိုယ္တူ ေကာင္မေလးတစ္ေယာက္ရွိေနရင္လည္း အဆင္ေျပတယ္။ ဒါေပမယ့္ စိတ္တူကိုယ္တူမဟုတ္ဘဲ သူနဲ႔ညိွေနရတာဆိုရင္ အေရွ႕ ကိုမသြားနိုင္ေတာ့ဘဲ ျဖစ္ေနမွာေပါ့ေနာ္။ ကြ်န္ေတာ့္ကို ႀကိဳက္တဲ့ပရိသတ္ေတြရွိၾကသလို ကြ်န္ေတာ့္ကိုမႀကိဳက္တဲ့ ပရိသတ္ေတြလည္း ရွိေနေသးတဲ့ အတြက္ ကြ်န္ေတာ့္ ကိုမႀကိဳက္တဲ့ ပရိသတ္ေတြအတြက္ ႀကိဳက္လာေအာင္ႀကိဳးစားျပခ်င္တဲ့ အခ်ိန္တစ္ခုရွိေသးတယ္။ ကြ်န္ေတာ္အခုျပင္းျပင္းထန္ထန္ႀကိဳးစားေနတယ္၊ ေလ့က်င့္ေနတယ္” လို႔ေျပာပါတယ္။

အရင္ကေရာရည္းစားထားခဲ့ဖူးလား

“အရင္ကေတာ့ထားတယ္ဗ်။ ေက်ာင္းတတ္တုန္းကလည္းထားခဲ့ပါတယ္။ ေက်ာင္းၿပီးသြားၿပီး အနုပညာအလုပ္ေတြလုပ္ေနစဥ္မွာလည္း အစပိုင္းကေတာ့ ထားခဲ့ပါတယ္” လို႕လည္းေျပာျပပါတယ္။

စိတ္ကူးထဲကမိန္းကေလးပံုစံ

“အရမ္းခ်စ္တတ္တဲ့ မိန္းကေလးပံုစံကိုေတာ့ သေဘာက်တယ္။ဘယ္သူမဆိုကိုယ့္ကို ခ်စ္တဲ့သူဆိုရင္ သေဘာက်တယ္ေပါ့ေနာ္။ကြ်န္ေတာ္လည္းပုထုစဥ္လူသားဆိုေတာ့ ဥပမာ အရာဝတၱဳတစ္ခုရွိတယ္ေပါ့ဒါဆိုရင္အဲ့တစ္ခုကို ဘယ္သူကမွတစ္ခုလံုးမေပးခ်င္ဘူးေလ တစ္ဝက္ေလာက္ကိုပဲေပးၾကတယ္ ဒါေပမယ့္ကြ်န္ေတာ္ကေတာ့ ကြ်န္ေတာ့္ကိုတစ္ခုလံုးေပးလိုက္ရဲတဲ့ ေကာင္မေလးမ်ိဳးကိုလိုခ်င္ပါတယ္။ သူ႔မွာဘာမွမရွိေတာ့ရင္ေတာင္ ကြ်န္ေတာ္ေပ်ာ္ေနတာကို အေဝးကေနလွန္းၾကည့္ၿပီး ေပ်ာ္္ေနတဲ့ ေကာင္မေလးမ်ိဳးေပါ့လို႔” ေျပာျပခဲ့တာျဖစ္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit: Htoo Aung Facebook

www.akhayar.com
[Unicode]

သူ့ရဲ့စိတ်ကူးထဲကကောင်မလေး ပုံစံကို ပြောပြလိုက်တဲ့ ထူးအောင်

ထူးအောင်နဲ့တွေဆုံခိုက် သူ့ရဲ့အချစ်ရေးနဲ့ ပတ်သက်လို့ အနည်းငယ်မေးမြန်းဖြစ်ခဲ့ပါတယ်။

ထူးအောင်ရဲ့အချစ်ရေးလေးသိပါရစေ

“ကျွန်တော်ကပရိသတ်ကို ဘာမှဖုံးကွယ်ထားစရာမရှိပါဘူး။ အမြဲတမ်းပွင့်ပွင့်လင်းလင်းပြောပါတယ်။ အချစ်ရေးမှာတော့အေးအေးဆေးဆေးပါပဲ။ မရှိသေးပါဘူး။ ဒါကလည်း ကျွန်တော်အလုပ်တွေ အများကြီးလုပ်ချင်သေးတာလည်း ပါပါတယ်။ အများကြီးအလုပ်တွေလုပ်ချင်တဲ့ သူတစ်ယောက်အတွက်ကျတော့ ကျွန်တော်နဲ့ စိတ်တူကိုယ်တူ ကောင်မလေးတစ်ယောက်ရှိနေရင်လည်း အဆင်ပြေတယ်။ ဒါပေမယ့် စိတ်တူကိုယ်တူမဟုတ်ဘဲ သူနဲ့ညှိနေရတာဆိုရင် အရှေ့ ကိုမသွားနိုင်တော့ဘဲ ဖြစ်နေမှာပေါ့နော်။ ကျွန်တော့်ကို ကြိုက်တဲ့ပရိသတ်တွေရှိကြသလို ကျွန်တော့်ကိုမကြိုက်တဲ့ ပရိသတ်တွေလည်း ရှိနေသေးတဲ့ အတွက် ကျွန်တော့် ကိုမကြိုက်တဲ့ ပရိသတ်တွေအတွက် ကြိုက်လာအောင်ကြိုးစားပြချင်တဲ့ အချိန်တစ်ခုရှိသေးတယ်။ ကျွန်တော်အခုပြင်းပြင်းထန်ထန်ကြိုးစားနေတယ်၊ လေ့ကျင့်နေတယ်” လို့ပြောပါတယ်။

အရင်ကရောရည်းစားထားခဲ့ဖူးလား

“အရင်ကတော့ထားတယ်ဗျ။ ကျောင်းတတ်တုန်းကလည်းထားခဲ့ပါတယ်။ ကျောင်းပြီးသွားပြီး အနုပညာအလုပ်တွေလုပ်နေစဉ်မှာလည်း အစပိုင်းကတော့ ထားခဲ့ပါတယ်” လို့လည်းပြောပြပါတယ်။

စိတ်ကူးထဲကမိန်းကလေးပုံစံ

“အရမ်းချစ်တတ်တဲ့ မိန်းကလေးပုံစံကိုတော့ သဘောကျတယ်။ဘယ်သူမဆိုကိုယ့်ကို ချစ်တဲ့သူဆိုရင် သဘောကျတယ်ပေါ့နော်။ကျွန်တော်လည်းပုထုစဉ်လူသားဆိုတော့ ဥပမာ အရာဝတ္တုတစ်ခုရှိတယ်ပေါ့ဒါဆိုရင်အဲ့တစ်ခုကို ဘယ်သူကမှတစ်ခုလုံးမပေးချင်ဘူးလေ တစ်ဝက်လောက်ကိုပဲပေးကြတယ် ဒါပေမယ့်ကျွန်တော်ကတော့ ကျွန်တော့်ကိုတစ်ခုလုံးပေးလိုက်ရဲတဲ့ ကောင်မလေးမျိုးကိုလိုချင်ပါတယ်။ သူ့မှာဘာမှမရှိတော့ရင်တောင် ကျွန်တော်ပျော်နေတာကို အဝေးကနေလှန်းကြည့်ပြီး ပျော်နေတဲ့ ကောင်မလေးမျိုးပေါ့လို့” ပြောပြခဲ့တာဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Htoo Aung Facebook

www.akhayar.com