[Zawgyi]

သႀကၤန္မွာ အိမ္က ပါးပါးမသြားခိုင္းလို႕ ခိုးသြားခဲ့ရတာ အမွတ္တရ တစ္ခုပါဆိုတဲ့ ထက္ထက္ထြန္း

ေမာ္ဒယ္ မင္းသမီးထက္ထက္ထြန္း က သူမရဲ႕ သႀကၤန္နဲ႕ပတ္သတ္တဲ့ အမွတ္တရ တခ်ိဳ႕ ကို သူမခ်စ္ရတဲ့ ပရိသတ္ေတြကို အခုလိုေျပာျပခဲ့ပါတယ္။

“သၾကၤန္အတြက္ အမွတ္တရ ကေတာ့ အိမ္ကပါးပါး(ေဖေဖ) ကဘယ္မွေပးမသြားလို႕ ခိုးသြားတာမ်ိဳးတို႕ ၊ ၿပီးရင္ ခိုးသြားဖို႕အတြက္ အက်ႌေတြကို ဖြက္ထားရတာမ်ိဳးေတြရယ္ ဆံပင္အတုေတြေရာင္စံုေတြတပ္ခ်င္လာရင္ အိမ္ကိုဝယ္လာ ၿပီးရင္အဲ့ဒါေတြကိုအစ္ကို က လႊင့္ပစ္တယ္ ဒါမ်ိဳးေတာ့ေပါ့ေလ။ ေတာ္ေတာ္ ကို အတိုက္အခံလုပ္ခဲ့ရပါတယ္။သႀကၤန္ထြက္ဖို႕ဆိုရင္ေပါ့ေလ။ ၿပီးေတာ့ သူမ်ားေတြမႀကၤန္မ႑ပ္ထိုင္ရင္လည္း ကိုယ္က မထိုင္ရဘူး ၁၀တန္းၿပီးလို႕ေတာ္ေတာ္ႀကီးကိုၾကာမွပဲ မ႑ပ္ထိုင္ဖူးတယ္။ စၿပီးထိုင္တဲ့ ေန႕မွာပဲ မွတ္မွတ္ရရ မနက္ ၉ နာရီကေန ညေန ၆ နာရီအထိ ကို ေတာက္ေလွ်ာက္ကတာ တစ္ေနကုန္ပဲ သူငယ္ခ်င္းေတြက ေရေသာက္လိုက္ ၊ ရူးေပါက္လိုက္ ေတြလုပ္ေနၾကတာကိုယ္ကေတာ့ တစ္ခ်က္မွကို မနားဘူး ၄ ရက္ဆက္တိုက္ပဲ ။

ေမာ္ဒယ္သရုပ္ေဆာင္ထက္ထက္ထြန္း

ေမာ္ဒယ္သရုပ္ေဆာင္ထက္ထက္ထြန္း

မနွစ္ကေတာ့ ထက္ရဲ႕ Fan ေတြနဲ႕ မွတ္မွတ္ရရ က်ိဳက္ထီးရိုးကို သြားျဖစ္ပါတယ္။သႀကၤန္မွာ အႏၱရာယ္ကင္းကင္းနဲ႕ေပ်ာ္နိုင္ၾကပါေစ။ မဂၤလာရွိတဲ့ သႀကၤန္အခ်ိန္အခါမွာကိုယ့္ရဲ႕မိသားစုနဲ႕ ကိုယ့္ရဲ႕ခ်စ္ခင္ရတဲ့ သူေတြနဲ႕လည္းေပ်ာ္ရႊင္စြာျဖတ္သန္းနိုင္ၾကပါေစ”။ ဆိုၿပီးေတာ့ ထက္ထက္ထြန္းက သူမခ်စ္တဲ့ ပရိသတ္ေတြကို ဆုေတာင္းေပးခဲ့ပါတယ္။

ေမာ္ဒယ္သရုပ္ေဆာင္ထက္ထက္ထြန္း

ေမာ္ဒယ္သရုပ္ေဆာင္ထက္ထက္ထြန္း

Photo Credit:Htet Htet Tun Facebook

ၾကည္သာ (Akhayar)

 

[Unicode]

သင်္ကြန်မှာ အိမ်က ပါးပါးမသွားခိုင်းလို့ ခိုးသွားခဲ့ရတာ အမှတ်တရ တစ်ခုပါဆိုတဲ့ ထက်ထက်ထွန်း

မော်ဒယ် မင်းသမီးထက်ထက်ထွန်း က သူမရဲ့ သင်္ကြန်နဲ့ပတ်သတ်တဲ့ အမှတ်တရ တချို့ ကို သူမချစ်ရတဲ့ ပရိသတ်တွေကို အခုလိုပြောပြခဲ့ပါတယ်။

“သင်္ကြန်အတွက် အမှတ်တရ ကတော့ အိမ်ကပါးပါး(ဖေဖေ) ကဘယ်မှပေးမသွားလို့ ခိုးသွားတာမျိုးတို့ ၊ ပြီးရင် ခိုးသွားဖို့အတွက် အကျႌတွေကို ဖွက်ထားရတာမျိုးတွေရယ် ဆံပင်အတုတွေရောင်စုံတွေတပ်ချင်လာရင် အိမ်ကိုဝယ်လာ ပြီးရင်အဲ့ဒါတွေကိုအစ်ကို က လွှင့်ပစ်တယ် ဒါမျိုးတော့ပေါ့လေ။ တော်တော် ကို အတိုက်အခံလုပ်ခဲ့ရပါတယ်။သင်္ကြန်ထွက်ဖို့ဆိုရင်ပေါ့လေ။ ပြီးတော့ သူများတွေမင်္ကြန်မဏ္ဍပ်ထိုင်ရင်လည်း ကိုယ်က မထိုင်ရဘူး ၁၀တန်းပြီးလို့တော်တော်ကြီးကိုကြာမှပဲ မဏ္ဍပ်ထိုင်ဖူးတယ်။ စပြီးထိုင်တဲ့ နေ့မှာပဲ မှတ်မှတ်ရရ မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ကို တောက်လျှောက်ကတာ တစ်နေကုန်ပဲ သူငယ်ချင်းတွေက ရေသောက်လိုက် ၊ ရူးပေါက်လိုက် တွေလုပ်နေကြတာကိုယ်ကတော့ တစ်ချက်မှကို မနားဘူး ၄ ရက်ဆက်တိုက်ပဲ ။

မော်ဒယ်သရုပ်ဆောင်ထက်ထက်ထွန်း

မော်ဒယ်သရုပ်ဆောင်ထက်ထက်ထွန်း

မနှစ်ကတော့ ထက်ရဲ့ Fan တွေနဲ့ မှတ်မှတ်ရရ ကျိုက်ထီးရိုးကို သွားဖြစ်ပါတယ်။သင်္ကြန်မှာ အန္တရာယ်ကင်းကင်းနဲ့ပျော်နိုင်ကြပါစေ။ မင်္ဂလာရှိတဲ့ သင်္ကြန်အချိန်အခါမှာကိုယ့်ရဲ့မိသားစုနဲ့ ကိုယ့်ရဲ့ချစ်ခင်ရတဲ့ သူတွေနဲ့လည်းပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ”။ ဆိုပြီးတော့ ထက်ထက်ထွန်းက သူမချစ်တဲ့ ပရိသတ်တွေကို ဆုတောင်းပေးခဲ့ပါတယ်။

မော်ဒယ်သရုပ်ဆောင်ထက်ထက်ထွန်း

မော်ဒယ်သရုပ်ဆောင်ထက်ထက်ထွန်း

Photo Credit:Htet Htet Tun Facebook

ကြည်သာ (Akhayar)