[Zawgyi]

ကိုယ္မွန္ရင္ လိပ္ျပာသန္႔သန္႔နဲ႔ လူေတာတိုးလို႔ရတယ္လို႔ေျပာလိုက္တဲ့ ထက္ထက္မိုးဦး

ေအာင္ျမင္သူတိုင္းရဲ႕ေနာက္ကြယ္မွာ အတိုုက္အခိုက္၊ အေႏွာင့္အယွက္ဆိုတာ ရွိေနစၿမဲပါ။ အဲဒီလို အေႏွာင့္အယွက္အတိုက္အခိုက္ေတြေပၚမွာ ယေန႔အခ်ိန္ထိ ႀကံ့ႀကံ့ခိုင္စြာရပ္တည္ေနႏိုင္လာတဲ့သူထဲမွာ ျပည္သူခ်စ္တဲ့ မင္းသမီးထက္ထက္မိုးဦးလည္း ပါဝင္ပါတယ္။ ဘဝမွာ စိတ္ထားျဖဴစင္စြာနဲ႔ ရပ္တည္ေလွ်ာက္လွမ္းေနထိုင္ရင္ လူေတာတိုးႏိုင္တယ္ဆိုတာကိုလည္း ထက္ထက္မိုးဦးက“လူတိုင္းလူတိုင္းက ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ၾကရတာပါပဲ။ မွားခဲ့တာေတြရွိမယ္။ မမွားခဲ့တာေတြလည္းရွိမယ္။ အဲဒီအမွားေတြမေကာင္းလို႔ ခ်က္ခ်င္းသိၿပီးေတာ့မွ စိတ္ထားျဖဴျဖဴစင္စင္နဲ႔ လူတိုင္းေပၚမွာ လိပ္ျပာသန္႔သန္႔နဲ႔ အေကာင္းဆုံး ဘဝကိုေလွ်ာက္လွမ္းရင္ ကိုယ္က ဘယ္ေနရာမဆို မ်က္ႏွာတိုးလို႔ရပါတယ္”လို႔ ဆိုပါတယ္။

ကိုယ္တိုင္လည္း ဘယ္လိုေတြစိတ္ခြန္အားေတြေမြးထားတယ္ဆိုတာနဲ႔ပတ္သက္ၿပီး အခုလိုေျပာျပခဲ့ပါေသးတယ္။ “အဓိကက ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္ၿပီး ကိုယ့္ဘဝကိုပဲ ေကာင္းေကာင္းႀကီး ျပန္ထူေထာင္ႏိုင္ဖို႔ ထက္ထက္ အမ်ားႀကီးႀကိဳးစားရဦးမယ္။ က်န္တာေတြ ေခါင္းထဲမရွိဘူး”လို႔ ဆိုပါတယ္။ အြန္လိုင္းေပၚမွာ ျဖစ္ပ်က္ေနတဲ့ အေၾကာင္းအရာနဲ႔ပတ္သက္ၿပီး ေျဖရွင္းခ်က္ကိုေတာ့ “ကိုယ္ကအၿမဲတမ္း ဟုတ္တယ္၊မဟုတ္ဘူးဆိုတာ ဘယ္သ့ူကိုမွ ဘာမွမေျပာခ်င္ပါဘူး”လို႔ ဆိုၿပီးေျပာျပခဲ့ပါတယ္။

Photo Credit:Htet Htet Moe Oo Fan Page

www.akhayar.com

[Unicode]

ကိုယ်မှန်ရင် လိပ်ပြာသန့်သန့်နဲ့ လူတောတိုးလို့ရတယ်လို့ပြောလိုက်တဲ့ ထက်ထက်မိုးဦး

အောင်မြင်သူတိုင်းရဲ့နောက်ကွယ်မှာ အတိုုက်အခိုက်၊ အနှောင့်အယှက်ဆိုတာ ရှိနေစမြဲပါ။ အဲဒီလို အနှောင့်အယှက်အတိုက်အခိုက်တွေပေါ်မှာ ယနေ့အချိန်ထိ ကြံ့ကြံ့ခိုင်စွာရပ်တည်နေနိုင်လာတဲ့သူထဲမှာ ပြည်သူချစ်တဲ့ မင်းသမီးထက်ထက်မိုးဦးလည်း ပါဝင်ပါတယ်။ ဘဝမှာ စိတ်ထားဖြူစင်စွာနဲ့ ရပ်တည်လျှောက်လှမ်းနေထိုင်ရင် လူတောတိုးနိုင်တယ်ဆိုတာကိုလည်း ထက်ထက်မိုးဦးက“လူတိုင်းလူတိုင်းက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ကြရတာပါပဲ။ မှားခဲ့တာတွေရှိမယ်။ မမှားခဲ့တာတွေလည်းရှိမယ်။ အဲဒီအမှားတွေမကောင်းလို့ ချက်ချင်းသိပြီးတော့မှ စိတ်ထားဖြူဖြူစင်စင်နဲ့ လူတိုင်းပေါ်မှာ လိပ်ပြာသန့်သန့်နဲ့ အကောင်းဆုံး ဘဝကိုလျှောက်လှမ်းရင် ကိုယ်က ဘယ်နေရာမဆို မျက်နှာတိုးလို့ရပါတယ်”လို့ ဆိုပါတယ်။

ကိုယ်တိုင်လည်း ဘယ်လိုတွေစိတ်ခွန်အားတွေမွေးထားတယ်ဆိုတာနဲ့ပတ်သက်ပြီး အခုလိုပြောပြခဲ့ပါသေးတယ်။ “အဓိကက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး ကိုယ့်ဘဝကိုပဲ ကောင်းကောင်းကြီး ပြန်ထူထောင်နိုင်ဖို့ ထက်ထက် အများကြီးကြိုးစားရဦးမယ်။ ကျန်တာတွေ ခေါင်းထဲမရှိဘူး”လို့ ဆိုပါတယ်။ အွန်လိုင်းပေါ်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ဖြေရှင်းချက်ကိုတော့ “ကိုယ်ကအမြဲတမ်း ဟုတ်တယ်၊မဟုတ်ဘူးဆိုတာ ဘယ်သ့ူကိုမှ ဘာမှမပြောချင်ပါဘူး”လို့ ဆိုပြီးပြောပြခဲ့ပါတယ်။

Photo Credit:Htet Htet Moe Oo Fan Page

www.akhayar.com