[Zawgyi]

ပရိသတ္ကစိတ္ဝင္စားေနၾကတဲ့ ထက္ထက္မိုးဦး ရဲ႕လတ္တေလာအိမ္ေထာင္ေရးအေျခအေန

သရုပ္ေဆာင္ထက္ထက္မိုးဦးရဲ႕ အမ်ိဳးသား ျဖစ္သူ စိုင္းလႊမ္း က သူ႕ရဲ႕ လူမႈကြန္ရက္ေပၚ ကေန သတိေပးတဲ့ စာ ကို အခုလိုေရးတင္ထားတာေတြ႕ရပါတယ္။

“သားဖနွစ္ေယာက္ကို ခုတံုးလုပ္တာ
လိမ္ညာေျပာဆို ေနတာေတြဟာ
အဲ့ဒီလူတစ္ေယာက္ရဲ့ရပ္တည္ဖို ့အတြက္
လက္ခံလို ့ရေပမဲ့
ေက်းဇူးမတင္ခ်င္ေနပါ
ေဆာက္ဂရုမစိုက္တဲ့အထာေတြ
သမီးရဲ ့image ေတြ က်ေစမဲ ့လုပ္ရပ္ေတြ ဆက္လုပ္လာရင္ေတာ့
ဆက္သည္းခံမွာမဟုတ္ဘူးဆိုတာ သိထားပါ
ပါးစပ္ပိတ္ေနေပးတာ ေစာ္ကားခ်င္တိုင္းေစာ္ကားခံရဖို ့မဟုတ္ဘူး
ေနာက္ဆံုးသတိေပးတာပါ” သူေျပာခ်င္တဲ့ စကားေတြ ဟာ ဘယ္သူ႕ ကို ရည္ရြယ္သလဲ ဆိုတာ ကေတာ့ စာေရးသူကိုယ္တိုင္ပဲ ေသခ်ာသိပါလိမ့္မယ္။

ေဖေဖစိုင္းလႊမ္းနဲ႕ သမီးေလး စစ္လြန္းဝတီထက္

ေဖေဖစိုင္းလႊမ္းနဲ႕ သမီးေလး စစ္လြန္းဝတီထက္

အခုလိုေရးထားတဲ့ စာရဲ႕ ေအာက္မွာေတာ့ ထက္ထက္မိုးဦးရဲ႕ ပရိသတ္ေတြဘက္ကေန ဒီလိုမ်ိဳးမေရးသင့္ေၾကာင္း ဆိုတဲ့ Comment ေတြကိုလည္း ေတြ႕ျမင္ရပါတယ္။ သရုပ္ေဆာင္ ထက္ထက္မိုးဦး နဲ႕ အဆိုေတာ္ စိုင္းလႊမ္းတို႕ရဲ႕ အိမ္ေထာင္ေရးဟာ အဆင္မေျပဘဲ သမီးေလး စစ္လြန္းဝတီထက္ကေတာ့ လက္ရွိအခ်ိန္အထိ ဖခင္ျဖစ္သူနဲ႕ အတူ ေနထိုင္တာကိုေတြ႕ရပါတယ္။

ယခင္ က အတူတူေတြ႕ရတဲ့ မိသားစုသံုးေယာက္ပံု

ယခင္ က အတူတူေတြ႕ရတဲ့ မိသားစုသံုးေယာက္ပံု

သရုပ္ေဆာင္ထက္ထက္မိုးဦး ကေတာ့ သီလရွင္ဝတ္ေနရာကေန သႀကၤန္မတိုင္ခင္ က လူဝတ္လဲ ခဲ့ၿပီး အနုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္သြားမယ္လို႕ သိရပါတယ္။ ထက္ထက္မိုးဦး ပါဝင္တဲ့ ရွယ္ေခြ်းမ ရုပ္ရွင္ဇာတ္ကားကိုလည္း ဧၿပီလထဲမွာ ရံုတင္ျပသသြားဖို႕ရွိတာျဖစ္ပါတယ္။

Photo Credit: Sai Hlawn Facebook

ၾကည္သာ (Akhayar)

www.akhayar.com

[Unicode]

ပရိသတ်ကစိတ်ဝင်စားနေကြတဲ့ ထက်ထက်မိုးဦး ရဲ့လတ်တလောအိမ်ထောင်ရေးအခြေအနေ

သရုပ်ဆောင်ထက်ထက်မိုးဦးရဲ့ အမျိုးသား ဖြစ်သူ စိုင်းလွှမ်း က သူ့ရဲ့ လူမှုကွန်ရက်ပေါ် ကနေ သတိပေးတဲ့ စာ ကို အခုလိုရေးတင်ထားတာတွေ့ရပါတယ်။

“သားဖနှစ်ယောက်ကို ခုတုံးလုပ်တာ
လိမ်ညာပြောဆို နေတာတွေဟာ
အဲ့ဒီလူတစ်ယောက်ရဲ့ရပ်တည်ဖို့အတွက်
လက်ခံလို့ရပေမဲ့
ကျေးဇူးမတင်ချင်နေပါ
ဆောက်ဂရုမစိုက်တဲ့အထာတွေ
သမီးရဲ့image တွေ ကျစေမဲ့လုပ်ရပ်တွေ ဆက်လုပ်လာရင်တော့
ဆက်သည်းခံမှာမဟုတ်ဘူးဆိုတာ သိထားပါ
ပါးစပ်ပိတ်နေပေးတာ စော်ကားချင်တိုင်းစော်ကားခံရဖို့မဟုတ်ဘူး
နောက်ဆုံးသတိပေးတာပါ” သူပြောချင်တဲ့ စကားတွေ ဟာ ဘယ်သူ့ ကို ရည်ရွယ်သလဲ ဆိုတာ ကတော့ စာရေးသူကိုယ်တိုင်ပဲ သေချာသိပါလိမ့်မယ်။

ဖေဖေစိုင်းလွှမ်းနဲ့ သမီးလေး စစ်လွန်းဝတီထက်

ဖေဖေစိုင်းလွှမ်းနဲ့ သမီးလေး စစ်လွန်းဝတီထက်

အခုလိုရေးထားတဲ့ စာရဲ့ အောက်မှာတော့ ထက်ထက်မိုးဦးရဲ့ ပရိသတ်တွေဘက်ကနေ ဒီလိုမျိုးမရေးသင့်ကြောင်း ဆိုတဲ့ Comment တွေကိုလည်း တွေ့မြင်ရပါတယ်။ သရုပ်ဆောင် ထက်ထက်မိုးဦး နဲ့ အဆိုတော် စိုင်းလွှမ်းတို့ရဲ့ အိမ်ထောင်ရေးဟာ အဆင်မပြေဘဲ သမီးလေး စစ်လွန်းဝတီထက်ကတော့ လက်ရှိအချိန်အထိ ဖခင်ဖြစ်သူနဲ့ အတူ နေထိုင်တာကိုတွေ့ရပါတယ်။

ယခင် က အတူတူတွေ့ရတဲ့ မိသားစုသုံးယောက်ပုံ

ယခင် က အတူတူတွေ့ရတဲ့ မိသားစုသုံးယောက်ပုံ

သရုပ်ဆောင်ထက်ထက်မိုးဦး ကတော့ သီလရှင်ဝတ်နေရာကနေ သင်္ကြန်မတိုင်ခင် က လူဝတ်လဲ ခဲ့ပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်သွားမယ်လို့ သိရပါတယ်။ ထက်ထက်မိုးဦး ပါဝင်တဲ့ ရှယ်ချွေးမ ရုပ်ရှင်ဇာတ်ကားကိုလည်း ဧပြီလထဲမှာ ရုံတင်ပြသသွားဖို့ရှိတာဖြစ်ပါတယ်။

Photo Credit: Sai Hlawn Facebook

ကြည်သာ (Akhayar)

www.akhayar.com