[Zawgyi]

ပရိသတ္ေတြနဲ႕စကားမေျပာျဖစ္တာကို ရိုးသားစြာဝန္ခံခဲ့တဲ့ ထက္ထက္

ထက္ထက္က အင္တာနက္မသံုးျဖစ္လို႕ ပရိသတ္ေတြနဲ႕ အဆက္အသြယ္ နည္းတဲ့ အေၾကာင္းကို ရိုးသားစြာ ေျပာခဲ့တာေလးက ခ်စ္စရာေကာင္းေလာက္ေအာင္ကို ျဖစ္လို႕ေနပါတယ္။ သူမဘယ္လိုေျပာလိုက္တာလဲ ဆိုတာကေတာ့

“Fan ေတြနဲ႕လည္း စကားမေျပာျဖစ္ဖူးေလ ဘာလို႕လဲဆိုေတာ့ ထက္ထက္က အင္တာနက္မသံုးဘူးေလ အဲ့ဒါက အရင္ကလည္းေျပာခဲ့ဖူးပါတယ္ မသံုးတတ္လို႕ပါ” ဆိုၿပီး ပရိသတ္ေတြနဲ႕ ထိေတြ႕မႈ နည္းတဲ့ အေၾကာင္းကို အခုလိုရိုးသားစြာဝန္ခံခဲ့တာျဖစ္ပါတယ္။

ထက္ထက္ရဲ႕ ရွယ္ေခြ်းမရုပ္ရွင္မွာေတြ႕ရမယ့္ ဝိတ္မခ်ခင္ပံုေလး

ထက္ထက္ရဲ႕ ရွယ္ေခြ်းမရုပ္ရွင္မွာေတြ႕ရမယ့္ ဝိတ္မခ်ခင္ပံုေလး

“အဲ့ဒါကို လုပ္ရတာဆိုရင္ လုပ္ရတာေတြကအစစအရာရာ အဆင့္ေတြက တအားမ်ားတယ္ေလ။ဒါေတြကနားလည္တတ္ကြ်မ္းမွေကာင္းတာ ကိုယ္က မနွိပ္တတ္ဘူး နွိပ္လိုက္လို႕တစ္ခုခု ျဖစ္သြားရင္ စိတ္ရႈပ္စရာေတြျဖစ္ကုန္ေရာ။ လုပ္ခ်င္တိုင္းလုပ္ခ်င္တိုင္းမွာ ဆိုင္ကိုေျပးေနရတယ္ ၊ သူငယ္ခ်င္းေတြကိုေမးေနရတယ္ ဆိုေတာ့ အင္တာနက္မၾကည့္တာဘဲ ေကာင္းပါေလဆိုၿပီးေတာ့ မသံုးျဖစ္ေတာ့တာပါ။ တခါတေလက်ရင္ လုပ္ေနရင္းနဲ႕ဘာမွမေပၚလာေတာ့ရင္ စက္ကို ပိတ္ၿပီးေတာ့ ကိုထားလိုက္ရတယ္ အဲ့ လိုမ်ိဳးေတြေၾကာင့္ပါ” ဆိုၿပီးေတာ့ သူမအင္တာနက္မသံုးျဖစ္ပံုကို ရိုးရွင္းစြာေျပာျပခဲ့ပါတယ္။ “အမွန္ကေတာ့ သံုးခ်င္တာေပါ့ေနာ္။ ကိုယ္လည္း သိခ်င္တာေပါ့” ဆိုၿပီးေတာ့ ေျပာပါေသးတယ္။

ရွယ္ေခြ်းမဇာတ္ကားထဲမွ ထက္ထက္ရဲ႕ပံု

ရွယ္ေခြ်းမဇာတ္ကားထဲမွ ထက္ထက္ရဲ႕ပံု

ထက္ထက္ရဲ႕ ရွယ္ေခြ်းမ ဇာတ္ကားကိုေတာ့ ဧၿပီလ ၂၇ ရက္ေန႕မွာ ရံုတင္ျပသသြားမွာျဖစ္ၿပီး ဧၿပီလ ၂၁ ရက္ေန႕ ညေနမွာေတာ့ Fan ေတြနဲ႕ေတြ႕ဆံုပြဲ ကို Junction City မွာ ျပဳလုပ္မွာျဖစ္ၿပီး ရွယ္ေခြ်းမ ရုပ္ရွင္ ဇာတ္ကားကို Fan အေယာက္ ၄၀ နဲ႕ အတူတူၾကည့္ဖို႕ အတြက္ စီစဥ္ထားတယ္လို႕လည္းသိရပါတယ္။

Photo Credit:ရွယ္ေခြ်းမ Page

ၾကည္သာ (Akhayar)

www.akhayar.com

[Unicode]

ပရိသတ်တွေနဲ့စကားမပြောဖြစ်တာကို ရိုးသားစွာဝန်ခံခဲ့တဲ့ ထက်ထက်

ထက်ထက်က အင်တာနက်မသုံးဖြစ်လို့ ပရိသတ်တွေနဲ့ အဆက်အသွယ် နည်းတဲ့ အကြောင်းကို ရိုးသားစွာ ပြောခဲ့တာလေးက ချစ်စရာကောင်းလောက်အောင်ကို ဖြစ်လို့နေပါတယ်။ သူမဘယ်လိုပြောလိုက်တာလဲ ဆိုတာကတော့

“Fan တွေနဲ့လည်း စကားမပြောဖြစ်ဖူးလေ ဘာလို့လဲဆိုတော့ ထက်ထက်က အင်တာနက်မသုံးဘူးလေ အဲ့ဒါက အရင်ကလည်းပြောခဲ့ဖူးပါတယ် မသုံးတတ်လို့ပါ” ဆိုပြီး ပရိသတ်တွေနဲ့ ထိတွေ့မှု နည်းတဲ့ အကြောင်းကို အခုလိုရိုးသားစွာဝန်ခံခဲ့တာဖြစ်ပါတယ်။

ထက်ထက်ရဲ့ ရှယ်ချွေးမရုပ်ရှင်မှာတွေ့ရမယ့် ဝိတ်မချခင်ပုံလေး

ထက်ထက်ရဲ့ ရှယ်ချွေးမရုပ်ရှင်မှာတွေ့ရမယ့် ဝိတ်မချခင်ပုံလေး

“အဲ့ဒါကို လုပ်ရတာဆိုရင် လုပ်ရတာတွေကအစစအရာရာ အဆင့်တွေက တအားများတယ်လေ။ဒါတွေကနားလည်တတ်ကျွမ်းမှကောင်းတာ ကိုယ်က မနှိပ်တတ်ဘူး နှိပ်လိုက်လို့တစ်ခုခု ဖြစ်သွားရင် စိတ်ရှုပ်စရာတွေဖြစ်ကုန်ရော။ လုပ်ချင်တိုင်းလုပ်ချင်တိုင်းမှာ ဆိုင်ကိုပြေးနေရတယ် ၊ သူငယ်ချင်းတွေကိုမေးနေရတယ် ဆိုတော့ အင်တာနက်မကြည့်တာဘဲ ကောင်းပါလေဆိုပြီးတော့ မသုံးဖြစ်တော့တာပါ။ တခါတလေကျရင် လုပ်နေရင်းနဲ့ဘာမှမပေါ်လာတော့ရင် စက်ကို ပိတ်ပြီးတော့ ကိုထားလိုက်ရတယ် အဲ့ လိုမျိုးတွေကြောင့်ပါ” ဆိုပြီးတော့ သူမအင်တာနက်မသုံးဖြစ်ပုံကို ရိုးရှင်းစွာပြောပြခဲ့ပါတယ်။ “အမှန်ကတော့ သုံးချင်တာပေါ့နော်။ ကိုယ်လည်း သိချင်တာပေါ့” ဆိုပြီးတော့ ပြောပါသေးတယ်။

ရှယ်ချွေးမဇာတ်ကားထဲမှ ထက်ထက်ရဲ့ပုံ

ရှယ်ချွေးမဇာတ်ကားထဲမှ ထက်ထက်ရဲ့ပုံ

ထက်ထက်ရဲ့ ရှယ်ချွေးမ ဇာတ်ကားကိုတော့ ဧပြီလ ၂၇ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပြီး ဧပြီလ ၂၁ ရက်နေ့ ညနေမှာတော့ Fan တွေနဲ့တွေ့ဆုံပွဲ ကို Junction City မှာ ပြုလုပ်မှာဖြစ်ပြီး ရှယ်ချွေးမ ရုပ်ရှင် ဇာတ်ကားကို Fan အယောက် ၄၀ နဲ့ အတူတူကြည့်ဖို့ အတွက် စီစဉ်ထားတယ်လို့လည်းသိရပါတယ်။

Photo Credit:ရှယ်ချွေးမ Page

ကြည်သာ (Akhayar)

www.akhayar.com