Miss Universe National Costume ပြိုင်ပွဲမှာ ထက်ထက်ထွန်းဧ။် ရုပ်သေးဝတ်စုံ လူကြိုက်များ

 

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ ၆၅ ကြိမ်မြောက် Miss Universe ပွဲကြီးရဲ့ Preliminary Show ကို ဇန်နဝါရီ ၂၆ ရက်ညနေ့မှာ ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် “ထက်ထက်ထွန်း”က National Costume ပြိုင်ပွဲမှာ ရုပ်သေးမင်းသမီး ဝတ်စုံကို ဝတ်ဆင်ပြသခဲ့ရာ လက်ခုပ်သြဘာသံများပြားစွာ ရရှိခဲ့ပါတယ် ခင်ဗျာ။

 

ရုပ်သေးစင်ကားချပ်ကို ကျောမှာ ချိတ်ထားတဲ့ ဒီဇိုင်းနဲ့ စထွက်လာတဲ့ အလှမယ် ထက်ထက်ထွန်းဟာ လျှောက်လမ်းထက်ကို ရောက်ရှိလာတည်းက လက်ခုပ်သံမစဲရရှိခဲ့ပြီး ရုပ်သေးအကနဲ့ပါ ဆက်လက်ဖျော်ဖြေလိုက်တဲ့ အခါ ပရိသတ်တွေ အရမ်းသဘောကျခဲ့ကြပါတယ်။ ဝတ်စုံအနေနဲ့တော့ တော်တော် သက်သောင့်သက်သာ မရှိတဲ့ပုံ ရပေမယ့် ထက်ထက်ထွန်းဟာ အကောင်းဆုံး ကြိုးစားလုပ်ပြသွားနိုင်ခဲ့ပါတယ်။


You May Also Like : “
နိုင်ငံတကာက အလှအပလျှို့ဝှက်ချက်များ

နိုင်ငံပေါင်း ၈၆ နိုင်ငံမှ နိုင်ငံကိုယ်စားပြုအလှမယ်များ ဝင်ပြိုင်ကြတဲ့ Miss Universe ပွဲကြီးရဲ့ ဖိုင်နယ်ပွဲစဉ်ကိုတော့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ ကျင်းပမယ်လို့ သိရပါတယ်။

 

ထက်ထက်ထွန်းယှဉ်ပြိုင်ခဲ့တဲ့ National Costume ပွဲကို ကြည့်ရှုချင်တယ်ဆိုရင်တော့ ဒီလင့်မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ။

 

ရိုးလူ (အခရာ)

www.akhayar.com
P
hoto Credit : www.abs-cbn.com